‘သင်တို့လာ၍ကြည့်ကြလော့’

 ‘သင်တို့လာ၍ကြည့်ကြလော့’

 ‘သင်တို့လာ၍ကြည့်ကြလော့’

(၂၀၂၁) ခုနှစ် ကမ္ဘာ့ဆက်သွယ်ရေးနေ့၏ခေါင်းစဉ်အဖြစ် ‘သင်တို့လာ၍ကြည့်ကြလော့’ ဟုသည့် သံယောဟန် (၁း၄၆) မှကျမ်းချက်ကိုရွေးချယ်ထားသည်။ လာမည့်နှစ်သည် (၅၅) ကြိမ်မြောက်ကမ္ဘာ့လူထုဆက်သွယ်ရေးနေ့နှစ်ပတ် လည်နှစ်လည်းဖြစ်သည်။

ထိုနေ့အတွက်သ၀တ်လွှာကိုယခုပတ်အဂ်ါနေ့ကထုတ်ပြန်လိုက်သည်။ ‘လာ၍ကြည့်ကြလော့’ ဟုဖိတ်ခေါ်ချက်သည် ဧ၀ဂေလိကျမ်း၏ဗဟိုချက်မဖြစ်သည်။ ဤဧ၀ဂေလိတရားကိုမကြေ ငြာမီက ‘ရှာဖွေခြင်း၊ သက်သေခံခြင်း၊ ကြုံတွေ့ခြင်း၊ ဆုံဆည်းခြင်း၊ အနေနီးခြင်းစသည့်အဖြစ်အပျက်များဖြစ်ပျက်ခဲ့သည်။ ဤကျမ်းချက်ကိုရဟန်းမင်းကြီးဖရန်စစ်ကရွေးချယ်ခဲ့သည်။

ဤကျမ်းချက်နှင့်အတူ မည်သည့်နေရာ၌မဆိုရှိနေသောလူ သားများအား ‘ဆက်သွယ်ပေးခြင်း၊ အားပေးနှစ်သိမ့်ခြင်းပေးပါ’ ဟူသောစကားစုကိုဖြည့်စွပ်ခဲ့သည်။ သ၀တ်လွှာပါသတင်းစကားကား ‘ပြောင်းလဲနေသောကာလ၌ ကျွန်ုပ်တို့သည် ကူးစက်ရောဂါဆိုးကြောင့်တစ်ဦး နှင့်တစ်ဦးခွာ၍နေနေကြရသည်။

ထို့ကြောင့်လူထုဆက်သွယ်ရေးသည် မဖြစ်မနေနီးစပ်ရမည့်အခြေအနေ၌ ေ၀◌းကွာ နေသောကျွန်ုပ်တို့ကိုနီးစပ်အောင်ပြုလုပ်ပေးပါသည်။ သို့သော်အသုံးပြုသောအရာများ၏ဦးတည်ချက်အမှန်ကိုသိနားလည် ရန်လိုသည်။ ကျွန်ုပ်တို့မကြုံတွေ့ဖူးလျှင်မသိကြ။

လူများနှင့်တွေ့ဆုံခြင်းမပြုပါကလည်း ၄င်းတို့၏ပျော်ရွှင်မူ၊ ၀မ်းနည်းမူတို့ ၌လည်း‌ေ၀မျှခံစားခြင်းမရှိပေ။ ရှေးဟောင်းအဆိုအမိန့်တစ်ခု၌ ‘ဘုရားသခင်သည် သင့်ရှိနေသည့်နေရာ၌လာရောက်ဆုံ တွေ့သည်’ ဟုဖြစ်သည်။ ဤအဆိုသည်သာသနာအတွင်း၌ လူထုဆက်သွယ်ရေးလုပ်ငန်းများလုပ်ဆောင်နေသူများအတွက် အလွန်ကောင်းသောလမ်းညွှန်ချက်ဆောင်ပုဒ်လည်းဖြစ်နိုင်သည်။

ယေဇူးသခင်၏ပထမဦးဆုံးဆင့်ခေါ်ခံရသောတပည့် တော်ကြီးများ၏ဘ၀၌ ယေဇူးသခင်ရှိရာသို့သွားရောက်တွေ့ဆုံခဲ့သည်။ ထို့နောက်သူ့နောက်လိုက်ရန်ဖိတ်ခေါ်လိုက်သည်။ ကျွန်ုပ်တို့လည်းခေတ်မှီသောလူထုဆက်သွယ်ရေးနည်းပညာကိုနည်းလမ်းအစုံစုံဖြင့်သုံးစွဲရန်ဖိတ်ခေါ်ခံနေရပါသည်။ ဤ နည်းအားဖြင့်လူများရှိသောမည်သည့်နေရာသို့မဆိုရောက်ရှိသွားနိုင်သည်’ ဟုသတင်းစကားပါးထားပါသည်။

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3l7wgPP

Add new comment

13 + 6 =