ဖန်ဆင်းရှင်နှင့်ငြိမ်းချမ်းရေးတည်ဆောက်ကာ၊ ဖန်ဆင်းခံများနှင့်သင့်တင့်မျှတအောင်နေထိုင်ကြပါ။

 ဖန်ဆင်းရှင်နှင့်ငြိမ်းချမ်းရေးတည်ဆောက်ကာ၊ ဖန်ဆင်းခံများနှင့်သင့်တင့်မျှတအောင်နေထိုင်ကြပါ။

 ဖန်ဆင်းရှင်နှင့်ငြိမ်းချမ်းရေးတည်ဆောက်ကာ၊ ဖန်ဆင်းခံများနှင့်သင့်တင့်မျှတအောင်နေထိုင်ကြပါ။

စက်တင်ဘာလ (၁) ရက်နေ့သည် ဖန်ဆင်းခြင်းကိုထိန်းသိမ်းစောင့်ရှောက်ရေးအတွက်ဆုတောင်း ပေးရမည့်တစ်လတာလှုပ်ရှားမူ၏ပထမနေ့ဖြစ်သည်။ ဤလှုပ်ရှားမူနှင့်ပတ်သက်၍ရဟန်းမင်းကြီးသည်က မ္ဘာကြီး၏အရင်းအမြစ်၊ လူတို့ဖန်တီးသောဘေးအန္တာရာယ်နှင့်ပြန်လည်ပျိုးထောင်ရန်အတွက်တရားမျှတ ခြင်းများလိုအပ်သည့်အကြောင်း၊ ဤသို့ဆိုရာ၌ဆင်းရဲသောနိုင်ငံများတင်ရှိသောကြွေးမီများကိုလျော်ပေး ခြင်းတို့လည်းပါကြောင်းဖြင့်အလွန်ထိမိစွာထောက်ရူထားပါသည်။

ကမ္မာကြီးနှင့်ဆင်းရဲသောသူတို့၏အော်ငိုသံ ယခုကြုံတွေ့နေရသောကပ်ရောဂါဆိုးကြီးသည် လူသားတို့အားလမ်းဆုံသို့တွန်းပို့ထားပါသည်။ ဤအခြေအနေကို အကောင်းဆုံးအသုံးချတတ်ရန်လိုသည်။ သို့မှသာမည်သည့်အရာကိုပြုလုပ်သည်ဖြစ်စေအပေါ်ယံရွှေမှုံန်ဖြူးသည့်လုပ်ရပ်၊ ရေတိုအကျိုး၊ အမြင်သာကြည့်ပြီး၊ ရေရှည်၌ဘေးဆိုးကြုံစေမည့်လုပ် ရပ်များကိုရှောင်ရှားကာရေရှည်အကျိုး၊ အများအ ကျိုး၊ တန်ဖိုးတက်စေမည့်လုပ်ရပ်များကိုပျိုးချလုပ်ဆောင်ကာဆက်လက်ရှင်သန်ကြီးထွားစေသည့်လုပ်ရပ်များကိုလုပ်ရ သည်။

ကျွန်ုပ်တို့နေ့စဉ်သုံးစွဲနေသောလောင်စာ၊ သယ်ယူပို့ဆောင်ရေးနှင့်ချက်ပြုတ်ရေးများကိုပြန်လည်ဆင်ခြင်ရမည်။ အ သုံးပြုခြင်းမဟုတ်ဘဲဖြုန်းတီးခြင်းဖြစ်နေပါကဆက်လက်မပြုလုပ်မိရန်အကျင့်ကိုဖျက်ရမည်။ အဘယ်ကြောင့်ဆိုသော်မိ သားစု၏စီးပွားရေးကိုဆုတ်ယုတ်စေသည်။ ဤသို့ပြုလုပ်ခြင်းဖြင့်ဘ၀ကိုမှန်ကန်စွာပျိုးထောင်ပြီး၊ ရောင်းတန်း၀င်သော ကုန်များကိုထုတ်လုပ်ပေးသည်။ ကမ္ဘာမြေကြီးနှင့်ဆင်းရဲသားတို့၏အော်မြည်ငိုကြွေးသံများသည်ကျယ်လောင်သည်ထက်ကျယ်လာလျှက်ရှိသည်။ နှစ်လကြာလာသည်နှင့်အမျှ နာကျင်မူပိုပိုလာလျှက်ရှိသည်။

သို့သော်သန့်ရှင်းသောဝိညာဉ်တော်တစ်ဦးစီအားစေ့ဆော် ချက်သည်အံ့အားသင့်ရသည်။ အဘယ်ကြောင့်ဆိုသော်ကမ္ဘာတစ်၀န်းရှိအစုအဖွဲ့များကိုစုစည်းစေပြီး၊ ဆင်းရဲသူများ၊ မြေ ယာ၊ ဘုံအိမ်များ၊ မိမိတို့ကိုယ်ကိုမိမိတို့ထိန်းသိမ်းကာကွယ်ရန်အခြေအနေမရှိသူများကိုထိန်းသိမ်းကာကွယ်စေသည်။ လူ ငယ်များ၊ အဖွဲ့အစည်းများ၊ ဒေသခံများသည်သဘာ၀ပတ်၀န်းကျင်ကြုံနေရသောပဋိပက္ခများကိုရင်ဆိုင်တုန့်ပြန်ရန်ရှေ့ဆုံး ၌ရှိနေကြသည်။ ကမ္ဘာကြီး၏ဂျူဗလီ (၀မ်းမြောက်ခြင်း) နှင့်သစ်လွှင်သောခြေလှမ်းများစတင်ရန်တောင်းဆိုနေကြသည်။ အဘယ်ကြောင့်ဆိုသော် အရာရာသည်ပြောင်းလဲနိုင်သည်။ အထိန်းအကွပ်မဲ့သောလောဘနှင့်သုံးဖြုန်းခြင်း ဖန်ဆင်းခြင်းနှင့်သဟဇာတရှိရှိနေထိုင်ရန်မှာ ဖန်ဆင်းခံနှင့်သင့်မြတ်နေရန်လိုသည်။

