(၂၅.၀၇.၂၀၂၁) ရဟန်းမင်းကြီးဖရန်စစ်၏ ပထမဆုံးအကြိမ်သတ်မှတ်ကျင်းပသော ‘ကမ္ဘာ့အဖိုးအဖွားများနှင့်သက်ကြီး ရွယ်အိုများနေ့’ အတွက် မဂ်လာသတင်းစကား

 (၂၅.၀၇.၂၀၂၁) ရဟန်းမင်းကြီးဖရန်စစ်၏ ပထမဆုံးအကြိမ်သတ်မှတ်ကျင်းပသော ‘ကမ္ဘာ့အဖိုးအဖွားများနှင့်သက်ကြီး ရွယ်အိုများနေ့’ အတွက် မဂ်လာသတင်းစကား

 (၂၅.၀၇.၂၀၂၁) ရဟန်းမင်းကြီးဖရန်စစ်၏ ပထမဆုံးအကြိမ်သတ်မှတ်ကျင်းပသော ‘ကမ္ဘာ့အဖိုးအဖွားများနှင့်သက်ကြီး ရွယ်အိုများနေ့’ အတွက် မဂ်လာသတင်းစကား

‘ငါသည်သင်တို့နှင့်အတူရှိနေမည်’

ချစ်ခင်လေးစားရပါသော အဖိုးအဖွားနှင့်သက်ကြီးရွယ်အိုများခင်များ

            ‘ငါသည်သင်တို့နှင့်အတူအစဉ်ရှိမည်။’ (သံမာတေဦး ၂၈း၂၀) ဤကျမ်းစကားသည် ယေဇူးသခင်ရှင်ပြန်ထ မြောက်ပြီးနောက် ကောင်းကင်ဘုံသို့တက်ကြွမသွားမီ သူ၏တပည့်တော်ကြီးများအားမိန့်ကြားခဲ့သော ကတိစကားဖြစ် သည်။ ဤစကားကို ယေဇူးသခင်သည် ယနေ့ သင်တို့ (အဖိုးအဖွားနှင့်သက်ကြီးရွယ်အိုများ) အားထပ်မံမိန့်ကြားလျှက် ရှိပါသည်။ ‘ကျွန်ုပ်သည် သင်တို့နှင့်အတူအစဉ်ရှိနေမည်’ ဟုလည်း ရောမသာသနာပိုင်အနေဖြင့်လည်းကောင်း၊ သင်တို့ ကဲ့သို့သက်ကြီးရွယ်အိုတစ်ဦးအနေဖြင့်လည်းကောင်း ယနေ့ ပထမဆုံးအကြိမ်ကျင်းပသော ‘ကမ္ဘာ့အဖိုးအဖွားများနေ့နှင့် သက်ကြီးရွယ်အိုများနေ့’ ၌သင်တို့ကိုမိန့်ကြားပါသည်။ အမိသာသနာတော်ကြီးသည် သင်တို့၊ ကျွန်ုပ်တို့၏အနီးအပါး၌ရှိ နေပါသည်။ သင်တို့ကိုဂရုစိုက်စောင့်ရှောက်နေပါသည်။ သင်တို့ကိုချစ်ပါသည်။ သင်တို့ကိုအထီးကျန်အောင်မချန်ထားလို ပေ။    

            ယခုကျွန်ုပ်၏နှုတ်ခွန်းဆက်သ၀တ်လွှာသည် သင်တို့အတွက်အလွန်ခက်ခဲသောအချိန်၌ မြွတ်ကြားနေရသည်ကို ကျွန်ုပ်သတိထားမိပါသည်။ အဘယ်ကြောင့်နည်း။ မျှော်လင့်မထားသော အလွန်ပြင်းထန်သည့်မုန်တိုင်း ကြီးနှင့်တူသော ကိုးဗစ်ကပ်ရောဂါဆိုးကြောင့်ဖြစ်ပါသည်။ အားလုံးအတွက် စုံစမ်းမှုကိုခံနေရသောအချိန်ဖြစ်ပါသည်။ အထူးသဖြင့် ကျွန်ုပ်တို့ကဲ့သို့ သက်ကြီးရွယ်အိုများအတွက်ဖြစ်ပါသည်။ ကျွန်ုပ်တို့အတော်များများသည် နေထိုင်မကောင်းဖြစ်ခဲ့ကြ သည်။ အချို့သည် လောကကြီးမှထွက်ခွာသွားခဲ့ကြပြီ။ အချို့သည် ခင်ပွန်းကွယ်လွန်သွားသူများ၊ ချစ်သူခင်သူများဆုံး ပါးသွားခြင်းများကိုကြုံတွေ့ခဲ့ကြရသည်။ အသက်မသေသော်လည်း အထီးကျန်နေကြသူများ၊ အချို့သည် အချိန်ကြာ မြင့်စွာ တစ်ဦးတည်းနေထိုင်လာခဲ့ရသူများလည်းရှိသည်။

