"ကျွန်ုပ်တို့သည်ဘုရားသခင်၏ မျှော်မှန်းချက်များကိုအကောင်အထည်ဖော်ရန်အတွက် ဖန်ဆင်းထားခြင်းဖြစ်သည်။"

 "ကျွန်ုပ်တို့သည်ဘုရားသခင်၏ မျှော်မှန်းချက်များကိုအကောင်အထည်ဖော်ရန်အတွက် ဖန်ဆင်းထားခြင်းဖြစ်သည်။"

 "ကျွန်ုပ်တို့သည်ဘုရားသခင်၏ မျှော်မှန်းချက်များကိုအကောင်အထည်ဖော်ရန်အတွက် ဖန်ဆင်းထားခြင်းဖြစ်သည်။"

ပုပ်ရဟန်းမင်းကြီး "ဖရန့်စစ်" သည် တနင်္ဂနွေနေ့၌ ကျရောက်သော ယေဇူးဘုရင်ပွဲ တော် မစ္ဆားတရားတော်မြတ်ကို ကျင်းပပြုလုပ်ခဲ့သည်။ ဩဝါဒတရားတော်တွင် "ကျွန်ုပ်တို့သည် ဤလောက၌ ဘုရားရှင်၏ မျှော်မှန်းချက်များကို အကောင်အထည်ဖော်ရန် ဖန်ဆင်းထားခြင်းဖြစ်ကြောင်း" လူငယ်များအား ဖိတ်ကြားခဲ့သည်။ ပုပ်ရဟန်းမင်းကြီး "ဖရန့်စစ်" သည် ဝိနည်းနှင့်ဆိုင်ရာ အသင်းတော်၏ နောက်ဆုံးသာမန် တနင်္ဂနွေနေ့တွင် နှစ်စဉ် ကျင်းပလေ့ရှိသော ယေဇူးဘုရင် ပွဲတော်နေ့ကြီးကို "စိန့် ပီတာ" ဘုရား ကျောင်းတော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။ ထိုနေ့၏ ဧဝံဂေလိဝင်ကျမ်းကို အသုံးပြု၍ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်သည် ဩဝါဒတရားတော်မြတ်ကို အစပျိုးသည့်အနေဖြင့် သခင်ခရစ်တော် အကျယ်တဝင့်ဟောကြားသော နောက်ဆုံးတရားစီရင်ခြင်းအကြောင်းကို မြွက်ကြားခဲ့သည်။

“‌ယေဇူးသခင်သည် လက်ဝါးကပ်တိုင်ပေါ် မှ ကျွန်ုပ်တို့အတွက် မိမိ၏ ချစ်ခြင်း‌မေတ္တာများကို မ‌သွန်းလောင်းမီ သူ၏ နောက်ဆုံးဆန္ဒများကို မျှဝေပေးခဲ့သည်။ အသိမ်ငယ်ဆုံးဖြစ်သော ကျွန်ုပ်တို့၏ ညီအစ်ကို မောင်နှမများ ဆာလောင်သည်ဖြစ်စေ၊ ရေငတ်သည်ဖြစ်စေ၊ သူစိမ်းဖြစ်စေ၊ အကူအညီလိုအပ်နေသော လူနာများနှင့် ထောင်ကျခံရသူများအပေါ်သို့ ကောင်းမှုပြုခြင်းသည် သူ့အားပြုခြင်းဖြစ်သည်ဟု သခင်ယေဇူး မိန့်ကြားခဲ့သည်။

"ဘုရားသခင်၏ မျှော်မှန်းချက်များကို အကောင်အထည်ဖော်ခြင်း"

ကျွန်ုပ်တို့အားလုံးသည် ဤအလုပ်ကို လက်တွေ့ကျင့်သုံးခြင်း ရှိ၊ မရှိ ကိုယ့်ကိုယ်ကို စမ်းစစ်နိုင်သည်။ သခင်ယေဇူးသည် "ငါသည် ဤနေရာ၌ရှိ၏" ဟူသောစကားကို အလေးပေးပြောကြားခဲ့သည်မှာ သခင်ယေဇူးသည် “ဤအငယ်ဆုံးသောသူတို့အလယ်၌ တည်ရှိကြောင်း” ကို ဆိုလိုသည်ဟု ပုပ်ရဟန်းမင်းကြီးက ရှင်းပြခဲ့သည်။ အထူးသဖြင့် ပုပ်ရဟန်းမင်းကြီး "ဖရန့်စစ်" သည် လူငယ်များကို “ကြီးမြတ်သော အိပ်မက်များကို မစွန့်လွှတ်ကြပါနှင့်။ လိုအပ်တဲ့အရာတွေအတွက်နှင့် သက်တောင့်သက်သာ မနေကြပါနှင့်။ ကျွန်ုပ်တို့သည် ဘုရားရှင်၏ မျှော်မှန်းချက်များကို ဤလောက၌ အကောင်ထည်ဖော်ရန် ဖန်ဆင်းထားခြင်းဖြစ်သည်။" ဟူ၍ သတိပေးမြွက်ကြားခဲ့ပါသည်။

"ကြီးမြတ်‌သော ရွေးချယ်မှုကို လုပ်ခြင်း"

