ကိုယ်တော်မြတ်သည် ရဟန္တာတို့အတွက် ဆုလာဒ်မဟုတ်၊ သို့သော် အပြစ်သားများအတွက် မုန့်ဖြစ်၏။

 ကိုယ်တော်မြတ်သည် ရဟန္တာတို့အတွက် ဆုလာဒ်မဟုတ်၊ သို့သော် အပြစ်သားများအတွက် မုန့်ဖြစ်၏။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ကိုယ်တော်မြတ်ပွဲတော်မြတ်ကြီးနေ့ကို ကျင်းပပြုလုပ်ရာတွင် ယုံကြည်သူများအား ဘုရားသခင်၏ ဆုလာဒ်တော်ဖြစ်သော ကိုယ်တော်မြတ်ကို လက်ခံကြိုဆိုကြရန်နှင့် ကျွန်ုပ်တို့ ဘဝအသက်တာ၏ ဆုလာဒ်အနေဖြစ် ပြုလုပ်ကြဖို့ ဖိတ်ခေါ်ခဲ့ပါသည်။

အီတလီနိုင်ငံ၌ သော်လည်းကောင်း၊ အခြားနိုင်ငံများသော်လည်းကောင်း သခင်ခရစ်တော်၏ အသွေးတော်မြတ်နှင့် အသားတော်မြတ်ပွဲတော်နေ့ကြီးကို ကျင်းပပြုလုပ်ကြရာတွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ကိုယ်တော်မြတ်စက္ကရမင်တူး၏ ဆုလာဒ်တော်အကြောင်းကို စဉ်းစားထောက်ရှုခဲ့ရာ ယုံကြည်သူများအား သခင်ခရစ်တော်နည်းတူ သူတို့၏ ဘဝကို လက်ဆောင်များအဖြစ် ရှင်သန်ကြဖို့ ဖိတ်ကြားခဲ့သည်။

တနင်္ဂနွေနေ့ အန်ဂျေလူးစ် မေတ္တာဆိုရန်အတွက် စိန့်ပီတာရင်ပြင်၌ စုရုံးနေကြသော လူထုပရိသတ်နှင့် မီဒီယာမှတဆင့် စောင့်ကြည့်နေသူများကို မိန့်ခွန်းပြောကြားရာတွင် ပုပ်ရဟန်းမင်းကြီးသည် နောက်ဆုံးညစာစားပွဲ၏ အဖြစ်အပျက်ကို  (မာကု ၁၄:၁၂-၁၆၊ ၂၂-၂၆) တွင် ဖော်ပြထားသည့်အတိုင်း ပြန်လည်သုံးသပ်ခဲ့သည် ။

“ သခင်ဘုရား၏ နှုတ်ကပါတ်တော်များနှင့်အမှုအရာများသည် ကျွန်ုပ်တို့၏နှလုံးသားကိုထိရှစေသည်။ သူသည်မုန့်ကို သူ့လက်ဖြင့် ယူ၍ မင်္ဂလာစကား ရွက်ဆိုလျက် မုန့်ကို ဖဲ့ပြီးတပည့်တော်ကြီးများအား “ယူ၍ သုံးဆောင်ကြကြလော့။ ဤသည်ကား ငါ၏ခန္ဓာကိုယ်ဖြစ်၏ "ဟူ၍  ရွက်ဆိုခြင်းဖြင့် သခင်ခရစ်တော်သည်ပေးကမ်းခြင်းနှင့် မျှဝေခြင်းကို နှိမ့်ချသောအမူအရာနှင့် ကျွန်ုပ်တို့အားအကြီးမားဆုံးစက္ကမင်မင်္ဂကိုပေးခဲ့သည်။" ဟူ၍ ပုပ်ရဟန်းမင်းကြီးက ရိုးရှင်းစွာဖြင့် မိန့်ကြားခဲ့သည်။

 

"အကြီးမြတ်ဆုံးသောအရာမှာ အစေခံရန်ဖြစ်သည်။"

 

ယေဇူးသခင်သည် မိမိ၏အသက်တာ၏နောက်ဆုံးပိုင်း၌ “လူအစုအဝေးကိုကျွေးမွေးရန် မုန့်များ မျှဝေမပေးခဲ့ပေ။ သို့သော် တပည့်တော်တို့နှင့်အတူ ပသခါညစာစားပွဲ၌ မိမိကိုယ်ကိုချိုးဖဲ့ခြင်းဖြင့် ဘဝ၏ မျှော်မှန်းချက်သည် မိမိကိုယ်ကို ပေးဆပ်ခြင်းဖြစ်ပြီး  "အကြီးမားဆုံးအရာမှာ အစေခံခြင်းဖြစ်ကြောင်း သခင်ခရစ်တော်သည် ကျွန်ုပ်တို့အား ပြသခဲ့သည်။