            ကျွန်ုပ်တို့အားလုံး ဤသို့သော်အခြေအနေမျိုး၌ ရှင်သန်နေသည်ကို ယေဇူးသခင်သည်သိနေသည်။ ယေဇူးသခင် သည် အထီးကျန်ခံစားနေသူတို့၏အပါး၌ရှိနေသည်။ ယခင်ကထက်ယခု ကပ်ရောဂါဆိုးကာလ၌ အထီးကျန်မှုကို ပို၍ ပြင်းထန်စွာခံစားရသည်။ ထုံးတမ်းစဉ်လာအရ ယေဇူးသခင်၏အဖိုးဖြစ်သော စိန့်ဂျော်ကင်းမ်သည်လည်း အသက်အရွယ် ကြီးလာသောအခါ သူ၏ပတ်၀န်းကျင်နှင့်အနေစိမ်းချင်သကဲ့သို့ခံစားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူ၌သားသမီးမ ထွန်းကားသောကြောင့်ဖြစ်သည်။ ထို့အတူ သူ၏ဇနီးစိန့်အာနားလည်းခံစားရသည်။ ဘာမျှမသုံးမကျဟုလည်းခံစားခဲ့ကြ ရသည်။ ထိုသို့စိတ်ဖိစီးခံစားနေရချိန်၌ ဘုရားသခင်သည် သူ၏သိကြားတမန်တစ်ပါးကိုစေလွှတ်၍ သူတို့အားနှစ်သိမ့်စေ ခဲ့သည်။ စိန့်ဂျော်ကင်းမ်သည် စိတ်မရွှင်မပြဖြင့် မြို့ပြင်တံခါး၌ ငေးကြည့်နေစဉ် ဘုရားသခင်၏သိကြားတမန်သည်သူ့ထံ ပေါ်လာ၍ ‘ဂျော်ကင်းမ်၊ ‌ဂျော်ကင်းမ်၊ သင့်အဆက်မပြတ်ဆုတောင်းသံကို ဘုရားသခင်ကြားတော်မူပြီ’ ဟုမိန့်လေ၏။

            ဘ၀၏အမှောင်ဆုံးအချိန်၌ ယခုကြုံတွေ့နေရသော ကပ်ရောဂါဆိုးကျရောက်နေသည့်အခြေအနေမျိုး၌ ဘုရား သခင်သည် သူ၏သိကြားတမန်ကိုစေလွှတ်၍ ကျွန်ုပ်တို့ကိုအားပေးနှစ်သိမ့်သည်။ ‘ငါသည်သင်တို့နှင့်အတူအစဉ်ရှိမည်’ ဟုအသိပေးနေသည်။ ဤအချက်ကိုယေဇူးသခင်သည် ဤမိန့်ကြားချက်ကိုသင့်နှင့်ကျွန်ုပ်ကိုမိန့်နေပါသည်။ ဤမိန့်ကြားချက် သည် ယနေ့ကဲ့သို့သောအခြေအနေမျိုးကိုညွှန်းဆိုလိုခြင်းဖြစ်သည်။ ဤ ‘အဖိုးအဖွားများနှင့်သက်ကြီးရွယ်အိုများပွဲနေ့’ ကို အထူးသဖြင့်ယခုနှစ်၌ ကျင်းပရန်အလွန်ဆန္ဒကြီးနေခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ဘယ်မှမသွားမလာနိုင်ဘဲ  တစ်ဦးတည်းဖြစ်စေ၊ တစ်မိသားစုတည်းဖြစ်စေ နေထိုင်ခဲ့ရသောအချိန်အလွန်ကြာပြီဖြစ်သည်။ ယခင်သွားသွားလာလာ လုပ်ခဲ့သည့်အ အခြေအနေမျိုးပြန်လည်ရောက်ရရှိစေချင်သည်။ အထူးသဖြင့် ကျွန်ုပ်တို့အလယ်၌ရှိသော အထီးကျန်နေ သည့်အဖိုးအဖွားတိုင်း၊ သက်ကြီးရွယ်အိုတိုင်းအတွက် ဘုရားသခင်၏သိကြားတမန်တော်ကြွရောက်လည်ပတ်စေလို ပါသည်။  

