ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ရဟန်းမင်းကြီး၏သတင်းစကား

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ရဟန်းမင်းကြီး၏သတင်းစကား

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ရဟန်းမင်းကြီး၏သတင်းစကား
ဇန်နဝါရီလ ၁၊ ၂၀၂၀

ဇန်နဝါရီလ ၁ရက်နေ့သည် ဘုရား၏မယ်တော်ပွဲနေ့ နှင့် ၅၃ ကြိမ်မြောက် ကမ္ဘာငြိမ်းချမ်းရေးနေ့ဖြစ်ပါသည်။

၂၀၂၀ ခုနှစ် အတွက် ရဟန်းမင်းကြီး၏ ငြိမ်းချမ်းရေးသတင်းစကားတွင်

ငြိမ်းချမ်းရေးသည် ဂေဟစနစ်ပြောင်းလဲခြင်း၊ ပြန်လည်သင့်မြတ်ခြင်း၊ ရင်ကြားစေ့ရေး၊ တွေ့ဆုံဆွေးနွေးရေး နှင့် မျှော်လင့်ချက်တို့၏ခရီးစဉ်ဖြစ်ကြောင်း။

ကမ္ဘာကြီးငြိမ်းချမ်းဖို့ရန်အတွက် မျှော်လင့်ခြင်းသည် ရဟန်းမင်းကြီး၏နှလုံးသားတွင်တည်ရှိနေပြီး ၎င်းကိုအခြေခံကာ

ငြိမ်းချမ်းရေးသည်ကျွနုပ်တို့လူသားအားလုံးအတွက် အလွန်တန်ဖိုးကြီးသောအရာဖြစ်ပြီး မိသားစုတိုင်း၏မျှော်လင့ချက်လည်းဖြစ်ပါသည်။ ထိုတန်ဖိုးရှိသောအရာကို ရယူနိုင်ရန် မျှော်လင့်ခြင်းသည် အခက်အခဲအားလုံးကိုကျော်လွှားပြီး စိတ်အားတက်ကြွစေကာရှေ့သို့ရွှေ့လျားနေစေသည့် ကျေးဇူးတော်တစ်ပါးပင်ဖြစ်သည်။

တိုင်းပြည်တွင်းပြဿနာများ၊ တိုင်းပြည်တခုနှင့်တခု ပြင်းထန်စွာတိုက်ခိုက်သတ်ဖြတ်ကျသောပြသနာများသည် လူသားများ၏ခန္ဓာကိုယ်ကိုသာမက အတွင်းစိတ်နှလုံးများကိုပါဒဏ်ရာရစေပြီး၊ ယုံကြည်မှုကင်းမဲ့ခြင်း ကြောက်စိတ်စိုးရိမ်ပူပန်စိတ်များတိုးပွားစေကာ ငြိမ်းချမ်းရေးဆီသို့မည်သို့သောအခါမျှမရောက်နိုင်ဘဲ တိုက်ခိုက်ခြင်းသတ်ဖြတ်ခြင်းသံသရာထဲ၌သာ လည်ပတ်နေကြမည်ဖြစ်သည်။

ငြိမ်းချမ်းရေးသည် နက်ရှိုင်းသောလူ့နှလုံးသားမှထွက်ပေါ်လာရမည့်အရာဖြစ်ပြီး၊ နိုင်ငံရေးနည်းလမ်းများသည်လည်းငြိမ်းချမ်းရေးရရှိနိုင်ရန် ပြောင်းလဲပေးနေရမည် သို့မှသာ အဖွဲ့အစည်းများကြား၊ လူတဦးချင်းစီကြား၊ ပြန်လည်သင့်မြတ်မှုများညှိနှိုင်းဆွေးနွေးမှုများစသည့်တို့ကို အသစ်သောနည်းလမ်းများဖြင့်ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ငြိမ်းချမ်းရေးကို စိတ်ရှည်သည်းခံပြီးယုံကြည်နိုင်သောနည်းလမ်းများဖြင့် ဖော်ဆောင်ကြရမည်၊
သို့သော်လည်းငြိမ်းချမ်းခြင်းအပေါ်ထားရှိသည့် ကျနော်တို့ရဲ့မျှော်လင့်ချက်ကိုဘယ်သောအခါမျှမဆုံးရှုံးသင့်ပေ။

ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် သက်သေခံသူများ၊ ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းနေသူများသည် ချုပ်ကိုင်ချယ်လှယ်မှုများ၊ ချန်လှပ်ထားခြင်းများကိုဖယ်ရှားပြီး ပွင့်လင်းစွာညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ဖို့လိုကြောင်း၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုသည်စိတ်ပိုင်းဖြတ်အနစ်နာခံပြီးလုပ်ဆောင်ရမည့်လမ်းစဥ်ဖြစ်ကြောင်း နှင့် ကလဲ့စားချေခြင်းထက်၊ ငြိမ်းချမ်းမှုကိုလိုလားသောစိတ်ဓာတ်ပြင်းပြနေဖို့လိုအပ်ကြောင်း ထိုအရာကိုရယူရန် တစ်ဆင့်ပြီးတစ်ဆင့် လမ်းများဖွင့်ကာလုပ်ဆောင်ပြီး၊ တချိန်တည်းမှာပဲ ငြိမ်းချမ်းရေးအတွက်အနစ်နာခံခဲ့ကြသူများကိုသတိရကာ တရားမျှတမှုနဲ့အမှန်တရားကို စိတ်ရှည်သည်းခံစွာရှာဖွေလုပ်ဆောင်ဖို့လိုအပ်ကြောင်း ရဟန်းမင်းကြီး၏ငြိမ်းချမ်းရေးသတင်းစကားတွင် ဖော်ပြထားပါသည်။
https://bit.ly/2ZOKPyi
#rvamyanmarservice
Credit to Vatican News

Add new comment

1 + 0 =