Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကန့်သတ်ချက်များလျော့ကျစေရန်အမြော်အမြင်ရှိအောင်ဆုတောင်းကြရန်ရဟန်းမင်းကြီးမြွတ်ကြား
ကန့်သတ်ချက်များလျော့ကျစေရန်အမြော်အမြင်ရှိအောင်ဆုတောင်းကြရန်ရဟန်းမင်းကြီးမြွတ်ကြား
ယခုကဲ့သို့ရောဂါကပ်ဆိုးကာလ၌လူများသည်ကန့်သတ်ပိတ်ပင်မူများမှ အမြန်ဆုံးလျော့ကျသွားစေရန်အမြော်အမြင်နှင့်နာခံပါ၀င်တတ်သောအသိစိတ် ရှိသည့်ကောင်းကြီးကိုတောင်းခံရမည်။ သို့မှသာ ဤရောဂါကပ်ဆိုးကြီးနောက် ကြောင်းပြန်မလှည့်နိုင်မည်ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော်အိမ်တွင်း အောင်းသည်ကာလကိုအဆုံးသတ်လိုက်မည်ဆိုပါကမဆင်မခြင်သွားလာကြ မည့်သူများစွာရှိကြမည် ဖြစ်သည်။
ဂျူးဘာသာရေးခေါင်းဆောင်တို့သည်မဟုတ်မမှန်စွပ်စွဲချက်များဖြင့်စတေ ဖင်အားအမူတင်ခဲ့ကြသည်။ (တမန်တော် ၇း၅၁-၈း၁) စတင်ဖင်းသည်သူ့အား မမှန်မကန်အဘယ်သို့စွပ်စွဲစေကာမူမ ကြောက်မရွံ့ဘဲရဲ၀စွာဖြင့်လူအုပ်ကြီး၊ သက်ကြီး၀ါကြီးနှင့်ကျမ်းတတ်ဆရာများ တို့အားပြန်လည်ပြောဆိုခဲ့သည်။ ဤ ဘာသာရေးခေါင်းဆောင်များသည်ဘာသာ၀င်များအား၀ါဒသွင်း၊ မှိုင်းတိုက်ထား ပြီး၊ စတီးဖင်းအားဘုရားကိုထိခိုက်စော်ကားသောအမူဖြင့်မြို့ပြင်သို့ဆွဲထုတ် သွားကာခဲနှင့်ရက်စက်စွာပေါက်သတ်ရန်စီရင်ခဲ့ကြသည်။
ဥပဒေကိုနောကြေသောပညာရှင်များသည်စတီးဖင်း၏ထုချေလွှာကိုဆုံး အောင်နားမထောင်။ လုပ်ကြံစွပ်စွဲချက်ကိုသာနားထောင်ခဲ့သည်။ ယေဇူးသခင် အားလည်း၄င်းတို့သည်ဤနည်းတူပြုခဲ့ကြသည်။ ထိုဖြစ်ရပ်မျိုးသည် ယနေ့ ခေတ်ကာလ၌လည်းဖြစ်ပျက်နေသည်။ ဥပမာပြရသောအာရှဘီဘီ၏အဖြစ် အပျက်ပင်ဖြစ်ပါသည်။ သူသည်အကျဉ်းထောင်ထဲ၌နှစ်ပေါင်းများစွာကျခံခဲ့ ရ သည်။ အဘယ် ကြောင့်ဆိုသော်ထိ ခိုက်စော်ကားပြောဆိုခဲ့သည့်ပြစ်မူမြောက် သည်ဟုစီရင်ခဲ့သည်။ ထိုလုပ်ကြံသောသ တင်းများ၌တစ်ခါတရံအမှန်တရား ဖက်ကဘာမျှမလှုပ်မရှား နိုင်အောင်ကွက်စေ့စီစဉ်ပိတ်ဆို့ထားပြီးဖြစ်သည်။
လူများအားဖိနှိပ်ချင်လာသောအခါရှိုအာကိုသတိရလိုက်မိသည်။ လူတို့အားနှိပ် ကွပ်လို၊ ဂုဏ်အသရေဖျက်ဆီးလို၊ နေ့စဉ်အတင်းအဖျင်းပြောဆိုမူများသည်လူ တို့အားစီရင်နေခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်နေ့စဉ်အနည်းငယ်စီပြု သော၊ ပြောဆိုသောမကောင်းမူများသည်ကြာလာသောအခါအခြားသူများအား ဤအထင်မျိုး၀င်စေပြီး၊ ထိုသို့ပြောဆိုခံရသောသူများသည်အ များ၏ပစ်ပယ် ခြင်း၊ အထင်လွှဲခြင်းကိုခံကြရသည်။
အမှန်တရားကိုသာသက်သေခံပါ။ အမှန်တရားသည်ရှင်း၏။ ပွင့်လင်းမြင် သာ၏။ ယုံကြည်ရ မည်။ အမှန်တရားကိုကျွန်ုပ်တို့အဘယ်မျှ သက်သေခံသ နည်းစဉ်းစားကြပါစို့။ ကျွန်ုပ်တို့၏အပြောအဆို ကိုဥပမာထားကြပါစို့။ ကျွန်ုပ်တို့ ၏ထင်မြင်ချက်များဖြင့်၏ဤအတင်းအဖျင်းကို ကျူးလွန်ကြသည်။ ကျွန်ုပ်တို့ ခရစ်ယာန်အသင်းအဖွဲ့ကြီးများ၌လည်းနေ့စဉ်အတင်းအဖျင်းပြောဆိုခြင်းများကျူးလွန်နေကြသည်။ ဘုရားသခင် သည်ကျွန်ုပ်တို့အားမမှန်မ ကန်စီရင်ခြင်း နှောင်ဖွဲ့မှလွှတ်မြောက်စေပြီး၊ ရိုးသားဖြောင့်မတ်သူများ၊ အမှန်တရားအပေါ်၌ သာအခြေခံသောအပြော အဆိုများကိုသာပြောဆိုနိုင်ရန်ကူညီပါ မည့်အကြောင်း ဆုတောင်းကြပါစို့ဟုတိုက်တွန်းခဲ့သည်။ Vatican news
ဘာသာပြန် ဖာသာရ် ကလဲမင့်အားတယ်
Add new comment