            များသောအားဖြင့် ထိုသိကြားတမန်များသည် ကျွန်ုပ်တို့မြေးမြစ်များ၊ ကျွန်ုပ်တို့မိသားစု၀င်များ၊ အလွန်ခင်မင်ခဲ့ရ သောသူငယ်ချင်းများ၊ သို့မဟုတ် ဤကာလအတောအတွင်း၌သာသိကျွမ်းရင်းနှီးရသူများ၏ မျက်နှာသွင်ပြင်ကိုဆောင် ထားတတ်သည်။ တစ်ခါတစ်ရံ ရင်းရင်းနှီးနှီးတွေ့ဆုံနုတ်ဆက်ခြင်းများမှလည်း သိကြားတမန်တို့၏ကြွရောက်လည်ပတ် ခြင်းကိုခံရလေ့ရှိသည်။ အထက်ကဆိုခဲ့သောအခြေအနေကိုဖန်တီးပေးရန် မဖြစ်နိုင်ဟုပြောဆိုနေကြသူများ၊ ကြိုးစားရန် ပျက်ကွက်နေကြသူများအတွက် အလွန်စိတ်မကောင်းဖြစ်ရပါသည်။  

            ဘုရားသခင်သည် သူ၏နှုတ်တော်ထွက်စကားအားဖြင့်လည်း သူ၏သိကြားတမန်တော်ကို ကျွန်ုပ်တို့ဆီသို့စေ လွှတ်လေ့ရှိသည်။ ဘုရားသခင်၏နှုတ်တော်ထွက်စကားသည် ကျွန်ုပ်တို့၏လက်တစ်ကမ်းတွင်ရှိနေပါသည်။ နေ့စဉ် ဧ၀ံဂေလိကျမ်းစားတစ်ပိုဒ်ကိုဖတ်နိုင်အောင်ကြိုးစားစို့။ ဆာလံကျမ်းနှင့်အတူဆုတောင်းစို့။ ပရောဖက်ကျမ်းများကိုလည်း ချန်မထားမိစေပါနှင့်။ ကျမ်းစာများကိုဖတ်ရူခြင်းဖြင့် ဘုရားသခင်သည် အခက်အခဲကြား၌ အဘယ်သို့အားပေးလျှက်ရှိ ကြောင်း၊ အဘယ်မျှသစ္စာရှိကြောင်းသိလာမည်။ သမ္မာကျမ်းစာအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့၏နေ့စဉ်အသက် တာ၌ မည်သည့်အရာကိုတောင်းဆိုသည်ကိုလည်းသိလာပေမည်။ တစ်နေ့တာ၏ အချိန်တိုင်း၌ (သံမာတေဦး ၂၀း၁-၁၆) နှင့်ဘ၀၏အခြေအနေတိုင်း၌ ဘုရားသခင်သည် သူ၏ယာခင်းသို့လုပ်သားများကိုစေလွှတ်လျှက်ရှိသည်။ ကျွန်ုပ် သည်ရောမသာသနာပိုင်အဖြစ်ရွေးကောက်ခံရချိန်၌ (ရဟန်းမင်းကြီးအဖြစ်) ကျွန်ုပ်သည် အနားယူရမည့်အသက်အရွယ် သို့ပင်ရောက်ရှိနေပြီ။ ကျွန်ုပ်အနေဖြင့် မည်သည့်အသစ်အဆန်းများ လုပ်ဆောင်နိုင်‌တော့မည်မဟုတ်ပါ။ သို့သော် ဘုရား သခင်သည် အစဉ် ကျွန်ုပ်တို့နှင့်အတူရှိနေသည်။ သူသည် အခွင့်အရေးသစ်များ၊ အတွေးအခေါ်သစ်များ၊ နှစ်သိမ့်အားပေး မူအသစ်ဖြင့် ကျွန်ုပ်တို့အပါး၌ရှိနေသည်။ သင်တို့သိကြသည့်အတိုင်း ဘုရားသခင်သည် ထာ၀ရဖြစ်သည်။ ဘုရားသခင် သည်ဘယ်တော့မှ အနားယူသွားမည်မဟုတ်ပေ။     

