အမှန်အမှား

လူတွေက မှားတယ်၊ မှန်တယ် ဆိုတာ မျိုးတွေကို ငြင်းခုန်ရတာ အရမ်း သဘောကျကြတယ် ...

တကယ်က အမှား၊ အမှန် ဆိုတာထက် ... အမြင်တွေ၊ အတွေ့အကြုံတွေ မတူကြတဲ့ အခါ ... အဖြေတွေ မတူညီကြတာပါ ...

ထင်မြင်ယူဆချက် Perspective ဆိုတာက ... ရှုထောင့် Dimension မတူညီရင် ... အသိဉာဏ် ပညာ Wisdom မတူညီရင် ...

အချိန်ကာလ Time Line မတူတော့ရင် အမြင်တွေက မတူတတ်ကြပါဘူး ... ဒါကြောင့် အခြားလူ ဆိုတာထက် ...

ကိုယ်တစ်ယောက်ထဲတောင် ငယ်ငယ်က ခံယူထားတဲ့ အမြင်နဲ့ အသက်အရွယ် တစ်ခုရောက်မှ မြင်တဲ့ အမြင်တွေ မတူတော့တာ၊ ပြောင်းလဲသွားတာ ရှိသလို ...

သားသမီးက မိဘနေရာ ရောက်သွားမှ ... အလုပ်သမားဘ၀ကနေ အလုပ်ရှင် ဖြစ်လာမှ ...

သိရ မြင်ရတဲ့ အမြင်တွေ ကလဲ ... မတူညီနိုင်တော့သလို ... သူတို့ ပြောတာ မှန်ပါလား ...

ဟုတ်ပါလား ... ဆိုတာမျိုးတွေကို ခံစား သိရှိရမှာ ဖြစ်ပါတယ် ... တချို့ကိစ္စတွေမှာ အမှန်တရားကို သေသေချာချာ သိရှိနိုင်ဖို့ ...

အချိန်တစ်ခုကို စောင့်ရတာမျိုးလဲ ရှိနိုင်ပါတယ် ... ကိစ္စတစ်ခုကို မျက်ဝါးထင်ထင် မြင်ရမှ ... တွေ့ရမှ ... ကြုံရမှ ... အမှန်လို့ ယူဆမယ်ဆိုရင် ...

အဲ့ဒီအချိန်ကို ရောက်အောင် စောင့်ကြည့်ရမှာ ဖြစ်လို့ ငြင်းခုန်နေရင်လဲ မထူးခြားနိုင်ပါဘူး ...

နောက်ပြီးတော့ လူတွေက အမှန်တရား ဆိုတာထက် ... သူတို့ သဘောအတိုင်း ...

သူတို့ စိတ်ကြိုက်အတိုင်း အခြားလူက မပြုမူနေဘူး ဆိုရင်လဲ မှားတယ်ဆိုပြီး အပြစ်တင်တဲ့ အပြင် ... စွန့်ခွာသွား တတ်ကြပါတယ်...

ဒီတော့ ကိုယ်က မှန်တယ် မှားတယ် ဆုံးဖြတ်ဖို့ အတွက် ...

အခြားသူတွေကို ဝေဖန် အပြစ်တင်ဖို့ အတွက် ...

အချက်အလက် အကြောင်းအရာ များစွာ အပေါ်မှာ မူတည်နေလို့ ...

အခြားသူကို လက်ညှိုးထိုး အပြစ်တင်ဖို့ထက် ...

မိမိကိုယ် မိမိ Self-Awareness လေးထားကာ အရာရာကို ဝေဖန်သုံးသပ်လွန်းတာ Judgment တွေ မလုပ်မိဖို့ရယ် ..

. အခြားသူတွေကို ကိုယ်ချင်းစာစိတ် Empathy လေးထားကာ သူတို့နေရာက ဝင်ကြည့်ပေး ဝင်တွေးပေးတတ်ဖို့ပဲ အရေးကြီးတာပါ ...

Add new comment

4 + 0 =