ကမ္ဘာမြေကြီး၏ဂျူဗလီ

ကမ္ဘာမြေကြီး၏ဂျူဗလီ

ကမ္ဘာမြေကြီး၏ဂျူဗလီ

စက်တင်ဘာလ (၁) ရက်နေ့မှအောက်တိုဘာလ (၄) ရက်နေ့အထိ ကမ္ဘာတစ်၀ှမ်းမှခရစ်ယာန် များသည် ‘ဖန်ဆင်းခြင်းရာသီ’ ကိုအသွင်အမျိုးမျိုးဖြင့်မတူညီသောနေ့စွဲများသတ်မှတ်ကျင်းပကြမည်ဖြစ် သည်။ လွန်ခဲ့သောနှစ်များ၌ဥရောပအသင်းတော်များအဖွဲ့နှင့်ဥရောပကက်သလစ်ဆရာတော်ကြီးများအဖွဲ့ ချုပ်တို့သည် မိမိတို့၏ဘာသာတူများကိုခရစ်ယာန်တို့၏ယုံကြည်ခြင်းကိုထုတ်ဖော်သည့်အနေဖြင့်ဘုရားသ ခင်၏ဖန်ဆင်းခြင်းကိုကာကွယ်စောင့်ရှောက်သောလှုပ်ရှားမူများ၌အတူယှဉ်တွဲကျင်းပကြရန်တိုက်တွန်းနှိုး ဆော်ခဲ့ကြသည်။

ဖန်ဆင်းခြင်းသည်လူသားများအတွက်လက်ဆောင်မွန်တစ်ပါး

ဥရောပကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဌဖြစ်သော ကာဒီနယ် Angelo Bagnasco နှင့် ဥရောပခရစ်ယာန်အသင်းတော်အဖွဲ့ချုပ်၏ဥက္ကဌဖြစ်သော Rev. Christian Krieger တို့၏ပူတွဲထုတ်ပြန်ကြေ ငြာချက်တစ်ခု၌ ‘ဖန်ဆင်းခြင်းသည်လူသားများနှင့်သက်ရှိများအားလုံးအတွက်ဘုရားသခင်ပေးသော လက်ဆောင်မွန်ဖြစ်သည်။ ထို့ကြောင့်ကောင်းပြီး၊ ယုံကြည်စိတ်ချရသောဘဣာစိုး၊ ဘုရားသခင်၏အ စေခံအဖြစ်၄င်းကိုကာကွယ်ရန်တာ၀န်ရှိသည်။

ကျွန်ုပ်တို့၏ဘုံစံအိမ်ကိုကာကွယ်ရန်ရဟန်းမင်းကြီးဖရန်စစ်တိုက်တွန်း

ရဟန်းမင်းကြီးဖရန်စစ်၏ Laudato Si’စာချွန်တော်ထဲ၌ ‘ကျွန်ုပ်တို့၏ဘုံစံအိမ်ကိုအရေးတကြီးကာ ကွယ်ရန်လိုအပ်ကြောင်းစိန်ခေါ်ခံနေရကြောင်း၊ ထို့အတူလူသားမိသားစုကြီးအားလည်းရေရှည်တည်တံ့ရန် နှင့်အလုံးစုံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်လိုအပ်ကြောင်းကိုလည်းအသိရှိစေရန်လိုအပ်ကြောင်း၊ ယခု ဤကဲ့သို့လုပ်ဆော်နေခြင်းသည်အနာကမ္ဘာကိုကျွန်ုပ်တို့အဘယ်သို့ပုံဖော်ထုဆစ်နေကြောင်းကိုလည်းဆွေး နွေးမူပုံစံအသစ်ဖြင့်ပြုလုပ်ရန်’ ကိုလည်းရဟန်းမင်းကြီးဖရန်စစ်သည်အဆိုပါစာချွန်တော်၌ထည့်သွင်းဖော် ပြထားကြောင်းသုံးသပ်ပြထားသည်။ ‘ဘုရားသခင်သည်ဖန်ဆင်းခြင်း၌တည်ရှိနေကြောင်းကိုသန့်ရှင်း သော၀◌ိညာဉ်တော်ဘုရား၏အကူအညီဖြင့်ဆန်းစစ်ရန်လိုအပ်ကြောင်း၊ ဤဆန်းစစ်ချက်သည်လူသား များအားသဘာ၀နှင့်ပြန်လည်ကြေအေး၍ငြိမ်းချမ်းမူရရှိရေးကိုဦးတည်စေသည်’ ဟုဓမ္မတွေးခေါ်ပညာရှင် Jurgen Moltmann ၏ထောက်ရူချက်ကိုလည်းကိုးကားထားသည်။