            သံမာတေဦး၏ ဧ၀ံဂေလိကျမ်းစာတော်၌ ယေဇူးသခင်မှတမန်တော်တို့အား ‘သင်တို့သည် သွားကြ၍ လူမျိုးတ ကာတို့ကိုငါ၏တပည့်များဖြစ်စေကြလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော၀ိညာဉ်တော်၏နာမတော်မြတ်၌ သူတို့ကိုဆေးကြောကြလော့’ ဟုမိန့်တော်မူ၏။ (သံမာတေဦး ၂၈း၁၉-၂၀) ယေဇူးသခင်သည် ဤစကားစုကို ယနေ့ ကျွန်ုပ်တို့အားမိန့်ကြားနေပါသည်။ ဤကျမ်းထွက်စကားသည် ကျွန်ုပ်တို့၏ဇစ်မြစ်ကိုမမေ့ရန်အသိပေးနေသည်။ ထို့အတူဆက်လက်၍ ယုံကြည်ခြင်းမျိုးစေ့ကို မျိုးဆက်သစ်တို့အား လက်ဆင့်ကမ်းပေးရန်၊ ထို့အတူအသိမ်ငယ်ဆုံးသောသူတို့ ကိုလည်းစောင့်ရှောက်ပေးရမည်။ မေ့လျော့၍မရ။   

            သင်တို့အသက်အရွယ် အဘယ်မျှကြီးကြီး၊ သင်အလုပ်နိုင်သည်ဖြစ်စေ၊ မလုပ်နိုင်သည်ဖြစ်စေ၊ သင်တစ်ကိုယ် တည်းဖြစ်စေ၊ မိသားစုနှင့်ဖြစ်စေ၊ သင်သည် ငယ်ငယ်ရွယ်ရွယ်ဖြင့် အဖိုးအဖွားဖြစ်လာသည်ဖြစ်စေ၊ သင်တို့သည် ကိုယ့် ကိုယ်ကိုနိုင်သည်ဖြစ်စေ၊ အကူအညီလိုသည်ဖြစ်စေ ဘာမျှမခြားနား။ ဧ၀ဂေလိကျမ်းစာ‌ေ၀မျှဟောပြောခြင်း၌ အသက် အိုသည်၊ ပျိုသည်မရှိ။ အနားယူသောအသက်အရွယ်မရှိ။ အတူတူပင်ဖြစ်သည်။ သင့်သားသမီး၊ မြေးမြစ်များကို ယုံကြည် ခြင်းမျိုးစေ့၊ ဧ၀ံဂေလိသတင်းကောင်းကိုလက်ဆင့်ကမ်းပေးနိုင်သည်။ အစီအစဉ်အသစ်ကိုစတင်လုပ်ဆောင်ရန် သာလို သည်။    

            လူသမိုင်း၏ အလွန်ဆိုး၀ါးသောလက်ရှိအခြေအနေ၌ သင်တို့ခေါ်တော်မူခြင်းကိုပြန်လည်ဆန်းသစ်လိုက်သည်။ ဧ၀ံဂေလိသတင်းကောင်းကိုလက်ဆင့်ကမ်းရန်အဘယ်သို့ဖြစ်နိုင်မည်နည်းဟု တွေးပူနေမည်။ ကျွန်ုပ်တို့၏အားအင်များ လည်းဆုတ်ယုတ်နေပြီ။ လုပ်နိုင်မည်ဟုမထင်။ ဤအသက်အရွယ်၌ အဘယ်သို့နေထိုင်မှုပုံစံပြောင်းနိုင်မည်နည်း။ အ ကျင့်များသည် မွေးရာဗီဇကဲ့သို့အမြစ်တွယ်နေပြီ။ ငါတို့ရဲ့မိသားစုအတွက်တောင် ပူပန်စိုးရိမ်နေရတာ။  နွမ်းပါးချို့တဲ့ သူတွေကိုဘယ်လိုလုပ်ပြီးကူညီနိုင်မလဲ။ မိသားစု၀န်ကအရမ်းကိုလေးနေပြီ။