အဘယ်ကြောင့်ဆိုသော်သူ သည်ဖန်ဆင်းခံအားလုံး၏အရင်းအမြစ်ဖြစ်သည်။ ဂျူဗလီသည်ကျွန်ုပ်တို့လူသားအချင်းချင်းကိုပြန်လည်ဆန်းစစ်သင့်သော ကာလတစ်ခုဖြစ်သည်။ အထူးသဖြင့်ဆင်းရဲသားများနှင့်အကာအကွယ်မဲ့သူများကိုအလေးထားစဉ်းစားရမည့်အချိန်ဖြစ် သည်။ ဘုံအမွေကို၄င်းတို့နှင့်‌ဝေမျှရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်အတူတကွယှဉ်တွဲအသက်ရှင်ရန်ဖြစ်ပြီး၊ ယှဉ် ပြိုင်ရန်မဟုတ်ပေ။ ရွှင်လန်းရင်းနှီးသောစိတ်၊ အချင်းချင်းအားပေးထောက်ပံ့သောစိတ်၊ ကာကွယ်သောစိတ်များဖြင့်‌ဝေမျှ ရမည်။ ဂျူဗလီသည်ပျော်ရွှင်သောကာလသာမဟုတ်။ နားထောင်ရသောကာလလည်းဖြစ်သည်။ ဖန်ဆင်းခြင်း၏အသံကို နားစွင့်ရသည့်ကာလ၊ ကျွန်ုပ်တို့ကိုဖန်ဆင်းသောနေရာမှန်သို့ပြန်သွားရန်၊ ကျွန်ုပ်တို့သည်ဖန်ဆင်းခံများ၏သခင်မဟုတ်။ ဖန်ဆင်းခံများနှင့်တစ်စိပ်တစ်ပိုင်းပတ်သက်ဆက်နွယ်နေသည်ကိုသတိရှိရမည်။ ဇီ၀မျိုးစေ့များနှင့်အသွင်ကွဲနေခြင်း၊ ရာသီ ဥတုပူနွေလာခြင်းကြောင့်ဖြစ်ပေါ်လာသောဘေးဒဏ်များ၊ ဆင်းရဲသောသူများ၊ အကာအကွယ်မဲ့သူများအပေါ်မတရားပြု လုပ်ရာမှဖြစ်ပေါ်လာသောလက်ရှိကပ်ရောဂါဆိုးများသည် ကျွန်ုပ်တို့၏အထိန်းအကွပ်မဲ့သောလောဇော်တက်ခြင်း၊ ဖြုန်း တီးခြင်းများကိုပြန်လည်နိုးကြားလာရန်သတိပေးနေခြင်းဖြစ်သည်။

ဂျူဗလီသည်အချိန်ကာလသည် ဖိနှိပ်ညှဉ်းဆဲခံများ အားလွှတ်မြောက်စေသောအချိန်ကာလဖြစ်သည်။အဘယ်သူများသည်နှိပ်စက်ခံနေရသနည်း။ ဒေသခံများနှင့်အခြားသော ခေတ်သစ်နည်းလမ်းများဖြင့်ကျွန်ပြုစနစ်များဖြစ်သည့်လူကုန်ကူးခြင်း၊ အရွယ်မရောက်သေးသောကလေးများအားအလုပ် ခိုင်းစေခြင်းများမှကင်းလွှတ်စေရမည်ဖြစ်သည်။ အကြွေးကိုလျောပေးခြင်း၊ ဂျူဗလီအချိန်ကာလသည် မတရားမူကိုတရားမူဖြင့်ပြန်လည်အစားထိုးရမည့်အချိန်၊ အခြေအနေမဲ့နေသောတိုင်း နိုင်ငံများ၊ အထူးသဖြင့်ကိုဗစ် (၁၉) ကြောင့်ကျန်းမာရေးစောင့်ရှောက်မူစနစ်အားနည်းနေသော၊ လူမူရေးအခြေအနေနိမ့်ကျ နေသော၊ စီးပွားရေးချွတ်ခြုံကျနေသောနိုင်ငံများတင်ရှိနေသည့်ကြွေးမီများကိုလျောပေးခြင်းကိုပြုလုပ်ရမည့်ကာလဖြစ် သည်။ ဤသို့ပြုလုပ်ခြင်းသည်ဘက်စုံကိုပြန်လည်ကာမိစေရန်နှင့်ကမ္ဘာတစ်၀န်း၌သော်လည်းကောင်း၊ ပြည်တွင်းသော် လည်းကောင်းအလုပ်လက်မဲ့အကြပ်အတည်းကိုဖြေလျော့ပေးခြင်းလည်းဖြစ်သည်။ မူ၀ါဒ၊ ဥပဒေနှင့်ရင်းနှီးမြှုံနှံမူများ သည်အများ၏ကောင်းကျိုးကိုအဓိကထားစဉ်းစားရမည်ဖြစ်သည်။ အာမခံရမည်။ အပြည်ပြည်ဆိုင်၏လူမမူရေးနှင့်စီးပွား ရေးဦးတည်ချက်အတိုင်းဖော်ဆောင်ရမည်ဖြစ်သည်။

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : AFP or Licensors

https://bit.ly/2ZyW3Ih

Add new comment

3 + 1 =