ခရစ်ယာန်များစုပေါင်းဆုတောင်းဆောင်ရွက်သည့်နည်းလမ်းဖြင့်ဖော်ဆောင်ခြင်း

ဤလှုပ်ရှားမူကိုခရစ်ယာန်များစုပေါင်းဆုတောင်းဆောင်ရွက်သည့်နည်းလမ်းဖြင့်လုပ်ဆောင်ကြ ရန်အသားပေးတိုက်တွန်းထားပြီး၊ ဤကြေငြာချက်စာထဲ၌ လွန်ခဲ့သည့် (၁၉၈၉) ခုနှစ်က ခရစ်ယာန်များစု ပေါင်းလုပ်ဆောင်ကြရန်ဖိတ်ခေါ်သည့်စာပေးပို့ပေးခဲ့သည့် Patriarch Dimitrios I အားကျေးဇူးတင်ကြောင်း ၊ ထိုစဉ်ကတည်းကပင်ဥရောပကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်နှင့်ဥရောပခရစ်ယာန်အသင်းတော် များအဖွဲ့သည်ထိုဖိတ်ခေါ်ချက်ကို (၁၉၈၉) Basel ၌လည်းကောင်း၊ (၁၉၉၇) Graz ၌လည်းကောင်း၊ (၂၀၀၇) Sibiu ၌လည်းကောင်းလက်ခံအတည်ပြုခဲ့ပါကြောင်းလည်းဖော်ပြထားသည်။

ကိုဗစ် (၁၉) ကပ်ဆိုးကြီး

နှစ်စဉ်ကျင်းပလာခဲ့သောလှုပ်ရှားမူသည် ယခုနှစ်၌မူကမ္ဘာ့ကပ်ဆိုးကြီး၏ခြိမ်းခြောက်မူအောက်၌ အကျဉ်းချုံးလေးသာပြုလုပ်ရတော့မည်။ သာမန်အချိန်၌အထီးကျန်မူများရှိခဲ့သော်လည်းကိုရိုနာဗိုင်းရပ်စ် သည်ကြောင့်ကျွန်ုပ်တို့သည်အထီးမကျန်တော့။ ဤရောဂါသည်မည်သူ့ဆီ၊ မည်သည့်နေရာ၊ မည်သည့်အ ခြေအနေမျိုး၌မဆိုကူးစက်နိုင်သောကြောင့်အချင်းချင်းဂရုစိုက်လာကြသည်။ ကျန်းမာရေးသည်အလွန်ထိ ရှလွယ်ကြောင်းကိုလည်းသိလာကြသည့်အကြောင်း၊ ဤရေဂါကပ်ဆိုးကြောင့်ရလိုက်သောကောင်းကျိုးမှာ မည်သည့်အရာလုပ်သည်ဖြစ်စေ၊ သွားလာသည်ဖြစ်စေ၊ လုပ်ကိုင်သည်ဖြစ်စေသတိရှိရန်နှင့်ကမ္ဘာကြီးကို အမှီသဟဲပြု၍အသက်ရှင်သန်ရန်လိုအပ်ကြောင်းကိုသိရှိလာစေသည်။ ကမ္ဘာကြီးပျက်စီးရခြင်းနှင့်ရာသီဥ တုပြောင်းလဲပူနွေးလာသည့်အကြောင်းကိုစဉ်းစာမည်ဆိုလျှင်ဤအချက်သည်ပို၍အရေးပါလာကြောင်း ကြေငြာချက်စာထဲတွင်ဖော်ပြထားသည်။

ကမ္ဘာကြီးအတွက်ဂျူဗလီ (၀မ်းမြောက်ချိန်)

စာချွန်တော်၏အဆုံး၌ ခရစ်ယာန်များအားလုံးယခုနှစ် ‘ဖန်ဆင်းခြင်း၏ရာသီခွင်’ ပွဲကို ‘ကမ္ဘာကြီး အတွက်ဂျူဗလီ’ ခေါင်းစဉ်ဖြင့်ကျင်းပကြရန်တိုက်တွန်းထားသည်။ ‘ဂျူဗလီစကားလုံးသည် သမ္မာကျမ်းစာ ထဲမှအခြေခံထားပြီး၊ ဆိုလိုရင်းမျာလူမူရေး၊ စီးပွားရေး၊ သဘာ၀တရားများ၏ဖြစ်စဉ်များ၌တရားမျှတခြင်း နှင့်ချိန်ခွင်လျှာမျှစွာရေရှည်တည်တံ့ရန်လိုအပ်ကြောင်းဖွင့်ဆိုထားပြီး၊ သမ္မာကျမ်းစာ၌အခြေခံထားသော ဂျူဗလီ၏အနစ်သာရသည် အသက်ရှင်သန်မူစနစ်သည်ဘက်မျှအောင်ပြန်လည်ထိန်းညိုပေးရန်၊ မျှတမူလို အပ်ကြောင်း၊ တရားမျှခြင်းနှင့်ရေရှည်တည်တံ့ရန်မှာပရောဖက်ဉာဏ်နှင့်အနာဂါတ်၌ကောင်းကျိုး၊ ဆိုး ကျိုးအဘယ်သို့ကြုံတွေ့လာနိုင်ကြောင်းကိုမပြတ်ပြောဆိုထောက်မည့်သူလိုအပ်ကြောင်းထည့်သွင်းပြော ကြားပြီး၊ နိဂုံးချုပ်ထားပါသည်။

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3506lVg

Add new comment

3 + 1 =