"ဝါတွင်းကာလသည် ဘုရားသခင်ထံတော်သို့ပြန်လာသောတစ်ခရီးတစ်ခုဖြစ်သည်။" 

 "ဝါတွင်းကာလသည် ဘုရားသခင်ထံတော်သို့ပြန်လာသောတစ်ခရီးတစ်ခုဖြစ်သည်။" 

 "ဝါတွင်းကာလသည် ဘုရားသခင်ထံတော်သို့ပြန်လာသောတစ်ခရီးတစ်ခုဖြစ်သည်။" 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဗုဒ္ဓဟူးနေ့ ပြာခံပွဲတော်ကြီး မစ္ဆားတရားတော်မြတ်ကို စိန့်ပီတာ ဘုရားကျောင်းတော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ ခရစ်ယာန်များအား ဝါတွင်းကာလကို  ခမည်းတော်ဘုရား၊ သားတော်ဘုရားနှင့် သန့်ရှင်းသောဝိညာဉ်တော်ဘုရားတို့ထံပြန်လာသော ခရီးတစ်ခုအဖြစ် တွေ့ကြုံခံစားကြရန် တိုက်တွန်းခဲ့သည်။ 

အသင်းတော်သည် သန့်ရှင်းသောဝါတွင်းကာလကို စတင်သည်နှင့်အမျှ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် ပြာများကိုကောင်းချီးပေးခြင်းဖြင့်ဗုဒ္ဓဟူးနေ့ ပြာခံပွဲတော်ကြီး မစ္ဆားတရားတော်မြတ်ကို ကျင်းပခဲ့သည်။ ရဟန်းမင်းကြီး၏ တရားတော်မြတ်၌ "ဝါတွင်းကာလသည် ဘုရားသခင်အထံတော်သို့ပြန်လာသော ခရီးတစ်ခုဖြစ်ပြီး ညီအစ်ကိုမောင်နှမများ အပေါ်ထားရှိသော ချစ်ခြင်းမေတ္တာကို လေးနက်စေသော အခွင့်ထူးတစ်ခုဖြစ်ကြောင်း" မြွက်ကြားခဲ့ပါသည်။

"ဘုရားရှင်သည် သူ၏ အထံတော်သို့ လုံးလုံးလျားလျား ပြန်လာရန် ကျွန်ုပ်တို့၏ နှလုံးသားများကို တောင်းဆိုလျက်ရှိသည်။ ယခုချိန်သည် ကျွန်တော်တို့အားလုံး၊ ဘုရားရှင်၏ စံအိမ်တော်ကို ရောက်ရှိနိုင်စေမည့် လမ်းကို ရှာဖွေတွေ့ရှိနိုင်ရန်နှင့် အရာအားလုံးအပေါ်၌ မူတည်နေသော ဘုရားရှင်နှင့် ကျွန်ုပ်တို့၏ လေးနက်သောဆက်နွယ်မှုကို ပြန်လည်ရှာဖွေရန် ကျွန်ုပ်တို့လျှောက်လှမ်းနေသော ဘဝကို စဉ်းစားသုံးသပ်ရမည့် အချိန်ဖြစ်သည်။

"ကျွန်အဖြစ်မှ လွတ်လပ်ခြင်းသို့"

ကျွန်ုပ်တို့၏အသက်တာကိုမည်သို့ ဦးတည်နေကြောင်းနှင့်ဘုရားသခင်ထံသို့ ကျွန်ုပ်တို့ လျှောက်လှမ်းသည့်လမ်း၌ တည်ကြည်စွာ မည်မျှ လျှောက်လှမ်းနေကြောင်းကိုသုံးသပ်ရန် ခရစ်ယာန်များကို တိုက်တွန်းခဲ့သည်။

"ဝါတွင်းခရီးသည် ကျွန်ဘဝမှလွတ်မြောက်ခြင်းသို့ထွက်ခွာခြင်းဖြစ်သည်။"

လျှောက်လှမ်းနေသော၊ အသက်တာ၌ ကျွန်ုပ်တို့၏ ဟောင်းနွမ်းသောအကျင့်ဆိုးများနှင့် အယုံမှားများဆီကို တဖန်ပြန်သွားရန် တခါတရံ သွေးဆောင်ခံရတတ်သည်။ သို့သော်ကျွန်ုပ်တို့သည် ဘယ်နှစ်ကြိမ်မှားမိစေကာမူဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရှာဖွေခြင်းအားဖြင့် ကျွန်ုပ်တို့၏လမ်းကို ပြန်လည်ရှာဖွေတွေ့ရှိနိုင်သည်။

"ခမည်းတော်၊ သားတော်နှင့်သန့်ရှင်းသောဝိညာဉ်တော်ထံသို့"

ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ဝါတွင်းကာလ၏ ပထမအဆင့်သည် အပြစ်ဖြေခြင်းစက္ကရမင်တူး၌  အခွင့်လွှတ်ခြင်းကို လက်ခံခြင်းအားဖြင့် အဖဘုရားရှင်ထံသို့ ပြန်လာခြင်းဖြစ်သည်" ဟုပြောကြားခဲ့သည်။

"ခမည်းတော်၏ခွင့်လွှတ်ခြင်းသည် ကျွန်ုပ်တို့အား အစဉ်အမြဲ မိမိတို့ခြေပေါ်ပြန်ရပ်တည်စေသည်။" ဟု မြွက်ကြားခဲ့သည်။

