ကင်မရွန်းနိုင်ငံတွင် ကက်သလစ်ဘုန်းတော်ကြီးတပါး ပစ်သတ်ခံရ

ကင်မရွန်းနိုင်ငံ အနောက်တောင်းပိုင်းတွင် ခွဲထွက်ရေးသမားများနှင့် စစ်တပ်တို့ အပြင်းအထန်တိုက်ပွဲများ
ကင်မရွန်းနိုင်ငံတွင် ကက်သလစ်ဘုန်းတော်ကြီးတပါး ပစ်သတ်ခံရ
နိုဝင်ဘာလ ၂၂၊ ၂၀၁၈

ကင်မရွန်းနိုင်ငံ အနောက်တောင်းပိုင်းတွင် ခွဲထွက်ရေးသမားများနှင့် စစ်တပ်တို့ အပြင်းအထန်တိုက်ပွဲများဖြစ်ပွားမှုတွင် ကင်မရွန်းနိုင်ငံ အနောက်တောင်းပိုင်းKembong ရွာလေးရှိ စိန့်မာတင်း သာသနာအုပ်စုတွင် လက်ထောက်ကျောင်းထိုင်အဖြစ်တာဝန်ထမ်းဆောင်နေသော ကင်ညှာ နိုင်ငံသား Mill Hill သာသနာပြု ဘုန်းတော်ကြီး Cosmas Ombato နှင့်အတူ ရာနှင့်ချီသောလူများ အသတ်ခံရပြီး လူအမြောက်အများထွက်ပြေးတိမ်းရှောင်နေကြရပါသည်။

တောင်အာဖရိက နိုင်ငံများရှိ အနောင်တောင်ဒေသနှင့် အနောက်မြောက်ဒေသတို့တွင် စစ်တပ်နှင့် ခွဲထွက်ရေးသမားတို့ တလကျော်ကြာ တိုက်ပွဲဖြစ်ပွားနေခဲ့ကြကြောင်း၊

ပြီးခဲ့သော အောက်တိုဘာလ အတွင်းကလည်း ယင်း အနောက်မြောက်ဒေသတွင် ကျောင်းဆရာတဦး ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြောင်း၊ အမေရိကန် ဘတ္တ်ပတစ်စ် သင်းအုပ်ဆရာတစ်ဦးလည်း အသတ်ခံရကြောင်း၊

၂၀၁၇ ခု နှစ်ကလည်း ကင်ညှာ နိုင်ငံသားသာသနာပြု တစ်ဦး ယင်းအနောက်မြောက်ဒေသ Buea တွင် သတ်ခံခဲ့ရဖူးကြောင်း၊

ယခုလက်ရှိအခြေအနေတွင် အရပ်သား ၄၀၀ ကျော်သေဆုံးခဲ့ပြီး လုံခြုံ ရေးဝန်ထမ်း ၁၇၅ ဦးသေဆုံးခဲ့ပြီး လူပေါင်း သုံးသိန်းခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊
ဗာတီကန်သတင်းဌာနမှ ဖော်ပြချက်ကို ကောင်နှုတ်ဖော်ပြပါသည်။

https://www.vaticannews.va/en/church/news/2018-11/cameroon-priest-violence-dead.html

#kill, #priest, #Cameroon, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

3 + 0 =