            သင်တို့ဘယ်နှစ်ဦးက ‘ကျွန်ုပ်ရဲ့အထီးကျန်ဖြစ်နေမူဟာ ကြီးမားတဲ့၀န်ထုတ်ကြီးဖြစ်နေပြီမဟုတ်လား’ ဟုမေးဖူး သနည်း။ ဤမေးခွန်းကို ယေဇူးသခင်သည်လည်း နီကောဒေးမူစ့်ထံမှ ‘အသက်ကြီးနေပြီ။ ဘယ်လိုလုပ်နောက်တစ်ကြိမ် မွေးဖွားခြင်းခံလို့ရမလဲ’ ဟုဖြစ်သည်။ (သံယောဟန် ၃း၄) ဤသို့အတွေးများပိတ်လှောင်နေတတ်သည်။ သို့သော် ကျွန်ုပ်တို့၏စိတ်နှလုံးကို သန့်ရှင်းသော၀ိညာဉ်တော် အလုပ်လုပ်စေရန်ဖွင့်ဟထားပါက သူအလိုရှိရာလုပ်ဆောင်လိမ့် မည်။ သန့်ရှင်းသော၀ိညာဉ်တော်သည် သူသွားလိုရာ၊ သူပြုလုပ်လိုရာ၊ သူဆန္ဒရှိရာ လွတ်လပ်စွာလုပ်နိုင်သည်။    

            ကျွန်ုပ်မကြာခဏသတိထားမိသည်မှာ ယခုအခြေအနေကိုယခင်ကပ်ရောဂါဆိုးမဖြစ်မီက အတိုင်းပြန်ဖြစ်ခွင့်ပြု တော့မည်မဟုတ်။ ယခင်ထက်ပိုကောင်းလျင်ကောင်းမည်။ သို့မဟုတ် အခြေအနေပိုဆိုးလျင်ဆိုးမည်သာရှိသည်။ အလွန် ဆိုးသောသမိုင်းဖြစ်စဉ်မှ ဘာမျှမသင်ယူဘဲကျော်လွန်မသွားစေပါနှင့်။ အဘယ်ကြောင့်ဆိုသော် ဤကပ်ရောဂါဆိုးကြောင့် သက်ကြီးရွယ်အိုများအဘယ်မျှသနားစရာကောင်းအောင် အသက်ဆုံးရှုံးခဲ့ကြသနည်း။ ဤမျှခံစားနာကျင်ဖွယ်ဖြစ်ရပ်ကို ဘာမျှမဖြစ်ခဲ့သကဲ့သို့ ကျော်လွန်သွားစေနိုင်မည်လော။ ခြေလှမ်းသစ်ကိုလှမ်းရတော့မည်။ ဘ၀နေထိုင်နည်းကိုလည်းပြင် ဆင်ရတော့မည်။ ထိုဘ၀နေထိုင်နည်းအသစ်ကား ကျွန်ုပ်တို့သည် အချင်းချင်းလိုအပ်သည်။ ဤသို့အားဖြင့် ကျွန်ုပ်တို့၏ ကမ္ဘာကြီးသည် အသစ်ပြန်လည်မွေးဖွားလာမည်။ (Fratelli Tutti, 35). အဘယ်သူမျှတစ်ဦးတည်မသေဘဲ ကျန်ရစ်နိုင်ခဲ့ မည်မဟုတ်။ ကျွန်ုပ်တို့သည် ချင်းချင်းအပေါ်အကြွေးတင်ကြသည်။ ကျွန်ုပ်တို့အားလုံးသည် ညီအစ်ကိုမောင်နှမများဖြစ် ကြသည်။   