ကျွန်ုပ်တို့သည် သခင်ယေဇူးထံပြန်လှည့်ရန် လိုအပ်သည်။ သခင်ခရစ်တော်ကို ကျေးဇူးဆပ်တင်ရန် ပြန်လာသည့် အနူရောဂါသည်ကဲ့သို့ကျွန်ုပ်တို့လည်း သခင်ယေဇူး၏ ကုသမှုလိုအပ်သည်။ ကျွန်ုပ်တို့၏ အနာများကို ကိုယ်တော့်ထံတင်ပြပြီး ‘ယေဇူး၊ ကျွန်ုပ်၏အပြစ်များ၊ ဝမ်းနည်းပူဆွေးမှုများနှင့်အတူ ကိုယ်တော်၏မျက်မှောက်တော်၌ ရောက်ရှိပါ၏။ ကိုယ်တော်သည် ဆရာဝန်တစ်ပါးဖြစ်၏။ ကိုယ်တော်သည် တပည့်တော်အား လွတ်ငြိမ်းခွင့်ပေးနိုင်သည်။ တပည့်တော်၏ နှလုံးသားကိုကျန်းမာစေတော်မူပါ။" ဟူ၍ ပြောရန်လိုအပ်ပါသည်။

ထို့နောက် ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က "ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်သို့ပြန်လှည့်ရန်ဖိတ်ကြားထားသည်။" ဟူ၍ မိန့်ကြားခဲ့သည်။ 

ပြာမှု့န်ကို ဦးခေါင်းပေါ်တွင် ဖြန်းခြင်းသည် ကျွန်ုပ်တို့သည် မြေမှုန့်မျှသာဖြစ်ကြောင်း သတိပေးခြင်းဖြစ်သည်။ ထိုမြေမှုန့်၌ပင် ဘုရားရှင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသက်ကို ပေးသွင်းခဲ့သည်။ 

"လှိုက်လှိုက်လှဲလှဲပြန်လည်သင့်မြတ်ခြင်း၌"

ကျွန်ုပ်တို့သည်ဘုရားသခင်ထံ ပြန်သွားသောခရီးသည် ဘုရားသခင်သည် ကျွန်ုပ်တို့ထံသို့ဦးစွာ ကြွလာသောကြောင့် ဖြစ်နိုင်သည်။"ဟူ၍ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က သတိပြုမိခဲ့သည်။

သခင်ယေဇူးသည် ကျွန်ုပ်တို့၏ အပြစ်နှင့်သေခြင်းကိုလက်ခံခဲ့သောကြောင့်၊ “ ကျွန်ုပ်တို့ဘဝခရီးသည်လည်း ကျွန်ုပ်တို့ကို ကိုယ်တော်၏ လက်တော်ဖြင့် ပို့ဆောင်ခြင်းပင်ဖြစ်သည်။ ”

ဘုရားရှင်၏ ဖိတ်ကြားချက်ကို ကျွန်ုပ်တို့၏တုံ့ပြန်ရာတွင် ပုပ်ရဟန်းမင်းကြီးကနှလုံးသားထဲတွင် လှိုက်လှိုက်လှဲလှဲ နှင့်ပြန်လည်သင့်မြတ်ခြင်းဟု ဆိုရာ၌ အလုပ်နှင့် သက်သေဖြင့် ဖော်ပြခြင်းတို့ ပါ၀င်သည်။

"ချစ်ခြင်းမေတ္တာ၌ သားစဉ်မြေးဆက်"

နောက်ဆုံးတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကဝါတွင်းကာလသည် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ညီအစ်ကို မောင်နှမများထံသို့ သွားသော နှစ်လိုဖွယ် ကောင်းသည့်အချိန်ဖြစ်ကြောင်း သတိပေးခဲ့သည်။

"ကယ်တင်ခြင်းသည် ဘုန်းဂုဏ်တော်သို့ တက်‌ကြွခြင်းမဟုတ်ဘဲ ချစ်ခြင်းမေတ္တာ၌ ဆင်းသက်လာခြင်းဖြစ်ကြောင်း" ဝါတွင်းကာလသည် ကျွန်ုပ်တို့အား နားလည်သဘောပေါက်စေသည်။

မည်မျှပင် ကျွန်ုပ်တို့အမှားလုပ်မိစေကာမူ ကယ်တင်ခြင်းပေးရာ သခင်ခရစ်တော်၏ လက်ဝါးကားတိုင်ဆီသို့ အမြဲပြန်လာနိုင်ပြီး၊  သူ၏ဒဏ်ရာများ၌ ကျွန်ုပ်တို့၏ ကိုယ်ပိုင်အားနည်းချက်များကို စဉ်းစားဆင်ခြင်နိုင်သည်။

ထိုဒဏ်ရာများကို လေးနက်စွာ မျက်မှောက်ပြုခြင်း အားဖြင့် ကျွန်ုပ်တို့သည် ဘ၀၏အနာကျင်ဆုံးဒဏ်ရာများ၌ ဘုရားသခင်သည် သူ၏ အဆုံးမဲ့ကရုဏာတော်ဖြင့် ကျွန်ုပ်တို့ကို စောင့်မျှော်နေကြောင်း ကျွန်ုပ်တို့နားလည်လာလိမ့်မည်။ ” ဟူ၍ ဗုဒ္ဓဟူးနေ့ ပြာခံပွဲတော်ကြီး ဩဝါဒတရားတော်မြတ်ကို နိဂုံးချုပ်ခဲ့ပါသည်။

 

ဘာသာပြန်- စစ္စတာရ်လူစီလားနိုင်ကျဲန်

Photo courtesy of: Vatican News

http://bit.ly/3qyWMEG

Add new comment

2 + 10 =