"သခင်ယေဇူးကို ယုံကြည်ခြင်းသည် ချစ်ခြင်းမေတ္တာကို အပြည့်အဝအဓိပ္ပာယ်သက်ရောက်စေသည်။"

 "သခင်ယေဇူးကို ယုံကြည်ခြင်းသည် ချစ်ခြင်းမေတ္တာကို အပြည့်အဝအဓိပ္ပာယ်သက်ရောက်စေသည်။"

 "သခင်ယေဇူးကို ယုံကြည်ခြင်းသည် ချစ်ခြင်းမေတ္တာကို အပြည့်အဝအဓိပ္ပာယ်သက်ရောက်စေသည်။"

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်စ်သည် တနင်္ဂနွေနေ့ အန်ဂျေလူးစ်မေတ္တာဆိုသည့်‌နေရာမှ မိန့်ခွန်းတွင် "သခင်ယေဇူးက ပြည့်ဝသောအသက်တာလမ်းစဉ်သည် သူ့အားယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာဖော်ဆောင်သော စည်းလုံးညီညွတ်မှု ဆိုင်ရာ လှုပ်ရှားမှုများကို ယူဆောင်ခြင်း၌ တည်ရှိကြောင်း ပြသခဲ့သည်။" ဟု မိန့်ကြားခဲ့ပါသည်။

မယ်တော်သခင်မထံ ဆုတောင်းမေတ္တာ ရွတ်ဆိုခြင်းမပြုမီ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် ဧ၀ံဂေလိကျမ်း (ရှင်မာတေဦး ၁၆း ၁၃- ၂၀)တွင် ဖော်ပြထားသော ပီတာမှ "သခင်ယေဇူးသည် ဆီဖြင့်လိမ်းကျံခြင်းခံရသော ဘုရား၏သားတော်သခင်ခရစ်တော်ဖြစ်ကြောင်း " သူ၏ယုံကြည်ခြင်းကို ဝန်ခံ‌ဖော်ထုတ်ခဲ့သည့်အကြောင်းကို ထောက်ရှုခဲ့ပါသည်။

