ကက်သလစ် သာသနာပြုဘုန်းတော်ကြီးတစ်​ပါးနှင့် စစ္စတာ တါ်ပါး ပြန်ပေးဆွဲခံရ

Society of African Mission (SAM)

ကက်သလစ် သာသနာပြုဘုန်းတော်ကြီးတစ်​ပါးနှင့် စစ္စတာ တါ်ပါး ပြန်ပေးဆွဲခံရ
စက်တင်ဘာလ ၁၈၊ ၂၀၁၈

ပြန်ပေးဆွဲခံရသော ဘုန်းတော်ကြီးနှင့် နယ်ခံ စစ္စတာတို့အတွက် ဆုတောင်းပေးကြရန် မေတ္တာ ရပ်ခံအပ်ပါသည်။

တောင်အာဖရိက နိုင်ငံ Niger တွင် သာသနာပြု ဘုန်းတော်ကြီး Pierluigi Maccalli အား ဂျီဟတ် အစွန်းရောက်အဖွဲ့မှ ပြန် ​​ပေးဆွဲ၍ ဖမ်းစီးခေါ်ဆောင်သွားကြောင်း ဗာတီကန်​သတင်​းမှာ ​ဖော်​ပြထားသည်​။
Niger အစိုးရမှ ယခုတစ်​ကြိမ် ပြန်​​ပေးဆွဲခြင်း​​သည်တောင်အာဖရိကတွင် တစ်​နှစ်အတွင်း ဒုတိယအကြိမ်မြောက်ဥရောပသား ပြန်ပေးဆွဲခံရမှုဖြစ်ကြောင်းပြောကြားခဲ့သည်​။
Pierluigi Maccalli သည်
အီတလီနိုင်ငံမြောက်ပိုင်း Crema မြို့မှ ဖြစ်ပြီး အရင်က အိုင်ဗရီကိုစ့် တွင်သာသနာပြုတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။​​​Niamey သာသနာ Bomoanga ဇုံနယ်သို့မပြောင်းရွေ့မှီ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြောင်း သိရပါသည်။
မျက်မြင်သက်သေတစ်​ဦး၏ အဆိုအရ အသက် ၅၇ အရွယ် အီတလီလူမျိုး သာသနာပြု ဘုန်းတော်ကြီး Pierluigi Maccalli နှင့်အတူ နယ်ခံ စစ္စတာ တစ်​ပါးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖော်ပြထားပါသည်။
Mali နှင့် Burkina Faso ဒေသတို့သည် အစ္စလမ်စ်နိုင်ငံတော်အဖွဲ့၊ အဲလ်ကိုက်ဒါး အဖွဲ့ နှင့် ဂျီဟတ် တို့နှင့် ဆက်သွယ်ရှိသောသူ၏ရန်မှ ခုခံတွန်းလှန်နေရသောဒေသဖြစ်ကြောင်းကိုလည်ပြောပြခဲ့ပါသည်။

Society of African Mission (SAM) သာသနာပြုအဖွဲ့သည် တစ်​ကမ္ဘာလုံးဆိုင်ရာ ကက်သလစ် ခရစ်ယာန် သာသနာပြုအဖွဲ့အစည်းဖြစ်ပြီး အာဖရိကတွင် အဓိက သာသနာပြုနေသောအဖွဲ့အစည်းတစ်ခုလည်​းဖြစ်​​ပေသည်။
ဗာတီကန်သတင်းဌာနမှ ကောက်နုတ်​ေ​ဖာ်ပြလိုက်ပါသည်။

https://www.vaticannews.va/en/church/news/2018-09/niger-priest-kidnapped...

#kidnapped, #africk, #jihadist, #priest, #sister, #vatican, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

4 + 1 =