ပုပ်ရဟန်းမင်းကြီးက ကျွန်ုပ်တို့သည် ဤအရာကို ရွေးချယ်မှုကြီးများနှင့် လုပ်ဆောင်နိုင်သည်။ သခင်ယေဇူးသည် ကျွန်ုပ်တို့၏ ရွေးချယ်မှုများအပေါ် မူတည်၍ စီရင်လိမ့်မည်။ အမုန်းတရားနှင့် မကောင်းမှုကို ရွေးချယ်ခဲ့လျှင် ကျွန်ုပ်တို့သည် မည်သည့်အခါမျှ ပျော်ရွှင်မည်မဟုတ်ပါ။ သို့သော် ဘုရားရှင်ကို ရွေးချယ်လျှင်၊ သူ၏ ချစ်ခြင်းမေတ္တာ၌ နေ့စဉ်ကြီးထွား၍ အခြားသူကို မေတ္တာထား၍ ချစ်ရန်ရွေးချယ်လျှင် ကျွန်ုပ်တို့သည် စစ်မှန်သောပျော်ရွှင်မှုကို ရှာတွေ့မည်ဖြစ်သည်။" ဟူ၍ ပြောကြားခဲ့သည်။ အတားအဆီးများသည် ကျွန်ုပ်တို့၏ ရွေးချယ်မှုများကို အခက်အခဲဖြစ်‌စေသော အရာများဖြစ်ပြီး ကြောက်ရွံ့ခြင်း၊ လုံခြုံမှုကင်းမဲ့ခြင်း၊ အဖြေမရသော မေးခွန်းများလည်းပါဝင်ကြောင်း ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က ဝန်ခံခဲ့ပါသည်။သို့သော် ချစ်ခြင်းမေတ္တာသည်

"ငါဘာလို့ အသက်ရှင်နေရပြီး ဘယ်သူ့အတွက်ကြောင့် ရှင်သန်နေရတာလဲ?" ဟူသော မေးခွန်းကိုပင် မေးစရာမလိုအောင် ချစ်ခြင်းမေတ္တာသည် အခက်အခဲများကို ကျော်လွှားစေသည်။ ပုပ်ရဟန်းမင်းကြီး "ဖရန့်စစ်" က “ဘဝကိုရွေးချယ်ခြင်းဆိုသည်မှာ ယခုဝယ် ယခုစွန့်ပစ် ယဉ်ကျေးမှုကို ခုခံတွန်းလှန်ခြင်းနှင့် ကျွန်ုပ်တို့၏ ဘဝအသက်တာကို ကောင်းကင်နိုင်ငံပန်းတိုင်လမ်းသို့၊ ဘုရားသခင်၏ အိပ်မက်များဆီသို့ ဦးတည်နိုင်ရန်အတွက် ယခုအရာအားလုံးပိုင်ဆိုင်လိုသောဆန္ဒကို ဆိုလိုသည်။" ဟူ၍ ရှင်းပြခဲ့ပါသည်။

"သင့်အတွက် မည်သည့်အရာက အကောင်းဆုံးဖြစ်သလဲ?"

ပုပ်ရဟန်းမင်းကြီး "ဖရန့်စစ်" သည် ကောင်းမြတ်ခြင်းနှင့် ပျော်ရွှင်ခြင်းအတွက် ကြိုးစားသူများအတွက် နောက်ဆုံးအကြံဥာဏ်တစ်ခု ပေးခဲ့သည်။ နေ့စဉ် ရွေးချယ်မှုများကို ပြုလုပ်သည့်အခါ ကျွန်ုပ်တို့သည် “ငါဘာကို လုပ်ချင်နေတာလဲ?" ဟူသော မေးခွန်းမျိုးကို မမေးသင့်ပေ။ “ငါ့အတွက် မည်သည့်အရာက အကောင်းဆုံးလဲ” ဟု မိမိကိုယ်ကို မေးသင့်သည်။ ဤအရာသည်သန့်ရှင်းသော ဝိညာဉ်တော်အား နှလုံးသားထဲထည့်သွင်းသော မေးခွန်းဖြစ်သည်။" ဟူ၍ မိန့်ကြားခဲ့ပါသည်။ ပုပ်ရဟန်းမင်းကြီး "ဖရန့်စစ်" က “ဒီအတွင်းစိတ်၏ ပိုင်းခြားသိမြင်မှုများသည် ပြတ်ပြတ်သားသားရွေးချယ်မှု သို့မဟုတ် ကျွန်ုပ်တို့၏ ဘဝကို ပုံသွင်းပေးသော ဆုံးဖြတ်ချက်များ ဖြစ်စေနိုင်သည်။” ဟု နိဂုံးချုပ် ပြောကြားခဲ့သည်။ "သခင်ခရစ်တော်၏ ရွှေမျက်နှာတော်ကို ကြည့်လျက် ကျွန်ုပ်တို့အတွက် အကောင်းဆုံးအရာများကို ရွေးချယ်နိုင်ရန်နှင့် ချစ်ခြင်းမေတ္တာလမ်းစဥ်အားဖြင့် သခင်ခရစ်‌တော်၏ နောက်‌တော်သို့လိုက်နိုင်ရန် တောင်းလျှောက်ကြပါစို့။ ဤနည်းဖြင့် ကျွန်ုပ်တို့သည် ဝမ်းမြောက်ခြင်းကို ခံစားကြရသည်။” ဟူ၍ မိန့်ကြားကာ ဩဝါဒတရားတော်ကို အဆုံးသတ်ခဲ့ပါသည်။

 

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/3639Vhx

Add new comment

18 + 1 =