            ဤသတင်းလွှာကိုပါးခြင်းဖြင့် ညီအစ်ကိုမောင်နှမအသိုင်းအ၀ိုင်း၊ ခင်မင်မူမျိုးကိုတည်ဆောက်ရာ၌ သင်တို့ လည်းလိုအပ်ကြောင်းကိုသိစေလို၍ဖြစ်သည်။ ကျွန်ုပ်တို့သားသမီးများ၊ မြေးမြစ်များနှင့်အသက်ရှင်နေသော ကမ္ဘာကြီး သည် ဤကပ်ဆိုးကြီး၏ရိုက်ခတ်တွန်းတိုက်မူကိုခံရပြီးနောက် ဆက်လက်တည်ရှိနေဦးမည်။ အခက်အဲပြဿနာနှင့်ကြပ် ညှပ်နေသောကျွန်ုပ်တို့ကမ္ဘာကြီးကိုကူညီဖေးမရဦးမည်။ (Fratelli Tutti, ၇၇) အဆောက်အအုံသစ် (လူအဖွဲ့အစည်းအသစ်) ကိုတည်ဆောက်ရန် အဓိကထောက်တိုင်သုံးခုအားပို၍ပံ့ပိုးပေးနိုင်သူများမှာ သင်တို့ (အဖိုးအဖွား၊ သက်ကြီးရွယ်အို) ဖြစ်ကြသည်။ ထိုထောက်တိုင် (၃) ခုနှာ ‘အတွေးအမြင်၊ အတွေ့အကြုံနှင့်ဆုတောင်းခြင်း’ တို့ဖြစ်သည်။ ဘုရားသခင်၏အနီးကပ်စောင့်ကြပ်ပေးမူ သည် အားနည်းလွန်သောသူတို့၏အားလည်းခွန်အားပေးသနား၍ ထက်ကထောက်တိုင် (၃) ခုဆီသို့ခြေလှမ်းသစ်များစတင်ရမည်။  

            ပရောဖက်ဂျိုအဲလ်က ‘သင်တို့၏သက်ကြီးရွယ်အိုများသည် တွေးတောကြပေလိမ့်မည်။ သင်တို့လူငယ်များမှာမူ စိတ်ကူးရှိ ကြလိမ့်မည်’ ဟုဟောထားသည်။ (ပရောဖက်ဂျိုအဲလ် ၃း၁) အနာဂါတ်ကမ္ဘာသည် သက်ကြီးရွယ်အိုနှင့်လူငယ်များကြားတည် ဆောက်သော အပေးအယူမျှသောလေးစားမူအပေါ်တွင်မူတည်နေသည်။ သို့မှသာ သက်ကြီးတို့၏အတွေးများကို လူငယ်များက လက်တွေ့ဖော်ဆောင်နိုင်မည်။ ဤသို့လက်တွေ့ဖြစ်လာရန်မှာ ကျွန်ုပ်တို့ (သက်ကြီးရွယ်အိုများ) ဆက်လက်၍ တွေးတောဆင်ခြင် ရန်လိုသည်။ ကျွန်ုပ်တို့လူငယ်များအတွက် အမြင်သစ်များချိန်ထားခဲ့နိုင်ရန် တရားမျှတသော၊ ငြိမ်းချမ်းသော၊ တစ်သားတည်းရှိ သောအတွေးစိတ်ကူးများကိုဆက်လက်တွေးရမည်။ ဤသို့ဖြင့်အနာဂါတ်ကို အတူတကွတည်ဆောက်နိုင်မည်။ ခက်ခဲသော်လည်း သက်ကြီးရွယ်အိုနှင့်လူငယ်များ အတူတကွလက်တွဲလုပ်ဆောင်နိုင်သည်ကို သင်တို့ပြသရမည်။ ဤအတွေ့အကြုံမျိုးကို သင်တို့ သည်တစ်ကြိမ်မကရှိခဲ့ဖူးကြပေမည်။ ထိုသို့တွေ့ကြုံရတိုင်း ရုန်းထွက်ရှေ့ဆက်နိုင်ခဲ့ကြသည်။ ထိုအတွေ့အကြုံများကိုအသုံးပြု၍ အဘယ်သို့စတင်ရမည်ကိုသင်ယူပါ။     

