ကမ္ဘာ့သာသနာပြု တနင်္ဂနွေနေ့

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေးလူး မေတ္တာ ရွတ်ဆိုခြင်း
ကမ္ဘာ့သာသနာပြု တနင်္ဂနွေနေ့
အောက်တိုဘာလ ၂၁၊ ၂၀၁၈

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေးလူး မေတ္တာ ရွတ်ဆိုခြင်းတွင် ကြွရောက်လာသော လူထုပရိသတ်​ကို
ကမ္ဘာ့သာသနာပြု တနင်္ဂနွေနေ့တွင် လူကြီးလူငယ် အားလုံးကို သာသနာပြုလုပ်ငန်းတွင် ပါဝင်ကြရန် ရဟန်းမင်းကြီးမှ ဖိတ်ခေါ်ခဲ့ပါသည်။
ငါတို့ဒီကမ္ဘာမှာ ရှိနေရခြင်းက ငါတို့ရွေးချယ်ခဲ့လို့မဟုတ်၊ အယောက်တိုင်းစီမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ရှိတယ်၊ ဒီကမ္ဘာပေါ်မှာ သာသနာပြုဖို့တည်ရှိနေကြခြင်ဖြစ်တယ်၊ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို ဝေမျှဖို့ တည်ရှိနေကြခြင်းဖြစ်တယ်၊ ဘုရားသခင်၌ အပြည့်အဝဆက်ကပ်မှုနှင့် သူ၏ လုပ်ငန်းစဉ်အတွက် လျှောက်လှမ်းနေခြင်းဟာ တို့ဘဝရဲ့ လမ်ညွန်မှုနဲ့ အနာဂတ်ပါပဲ။ လူငယ်တွေ သခင်ခရစ်တော်နှင့် အသင်းတော်ကို မကြောက်ကြပါနဲ့။ ဘာလို့လဲဆိုတော့ ဘဝရဲ့ အနှစ်သာရ နှင့်ပျော်ရွှင်မှုဟာ သခင်ခရစ်တော်၌ ​တွေရှိနိုင်လို့ပါ။ သခင်ခရစ်တော်နှင့်ပေါင်းစပ်နေထိုင်သူတွေကို နတ်ဆိုးက လောက ဂုဏ်ပကာ သန တပ်မက်ခြင်း မက်လုံးတွေပေးပြီး ဆွဲ​ဆောင်မယ်။ ဘာလို့လဲဆိုတော့ သခင်ခရစ်တော်နဲ့နေတဲ့သူတွေက သူတို့ဘဝကို အနစ်နာခံ နှိမ့်ချပြီး ကိုယ်ကျိုးမဖက် ဂုဏ်မမက်ဘဲ သခင်ခရစ်တော်ကဲ့သို့အစေခံသူတွေဖြစ်နေလို့ပါပဲ။ ငါနေရာမှာသာ သခင်ခရစ်တော်ဆိုရင် သူဘာလုပ်မလဲ။
သာသနာပြုခြင်းဆိုတာ ယုံကြည်ခြင်းကို လက်ဆင့်ကမ်းပေးခြင်းဖြစ်တယ်၊ ဝေမျှခြင်းဖြစ်တယ်၊ ဆေးကြေားခြင်မင်္ဂလာခံယူထားသူတိုင်း သာသနာပြုတွေဖြစ်တယ် ၊ ဘုရားပေးတာဝန်ဖြစ်တယ်၊ သာသနာပြုခြင်းဟာ ကြီးတဲ့ မျိုးဆက်ကနေ ငယ်တဲ့မျိုးဆက်စီကို ယုံကြည်ခြင်း လက်ဆင့်ကမ်းပေးခြင်းပါပဲ။ အဲ့ဒီမတူညီတဲ့မျိုးဆက်နှစ်ခုကြားမှာ တံတာထိုးပြီး စည်းလုံးစေခြင်းပါပဲ။
ကက်သလစ်သာသနာတော်ရဲ့ သာသနာပြုကြခြင်း​ဟာ ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု့၊ စိတ်အားထက်သန်မှု ဘဝအဓိပ္ပါယ်တွေကို ပြည့်စုံစွာဖော်ထုတ်ပေးသော ချစ်ခြင်မေတ္တာ ကူးစက်စေခြင်းပါ။ ယုံကြည်ခြင်းဖြန့်စေခြင်းဆိုတာ ချစ်ခြင်း​မေတ္တာ ဖြင့်ဖွင့်ဟထားသော နှလုံးသား​တွေအတွက်ပါ၊ သင့်ဘဝကို သင်တကယ် ဆက်ကပ်ပူဇော်တတ်မ​ယ်ဆိုရင် လောကမှာ ဘာမှပေးစရာမရှိလောက်အောင်ဆင်ရဲတဲ့သူမရှိပါဘူး ဟု ရဟန်းမင်းကြီးက သူ၏ ကမ္ဘာ့သာသနာပြု တနင်္ဂနွေနေ့ သဝဏ်လွှာတွင်ဖော်ပြခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2018-10/pope-francis-angelus-world-mission-sunday.html

#missionsunday, #angelus, #pope, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

3 + 10 =