ချစ်ခြင်းမေတ္တာနှင့်မျှဝေခြင်းတို့ဖြင့်ပြည့်နှက်နေသော နုနယ်သည့် အရာ၊ မုန့်တဖဲ့၌ ဘုရားသခင်၏ ကြီးမြတ်မှုကို မည်သို့ရှာတွေ့သည်ကိုပြန်လည်သုံးသပ်ရာတွင် ပုပ်ရဟန်းမင်းကြီးက သခင်ခရစ်တော်သည်  နောက်ဆုံးညစာစားပွဲ၌ မုန့်ကဲ့သို့ ပျက်စီးလွယ်၊ ကျိုးပဲ့လွယ်ကြောင်း၊ သို့သော်သူ၏အစွမ်းသတ္တိသည် ထိုနေရာ၌ ထိုနည်းအတိုင်း ပင်တည်ရှိသည်။" ဟူ၍ “နုနယ်သော" ဟူသည့် စကားလုံးကို ရှင်းပြခဲ့ပါသည်။

 

"အသက်ကိုပေးသောချစ်ခြင်းမေတ္တာ၏ခွန်အား"

“ကိုယ်တော်မြတ်မုန့်တော်၏ နုနယ်ခြင်းသည် ခွန်အားဖြစ်သည်။ မိမိကို လက်ခံနိုင်ရန်နှင့် ‌မကြောက်ရွံ့စေရန်အတွက် မိမိကိုယ်ကို သေးငယ်သည့် ချစ်ခြင်းမေတ္တာ၏ခွန်အား၊ အသက်တာကိုအာဟာရဖြည့်တင်းနိုင်ရန်အတွက် မိမိကိုယ်ကို ကျိုးပဲ့ခြင်း၊ မျှဝေခံရသော ချစ်ခြင်း၏ခွန်အား၊ ကျွန်တော်တို့ကို စည်းလုံးညီညွတ်ခြင်း၌ အတူပါဝင်ရန် မိမိကိုယ်ကို ခွဲထုတ်လိုက်သော ချစ်ခြင်းမေတ္တာရဲ့အင်အားဖြစ်သည်။” ဟူ၍ မိန့်ကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကိုယ်တော်မြတ်မုန့်တော်၏ နုနယ်ခြင်း၏ နောက်ထပ် ခွန်အားဖြစ်စေသည့် အကြောင်းအရာကို မိန့်ကြားရာတွင် "အမှားပြုသူတွေကို ချစ်နိုင်ရန် ခွန်အားဖြစ်သည်။" ဟူ၍ဆက်လက်ပြောဆိုခဲ့သည်။

“သခင်ယေဇူးသည် အပ်နှံမခံရမီညတွင် ကျွန်ုပ်တို့အား အသက်မုန့်တော်ကို ပေးခဲ့သည်။သူသည် မိမိစိတ်ထဲတွင် အနက်ရှိုင်းဆုံးသော သောကဝေ‌ဒနာကို ခံစားနေစဉ် ကျွန်ုပ်တို့ကို အကြီးမြတ်ဆုံးလက်ဆောင်ကို ပေးခဲ့သည်။ သူနှင့်အတူ စားသောတပည့်တော်၊ မုန့်ကိုတူညီသည့် ပန်းကန်ထဲ၌ အတူ၊ မြှုပ်ထားသောသူသည် ကိုယ်တော်ကို အပ်နှံခဲ့သည်။”

 

"အဆိုးကို ကောင်းမှုဖြင့် တုံ့ပြန်ခြင်း"

မိမိအား သစ္စာဖောက်သောသူကြောင့် ဖြစ်ပေါ်လာသော ဆင်းရဲဒုက္ခများကို သခင်ယေဇူးသည် အဆိုးကို ပိုမိုကောင်းမြတ်မှုများစွာနှင့်တုံ့ပြန်ခဲ့သည်။ “ သူသည်ယုဒ၏ ငြင်းဆိုမှုကို ကရုဏာတရား၏ 'လက်ခံခြင်းဖြင့်" တုံ့ပြန်ခဲ့သည်။ သူသည် အပြစ်သားကို အပြစ်ဒဏ်မပေးသည့်အပြင် အပြစ်သားအတွက် မိမိအသက်ကို ပေးအပ်ခဲ့သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်မြတ်ကို ပင့်ယူသည့်အခါ ယေဇူးသည် ထိုနည်းတူပြု၏။ သူသည် ကျွန်ုပ်တို့ကိုသိ၏။ ကျွန်တော်တို့သည် အပြစ်သားများဖြစ်ကြောင်း၊ အမှားများစွာ ပြုမိကြောင်း သူသိမြင်တော်မူ၏။ သို့သော် ကျွန်ုပ်တို့ဘဝ၌ သူပါဝင်ရန် မည်သည့်အခါမျှ အလျော့မပေးခဲ့ချေ။