            စိတ်ကူးများသည် အမှတ်တညများနှင့်နွယ်ယှက်လျက်ရှိသည်။ စစ်၏ရင်နင့်စရာအဖြစ်ကိုပြန်လည်မြင်ယောင်ကြည့်ပါ။ ထိုအဖြစ်သနစ်မှသည် မျိုးဆက်သစ်လူငယ်များအား ငြိမ်းချမ်းရေး၏တန်ဖိုးကိုနားလည်အောင်သင်ကြားပေးရမည်။ သင်တို့အထဲမှ စစ်၏အကျည်းတန်ဆိုးယုတ်မူကိုတွေ့ကြုံခံစားခဲ့ဖူးသူများပါကောင်းပါပေမည်။ စစ်၏ဆိုးကျိုးကိုလက်ဆင့်ကမ်းပြောပြပေးရမည်။ အမှတ်တညများကို အသက်၀င်အောင်ရှင်သန်ခြင်းသည် သက်ကြီးများလုပ်နိုင်သော၊ လုပ်ရမည့်တာ၀န်တစ်ခုဖြစ်ပြီး၊ လက်လှမ်းမမှီ ခဲ့သူများအားပြန်လည်ပြောပြရမည်။ Edith Bruck သည်ဟိတလာမှ ဂျူးလူမျိုးတို့အား လူမျိုးတုန်းသတ်ဖြတ်မူကြီးဖြစ်သော Shoah မှလွှတ်မြောက်လာသူက ‘မိမိကြုံတွေ့ဖြတ်သန်းခဲ့သော ဆိုး၀ါးသည့်အတွေ့အကြုံမှ လူတစ်ဦး၏အသိတရားကို အလင်း ထွန်းညှိပေးနိုင်လျှင်လည်း လုပ်ပေးရကျိုးနပ်သည်။ ကျွန်မအတွက်ကတော့ အတွေ့အကြုံဟာ အသက်ဘဲ’ ဟုပြောခဲ့ဖူးသည်။ ကျွန်ုပ် (ရဟန်းမင်းကြီး) လည်း ကျွန်ုပ်၏အဖိုးအဖွားတွေအကြောင်းနှင့်ရွေးပြောင်းများ၏အဖြစ်ကိုတွေးနေမိသည်။ ပြောင်းရွေးရန် အတွက် မိမိတို့၏ပိုင်ဆိုင်ရာအားလုံးကိုချန်ထားခဲ့ရသည်မှာအလွန်ခက်ခဲပေမည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက အဖြစ်မျိုးကိုယ နေ့ထိတိုင် တောက်ပသော၊ လုံခြုံသောအနာဂါတ်ကိုမျှော်၍ ဆက်လက်ပြောင်းရွေ့နေကြသည်။ ထိုသို့ကြုံတွေ့ဖြတ်သန်းခဲ့ဖူးသော သူအချို့သည် ယနေ့ကျွန်ုပ်တို့နှင့်အတူရပ်တည်ထောက်ခံနေကောင်း ရပ်တည်ထောက်ခံနေမည်။ ဤသို့သော်အမှတ်တရများ သည် လူသားဆန်သောလူ့ဘောင်ကိုတည်ဆောက်ရာ၌အလွန်အထောက်အကပြုသည်။ အမှတ်တရများမရှိဘဲ အနာဂါတ်ကောင်းကိုအဘယ် သို့မျှမတည်ဆောက်နိုင်ပါ။ အုတ်မြစ်မရှိသကဲ့သို့ဖြစ်နေသည်။ ထို့ကြောင့်အိမ်ဆောက်၍မရ။ ဘယ်တော့မှမဆောက်လေနှင့်။ ထို့ ကြောင့်ဘ၀၏အုတ်မြစ်သည် အမှတ်တရ (အတွေ့အကြုံ) ဖြစ်သည်။       

            နောက်ဆုံးအနေဖြင့် ရဟန်းမင်းကြီးဘေနေဒစ် (ငြိမ်း) (၁၆) သည် သူတော်မြတ်တစ်ပါးကဲ့သို့သော သက်ကြီး၀ါကြီးတစ် ပါးဖြစ်ပြီး၊ ဆုတောင်းခြင်းဖြင့် သာသနာအမူတော်ကိုထမ်းဆောင်နေလျှက်ရှိသည်။ တစ်ခါက ‘ရှုပ်ထွေးပွေလီသောအစီအစဉ်များ ထက်စာလျှင် သက်ကြီးရွယ်အိုများ၏ဆုတောင်းခြင်းသည် ကမ္ဘာကြီးကိုကာကွယ်စောင့်ရှောက်ပေးနိုင်သည်’ ဟုလည်း (၂၀၁၂) က မိန့်ကြားခဲ့ဖူးသည်။ အလွန်အဓိပ္ပါယ်ရှိသည်။ သင်တို့၏ဆုတောင်းခြင်းသည် အလွန်တန်ဖိုးရှိသောအရင်းအမြစ်ဖြစ်နေသည်။ အမိ သာသနာတော်ကြီးကသော်လည်းကောင်း၊ ကမ္ဘာကြီးကသော်လည်းကောင်း သက်လုံကောင်းရန်အထူးလိုအပ်နေသောလေများကို ထုတ်လွှတ်ပေးသောနေရာဖြစ်နေသည်။ (cf. Evangelii Gaudium, 262) အထူးသဖြင့်ယခုကဲ့သို့ အလွန်ခက်ခဲကြပ်တည်းသော ကာလ၌ တစ်လှေထဲစီးတစ်ခရီးသွားနေသော ကျွန်ုပ်တို့လူ့ဘောင်အတွက်အလွန်အရေးကြီးနေသည်။ အမိသာသနာအတွက်၊ က မ္ဘာကြီးအတွက် သင်တို့၏ထပ်ဆင့်ဆုတောင်းပေးခြင်းသည် အလွန်ဖိုးထိုက်လှပါသည်။ လူတိုင်းအားသက်ရောက်စေသည်။ မကြာမီ ထွန်းလင်းဖြာစေတော့မည်။

