ကမ္ဘာမိသားစုများတွေဆုံပွဲ မတိုင်မီ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် video ဖြင့် သတင်းစကားကြိုတင်ပေးပို့ခြင်း

ကမ္ဘာမိသားစုများတွေဆုံပွဲ မတိုင်မီ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် video ဖြင့် သတင်းစကားကြိုတင်ပေးပို့ခြင်း

August 21, 2018
https://www.vaticannews.va/en/pope/news/2018-08/apostolic-journey-ireland-pope-francis-video-message.html#play

#pope, #family, #dublin, #phoenix, #irelnad, #peterkm
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

ချစ်လှစွာသော ဓမ္မ မိတ်​ဆွေတို့ မကြာမီ ရက်ပိုင်းအတွင်း ကမ္ဘာမိသားစုများတွေ့ဆုံပွဲသို့ ကျွနု​ပ်ကြွရောက်မည့် ဖြစ်သလို ကြိုတင်ပြီး အိုင်းရစ် လူမျိုးများကို ဦးစွာပထမ လှိုက်လှဲ
ွကြိုတင်နုတ်ဆက်လိုက်ပါသည်။

ကျွနု​ပ်လည်းပဲ သင်တို့လို စိတ်လှုပ်ရှားနေပါသည်။ သင်တို့သိကြသည့်အတိုင်းပင် ​ကမ္ဘာမိသားစုများတွေ့ဆုံခြင်းပွဲသည် မိသားစုများအတွက် လှပသော ဘုရား၏ စီမံကိန်းဖြစ်ပါသည်။

တဆက်တည်းမှာပင် ​ကမ္ဘာအရပ်ရပ်မှ မိသားစုများ အချင်းချင်းတွေ့ဆုံရန် ​​အခွင့်အရေးလည်းဖြစ်သကဲ့သို့ မိမိတို့၏ မိသားစုဘဝ ခေါ်တော်မှုခြင်းကို အသက်ရှင်သန်နေထိုင်မှုကို အပြန်အလှန် ​ထောက်ပံ့ကူညီကြရန်လည်ဖြစ်ပါသည်။

သင်တို့သိကြသည့်အတိုင်း ယနေ့ခေတ်မိသားစုများသည်
အပြန်အလှန်သစ္စာရှိသော ချစ်ခြင်မေတ္တာ ကိုဖော်ဆောင်နေကြခြင်း၊ ကလေးသူငယ်များကို လူဂုဏ်သိက္ခာနှင်အညီပြုစုပျိုးထောင်းခြင်း၊ ရင့်ကျက်ခြင်း၊ ချစ်ခြင်း​မေတ္တာ၊ ကြီးမားကောင်းမွန်သော လူအသိုင်းအဝိုင်း တစ်​ခုကိုတည်ဆောက်ခြင်းတို့၌ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေကြရပါသည်။
ယခုကျင်းပသော ကမ္ဘာမိသားစုများတွေဆုံပွဲသည် အထူးသဖြင့် Dublin မှာရှိကြသော မိသားစုများနှင့် ကမ္ဘာပေါ်ရှိမိသားစုများအားလုံးအတွက် ခွန်အားသစ်များရရှိစေမည့် အခွင့်အရေးတခုအဖြစ်ကျွန်ုပ်မျှော်လင့်ပါသည်။
လူငယ်များအတွက် ကောင်းမွန်သော အနာဂတ်ကိုတည်ဆောက်ပေးခြင်နှင့် မိသားစုသည် လူအဖွဲ့အစည်း၏ အရေးကြီးသော အရာအဖြစ် သတိပေး နေပါသည်။ လူငယ်များသည် ကျွနု​ပ်တို့၏ အနာဂတ်ဖြစ်ပါသည်၊ အနာဂတ်အတွက် လူငယ်များကိုပြုပြင်ပေးခြင်းသည် အရေးကြီးသော အလုပ်တစ်​ခုဖြစ်ပါသည်။ ယနေ့ခေတ်လူငယ်တွေနှင့်
အဘိုးအဘွားတွေကြား အတိတ်ကရရှိခဲ့သော အတွေ့အကြုံများကိုအခြေခံပြီး အနာဂတ်အရေးကောင်းမွန်ဖို့ရန် ယခု လက်ရှိအချိန်မှာ လူငယ်များကို အကောင်းမွန်ဆုံးပြုပြင်ပေးကြရပါမည်။ ဤအရာသည် အင်​မတန်​ အရေးကြီးလှ သည်။
Ireland နိုင်ငံ ကမ္ဘာမိသားစုများတွေဆုံပွဲ ကျွန်ု​ပ်ကြွရောက်လာရခြင်း၏ အဓိကရည်ရွယ်ချက်သည် အိုင်းရစ် မိသားစုများအားလုံးကို ပွေ့ဖက်နုတ်​ဆက်လို၍ဖြစ်ပါသည်။ မိသားစုတိုင်းအတွက် ဘုရားသခင်၏ အလိုတော်ဖြစ်သော တည်တန့်သော ငြိမ်းချမ်းခြင်းအမှတ်လက္ခဏာအဖြစ်
သင်တို့ပိုမိုစည်းလုံးကြရန်၊ သခင်ခရစ်တော်၏ နောက်လိုက်များ တစ်​ဦးနှင့်တစ်​ဦး သင့်မြတ်ကြရန် ကျွနု​ပ် တထူးတခြားဆုတောင်းပေးလိုက်ပါသည်။
ကျွနု​ပ်ကြလာမည့်အရေးအတွက် ပြင်ဆင်ြ​ခင်းများ၌ သင်တို့တက်ကြွစွာလုပ်ဆောင်နေကြမည်ကို ကျွန်ုပ်သိပါသည်။ ထို့အတွက် ကျွန်ုပ်အားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ပါသည်။ ယခု ကမ္ဘာမိသားစုများတွေ့ဆုံခြင်းအဖြစ်ပျက်သည် မိသားစုတိုင်းအတွက်၊ အမှန်တရားအတွက်၊ ဘုရား၏သားသမီးဖြစ်သော ကျွန်ု​ပ်တို့အားလုံးအတွက် သခင်ခရစ်တော်၏ နူးညံ့သိမ်မွေသော ချစ်ခြင်းမေတ္တာမှဆင်းသက်လာသော တည်ငြိမ်အေးချမ်းမှု၊ နှစ်လိုဖွယ်အချိန်ြ​ဖစ်ဖို့ရန်အတွက်
အားလုံးကိုကျွနု​ပ်ဆုတောင်းစေချင်​ပါသည်။
ကျွန်ုပ်​​၏ ဆုတောင်းပေးနေမှု အားဖြင့်သင်တို့နှင့်အတူရှိနေပါမည်၊ ကျွန်ုပ်​​အတွက်လည်းဆုတောင်းပေးကြရန် တောင်းဆိုပါသည်၊
ကျွနု​ပ်နှလုံးသားမှ သင်တို့ကို ခမည်းတော်၊ သားတော် သန်းရှင်းသော ဝိညာဉ်တော်မြတ်၌ ကောင်းကြီးမင်္ဂလာ ပေးပါသည်။
ဘုရားသခင် သင်တို့ကို ကောင်းကြီးပေးပါစေ။

Add new comment

9 + 10 =