ထိုအဖြစ်အပျက်၌သခင်ယေရှုသည် တပည့်တော်များအား မိမိသည် မည်သူမည်ဝါဖြစ်ကြောင်းမေးမြန်းခဲ့ပြီး သူနှင့်သူတို့၏ ခင်မင်ရင်းနှီးမှုကို ထိုထက်မက တိုးပွားစေခဲ့သည်။ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က “ အကယ်စင်စစ် တကျိပ်နှစ်ပါးသောသူတို့နှင့်တကွ၊ နောက်‌တော်သို့ လိုက်ကြသောသူတို့နှင့်အတူ သခင်ယေဇူး၏ခရီးစဉ်တစ်ခုလုံးသည် သူတို့၏ ယုံကြည်ခြင်းကို သွန်သင်‌‌ ပေးခြင်းဖြစ်သည်။ ” သခင်ယေဇူးက "အခြားသူများသည် မိမိမည်သူဖြစ်ကြောင်း" ပြောကြသည်ကို တပည့်တော်တို့အား မေးမြန်းခဲ့သည်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် ဆက်လက်၍ မိန့်မြွက်ခဲ့သည်မှာ “ ဤအခြေအနေတွင်အတင်းအဖျင်းစကားသည် ယုံကြည်ခြင်း အမြင်ထက် လိုအပ်လာသော်လည်း အခြားသူအကြောင်းကိုပြောခြင်းသည် အားထုတ်ရန်မလိုအပ်ကြောင်း" မိန့်ကြားခဲ့သည်။ ထိုအခါယေရှုက“ သင်တို့မူကားအဘယ်သို့နည်း။ ငါ့ကို အဘယ်သူဖြစ်သည်ဟုဆိုကြသနည်း” ဟုသူတို့အား မေးတော်မူခဲ့သည်။ ပုပ်ရဟန်းမင်းကြီးဖရန့်စစ်သည် ဤဒုတိယမေးခွန်းအားဖြင့် သူတို့ကို အဓိကအချက်အချာကို ထိတွေ့စေခဲ့သည်။ “ သူတို့သည် သခင်ယေဇူးနောက်လိုက်ရခြင်း၏ အကြောင်းရင်းကိုဖော်ပြရန်အတွက်သူတို့တစ်ဦးချင်းသည် တပြေးညီရှိ‌ နေသောကြောင့် ထိုနေရာ၌ တိတ်ဆိတ်စွာနေသည့်အချိန်ကို ကျွန်တော်တို့ရိပ်မိနိုင်‌ ကြောင်း၊ အချို့သောတွန့်ဆုတ်ခြင်းသည် တရားဝင်သည်ထက်ပိုကြောင်း မိန့်ကြားခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်သည် မိမိတို့၏ ဘာသာရေးအတွက် နှိပ်စက်ညှဉ်းပန်းခြင်းခံရ‌ေသာသူများအတွက် ဆုတောင်းပေးကြရန်ဖိတ်ကြားခဲ့ပါသည်။ ကျောက်ဆောင်- ခိုင်မာသောတုံ့ပြန်မှု ပေတရုသည် ကျန်သည့်အရာများကို ယုံကြည်မှုအပြည့်ဖြင့်ဖြေကြားခဲ့သည်။ 'ကိုယ်တော်သည်ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်။"ဟုလျှောက်ခဲ့‌လေသည်။ သူ၏ ပြည့်စုံ‌၍ အသိအမြင် ရှင်းလင်းစေသော အဖြေသည် ကောင်းကင်ဘုံရှင်အဖထံမှ အထူးကျေးဇူးတော်၏အသီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင်သခင်ယေဇူးသည် ပေတရု၏ကျေးဇူးတော်အပေါ်လျင်မြန်စွာတုန့်ပြန်မှုကို အသိအမှတ်ပြုပြီးသူ၏ယုံကြည်ခြင်းကို“ မတုန်လှုပ်နိုင်သော ကျောက်ဆောင်အပေါ် ဘုရားသခင်၏သားတော်သည် သူ၏ဘုရားကျောင်း‌တော်ကိုတည်ဆောက်ရန်ဆန္ဒရှိ‌ေကြာင်းပီတာ၏ ယုံကြည်ခြင်းကို ချီးမွမ်းခဲ့သည်။