ချစ်လှစွာသောအဖိုးအဖွားများ၊ သက်ကြီးရွယ်အိုများ

            သင်တို့ထံပေးပို့လိုက်သော ဤသတင်းသ၀တ်လွှာကိုအဆုံးမသတ်မီ မကြာမီရဟန္တာတင်မြောက်ခံရတော့မည့် သူတော် မြတ် Charles de Foucauld ၏ကောင်းသောပုံသက်သေကိုအနည်းငယ်ပြောကြားလိုပါသည်။ သူသည် အဲလ်ဂျေးရီးယားနိုင်ငံ၌ ရသေ့တစ်ပါးကဲ့သို့ တရားအားထုတ်ခဲ့သည်။ ထိုသို့တရားအားထုတ်နေခိုက် သူ၏စိတ်ထဲ၌ လူသားအားလုံးနှင့်ညီအစ်ကိုမောင်နှမ ကဲ့သို့စိတ်ထားမျိုးထားရှိလိုစိတ်ပေါ်လာခဲ့သည်။(Fratelli Tutti, 287) သူ၏ဘ၀ကိုဆင်ခြင်မည်ဆိုပါလျင် ရသေ့အဖြစ်တစ်ပါး တည်းအားထုတ်နေသော်လည်း ညီအစ်ကိုမောင်နှမစိတ်ဓာတ်ကိုမွေးဖွားနိုင်သည်။ အဘယ်သို့နည်း။ ကမ္ဘာပေါ်ရှိနွမ်းပါးချို့တဲ့သူ များအားလုံး ဆုတောင်းပေးနိုင်သည်။ ဤသို့ဖြင့် ကမ္ဘာသူ ကမ္ဘာသားများအားလုံးနှင့်ညီအစ်ကိုမောင်နှမတော်စပ်သွားပါတော့ သည်။                

            သူတော်မြတ် Charles de Foucauld ၏ထပ်ဆင့်ဆုတောင်းပေးခြင်းကိုခံယူလျှက် ကျွန်ုပ်တို့အားလုံးသည် ကိုယ်စီ၏နှလုံး သားများကိုဖွင့်လှစ်လျှက် အခြားသူများ၏ဒုက္ခ‌ေ၀ဒနာများကိုနားထောင်ကာ သူတို့အတွက်ဆုတောင်းပေးနိုင်ကြပါစေကြောင်း ဘုရားသခင်ထံဆုတောင်းပေးနေပါသည်။ ယနေ့ကျွန်ုပ်တို့အားပြောကြားလာသောစကားကို ကျွန်ုပ်တို့တစ်ဦးစီသည် သက်ကြီးများ အားဖြစ်စေ၊ လူငယ်များအားဖြစ်စေ အားပေးနှစ်သိမ့်သောစကားများကိုပြောဆိုတတ်ကြပါစေ။ ‘သင်တို့နှင့်အတူငါအစဉ်ရှိနေမည်။’ ရှေ့ဆက်လျှောက်ကြပါစို့။ ဘုရားသခင်သည် သင်တို့ကိုကောင်းကြီးပေးပါစေ။

ဤသတင်းစာလွှာကို (၂၀၂၁၊ မေလ ၃၁၊ အမိမယ်တော် အဲလိဇက်ထံသွားရောက်သည့်ပွဲနေ့၊ စိန့်ဂျွန်လေတာရင်၊ ရောမမြို့

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of ABC News/google images

https://bit.ly/2WiL0El

Add new comment

13 + 1 =