ကိုယ်တော်မြတ်သည် ရဟန္တာတို့အတွက် ဆုလာဒ်မဟုတ်၊ သို့သော် အပြစ်သားများအတွက် မုန့်ဖြစ်ကြောင်း ဖော်ပြရာတွင် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က "အသက်တာမုန့်တော်ကို ကျွန်ုပ်တို့ လက်ခံရရှိတိုင်း သခင်ဘုရားသည် ကျွန်ုပ်တို့၏ အားနည်းချက်များ၌ အဓိပ္ပာယ်သစ်ကို ထည့်သွင်းပေးရန် ကြွလာကြောင်း မိန့်ကြားခဲ့သည်။

ယုံကြည်သူများအား သူတို့၏အားနည်းချက်များကို ဘုရားသခင်နှင့် အတူမျှဝေကြ ရန်တိုက်တွန်းခဲ့သည်။ ဘုရားရှင်၏ ကရုဏာတော်သည် ကျွန်ုပ်တို့၏ဒုက္ခများကို မကြောက်ကြောင်း သတိပေးခဲ့သည်။

ထို့အပြင် သူသည် ကျွန်ုပ်တို့ မိမိကိုယ်တိုင် မကုစားနိုင်သော အားနည်းချက်များမှ ချစ်ခြင်းမေတ္တာဖြင့်ကျွန်ုပ်တို့ကိုကုသပေးသည်။ ကျွန်ုပ်တို့ကိုနာကျင်စေ

သော သူတို့ကို နာကြည်းခြင်း၊ အခြားသူများနှင့်မိမိကိုယ်ကို ဝေးကွာစေခြင်း၊ ကျွန်တော်တို့ မိမိကိုယ်ကို စိတ်မကောင်းဖြစ်မိပြီး ငြိမ်သက်ခြင်း မရရှိဘဲငိုကြွေးခြင်းတို့မှ ကျွန်ုပ်တို့အား ကုသပေး၏။” ဟူ၍ မိန့်ကြားခဲ့သည်။

 

" ကိုယ်တော်မြတ်သည် ကျွန်ုပ်တို့အား သခင်ယေဇူးနှင့် ချိတ်ဆက်ပေးသည်။"

ပုပ်ရဟန်းမင်းကြီးက ပြောကြားရာတွင် “ကိုယ်တော်မြတ်သည် ယေဇူးသခင်နှင့် ချိတ်ဆက်နေသောကြောင့် ကုသမှုပေးသည်။ ၎င်းသည်ကျွန်ုပ်တို့အား သခင်ခရစ်တော်၏ နေထိုင်မှုပုံစံအတိုင်း အတုယူရှင်သန်စေပြီး အဆိုးကို၊ အကောင်းဖြင့် တုံ့ပြန်နိုင်ရန် ညီအစ်ကိုမောင်နှမများထံ ချိုးဖဲ့၍ပေးရန် တတ်စွမ်းနိုင်သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် သူ၏ဘုရားစကား သင်ကြားခြင်းကို နိဂုံးချုပ်ရာတွင် "သခင်ဘုရားသည် ကျွန်ုပ်တို့အား မိမိတို့အထဲမှ  အပြင်ဘက်သို့ ထွက်ခွာ၍ သူတစ်ပါး၏ အားနည်းချက်များ၌ နှိမ့်ချစွာ ခေါင်းညိမ့် လက်ခံတတ်ရန် အားအင်ပေးသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ပြုသကဲ့သို့ - ဤသည်မှာ ကိုယ်တော်မြတ်မုန့်တော်၏ ယုတ္တိဗေဒပင်ဖြစ်သည်။ အခြားသူများအား ချစ်ရန်နှင့် သူတို့၏ အားနည်းချက်များမှ ကူညီပေးရန်၊ ကျွန်ုပ်တို့ကို ချစ်၍ ကျွန်ုပ်တို့၏မသန်စွမ်းမှုများကိုကုသပေးသော ယေဇူးကို ကျွန်ုပ်တို့ ပင့်ယူကြသည်။မြတ်စွာဘုရား၏ မယ်တော်သည် ကိုယ်တော်မြတ်မုန့်တော်၏ ဆုလာဒ်တော်များကို လက်ခံနိုင်ရန်နှင့် ကျွန်ုပ်တို့ဘဝ၏ လက်ဆောင်အဖြစ် ပြုလုပ်ရန် ကျွန်ုပ်တို့အားကူညီစောင်မပါစေသော်။" ဟူ၍ မယ်တော်သခင်မ၏ အကူအညီကို တောင်းခံကာ ဩဝါဒတရားတော်ကို နိဂုံးချုပ်ခဲ့ပါသည်။

 

ဘာသာပြန်-Sr.Lucy Ciang,SJA

https://bit.ly/3pANBUB

Add new comment

4 + 14 =