ကျွန်ုပ်အဘို့ ခရစ်တော်ကားအဘယ်သူနည်း။ ပုပ်ရဟန်းမင်းကြီးဖရန့်စစ်က ယုံကြည်သူများအား " သင်တို့သည် ကျွန်ုပ်ကို မည်သူဖြစ်သည်ဟုဆိုကြသနည်း။" ဟူသော သခင်ယေရှု၏မေးခွန်းသည် ယနေ့တွင် ကျွန်ုပ်တို့တစ် ဦးချင်းစီအားတိုက်ရိုက်မေးမြန်းနေကြောင်း၊ ဤမေးခွန်းသည် သီအိုရီအရဖြေကြားရန်သာမဟုတ်ဘဲ ယုံကြည်ခြင်းသက်သက်ဖြစ်‌ ကြောင်း၊ အသက်ဟူသော ယုံကြည်ခြင်းပါဝင်ကြောင်း၊ ယုံကြည်ခြင်းဆိုသည်မှာ အသက်ဖြစ်ကြောင်း မိန့်ကြားခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က "သခင်ယေဇူး၏ မေးခွန်းအတွက်ကျွန်ုပ်တို့၏ကိုယ်ပိုင်အဖြေကိုရှာဖွေခြင်းသည် ကျွန်ုပ်တို့အတွင်း၌ ခမည်းတော်၏စကားသံကိုနားထောင်ရန်လိုအပ်‌ကြောင်း၊၎င်းသည် အသင်းတော်မှ ဆက်လက်၍ ဝန်ခံသည့်အရာနှင့် ကိုက်ညီသည်။ သခင်ခရစ်တော်သည် ကျွန်ုပ်တို့အတွက် မည်သူဖြစ်သည်ကိုနားလည်ရန်မှာအကြောင်းအရင်းတစ်ခုဖြစ်သည်။ သူသည်ကျွန်ုပ်တို့အသက်တာ၏ဗဟိုဖြစ်၍ အသင်းတော်နှင့် လူမှုအဖွဲ့အစည်း၌ ကျွန်ုပ်တို့ ကတိတာဝန်ပြုခြင်း၏ ပန်းတိုင်ဖြစ်ကြောင်း မိန့်ကြားခဲ့ပါသည်။ ယုံကြည်ခြင်း၌ ချစ်ခြင်းမေတ္တာ ထို့နောက်ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည်သခင်ယေဇူး၌ ချစ်ခြင်းမေတ္တာနှင့်ယုံကြည်ခြင်းအကြားဆက်နွယ်မှုကို ထောက်ရှုခဲ့ပါသည်။ ကက်သလစ်အသိုင်းအဝိုင်းသည် သင်းအုပ်စောင့်ရှောက်မှုကို ဆင်းရဲနွမ်းပါးခြင်းနှင့်အကျပ်အတည်းအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့နေရသော လူများအားပေးသင့်ကြောင်း၊ "ချစ်ခြင်းမေတ္တာသည်အစဉ်အမြဲစုံလင်သောလမ်းစဉ်ဖြစ်သည်။ " ဟူ၍ မိန့်ကြားခဲ့ပါသည်။ ထပ်လောင်း၍ မိန့်ကြားထားသည်မှာ စည်းလုံးညီညွတ်ခြင်းသည် “ ကျွန်ုပ်တို့အား သခင်ခရစ်‌ေတာ်နှင့် ဆက်သွယ်ခြင်းမှ လမ်းလွှဲခြင်း မဖြစ်စေနိုင်" ကြောင်း မြွတ်ကြားခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် “ ခရစ်ယာန်တို့၏ ချစ်ခြင်းမေတ္တာသည် ပရဟိတလုပ်ငန်းတစ်ခုသက်သက်မဟုတ်ကြောင်း၊ တစ်ဖက်တွင်မူ၊ သခင်ယေဇူး၏ မျက်လုံးများနှင့်အခြားသူများကိုကြည့်ခြင်း၊ သခင်ယေဇူးကိုဆင်းရဲသားများ၌ တွေ့မြင်နိုင်ခြင်းဖြစ်ကြောင်း" မှာကြားခဲ့ပါသည်။ မယ်တော်သခင်မသည်- ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့် ပြည့်ဝသောလမ်းညွှန်မှုပေးသူ ပုပ်ရဟန်းမင်းကြီးဖရန့်စစ်အရှင်သူမြတ်သည် ခရစ်ယာန်တို့၏ ခရီးတစ်လျှောက်လုံးသည် အပျိုစင်ကညာမာရီယား၏ အကူအညီကိုတောင်းခံခြင်းအားဖြင့် အန်ဂျေလူးစ်ကက်သလစ်ဘာသာသင်ကြားခြင်းကို နိဂုံးချုပ်ခဲ့ပါသည်။

“မယ်တော်သည် ယုံကြည်သောကြောင့် ကောင်းကြီးမင်္ဂလာခံရ၍ အသန့်ရှင်းဆုံးသောမယ်တော်ဖြစ်၏။သခင်ရစ်တော်ကို ယုံကြည်သောလမ်းခရီး၌ အိုမယ်တော်ရှင် ကျွန်ုပ်တို့၏ လမ်းပြသူနှင့် ကျွန်ုပ်တို့၏ စံနမူနာယူ‌သောသူ ဖြစ်တော်မူပါ။ ဘုရားသခင်ကိုယုံကြည်ကိုးစားခြင်းသည်ကျွန်ုပ်တို့၏ချစ်ခြင်းမေတ္တာနှင့်ကျွန်ုပ်တို့၏တည်ရှိမှုအားလုံးကိုအဓိပ္ပါယ်ပြည့်ဝစေကြောင်းကျွန်ုပ်တို့ကိုအသိပေး‌တော်မူပါ။ ” ဟူ၍ ဆုတောင်းမေတ္တာပြု၍ အဆုံးသတ်ခဲ့ပါသည်။

 

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/3hv7TKA

 

Add new comment

1 + 0 =