အကြံပိုင်တဲ့ ကျောင်းသားလေးယောက်

ဒီကနေ့ သီရိဂေဟာအစီအစဉ်ထဲကလူငယ်ကဏ္ဍအနေဖြင့် အကြံပိုင်သောကျောင်းသားလေးယောက် ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးလိုက်ပါတယ်။

အကြံပိုင်တဲ့ကျောင်းသားလေးယောက်အ‌ြေကာင်းကိုတင်ဆက်ပေးထားပါတယ်။တစ်ညမှာကောလိပ်ကျောင်းသားလေးယောက်ဟာကျောင်း
အ ြပင်ထွက်အပျော်ြကူးခဲ့ြကရာကအဆောင်ကိုအချိန်လွန်မြှပန်ရောက်ြကတဲ့အ ြပင်အရင့်အရင်ရက်တွေကလည်းြကိုတင်ြပင်ဆင်မှုမရှိခဲ့တဲ့အတွက်နောက်တစ်နေ့မှာ‌ြေဖဆိုရမယ့်လပတ်စာမေးပွဲအတွက်အဆင်သင့်မြဖစ်ြကပါဘူး။နောက်တစ်နေ့မနက်မှာမနက်စာစားြကရင်းအဲဒီအခက်အခဲကိုဘယ်လို‌ြေဖရှင်းြကမလဲဆိုတာတိုင်ပင်ြကပါတယ်။နောက်ဆုံးသဘောတူဆုံးြဖတ်ခဲ့ြကတာကသူတို့ဟာဆီချေးတွေစွန်းပေနေတဲ့အဝတ်အစားတွေဝတ်သွားြပီးကောလိပ်ကျောင်းအုပ်ြကီးဆီသွားတွေ့ြကမယ်၊ညတုန်းကသူတို့ဟာမင်္ဂလာဆောင်တစ်ခုကညစာစားပွဲကိုသွားခဲ့ကြတယ်၊ညစာစားပွဲကအပြန်သူတို့ငှါးစီးလာတဲ့တက္ကစီးကားဘီးပေါက်သွားလို့ဘီးလဲတာကိုအကူအညီပေးနေရတာနဲ့အဆောင်ပြန်ရောက်ချိန်အရမ်းနောက်ကျသွားကြောင်းဒါကြောင့်ဒီနေ့ဖြေဆိုရမယ့်စာမေးပွဲအတွက်ပြင်ဆင်ချိန်မရဖြစ်သွားတာမို့ခွင့်လွတ်ပေးဖို့နဲ့တစ်နည်းတစ်ဖုံစီစဉ်ပေးဖို့ကောလိပ်ကျောင်းအုပ်ကြီးကိုခွင့်လွတ်ပေးဖို့နဲ့တစ်နည်းတစ်ဖုံစီစဉ်ပေးဖို့ကောလိပ်ကျောင်းအုပ်ကြီးကိုအသနားခံကြမယ်ဆိုတဲ့အကြံနဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။
သူတို့လေးဉီးစလုံးဟာသူတို့ရဲ့အကြံဟာတကယ့်ကိုပိုင်တဲ့အကြံပဲဆိုပြီးကောလိပ်ကျောင်းအုပ်ကြီးကိုသွားတွေ့ခဲ့ကြပါတယ်။သူတို့တိုင်ပင်ထားတဲ့လုပ်ဇာတ်အတိုင်းကောလိပ်ကျောင်းအုပ်ကြီးကိုတင်ပြပြီးလပတ်စာမေးပွဲနဲ့ပတ်သက်လို့တစ်နည်းတစ်ဖုံစီစဉ်ပေးဖို့အရေးတောင်းဆိုခဲ့ကြပါတယ်။
ကျောင်းအုပ်ကြီးကခဏစဉ်းစားပြီး နောက်သုံးရက်ကြာရင်သူတို့လေးယောက်ကိုသီးသန့်စာမေးပွဲစစ်ပေးမယ်လို့ပြောခဲ့ပါတယ်။သူတို့လေးယောက်ဟာကျောင်းအုပ်ကြီးကိုကျေးဇူးတင်စကားပြောပြီးပြန်လာခဲ့ကြပါတယ်။သုံးရက်ဆိုတဲ့အချိန်ကာလဟာစာမေးပွဲအတွက်ပြင်ဆင်ဖို့လုံလောက်တဲ့အချိန်ဖြစ်ပါတယ်။
သုံးရက်မြောက်ပြီးသူတို့လေးယောက်အတွက်သီးသန့်စာမေးပွဲစစ်ပေးတဲ့အချိန်ကိုရောက်ရှိလာပါပြီ။သူတို့လေးယောက်ကလည်းဖြေဆိုရမယ့်စာတွေကိုကျေညက်အောင်လေ့လာပြီးကြပါပြီ။ကျောင်းအုပ်ကြီးကသူတို့လေးယောက်ကိုသီးသန့်စာမေးပွဲစစ်ပေးတဲ့အချိန်မှာအတူတူမဖြေခိုင်းဘဲတစ်ယောက်တစ်ခန်းစီဖြေခိုင်းပါတယ်။ပြီးတော့မှသူတို့လေးယောက်ကိုတူညီတဲ့မေးခွန်းလွှာတစ်ခုကိုချပေးလိုက်တယ်။
အဲဒီမေးခွန်းလွှာတွေမှာမေးခွန်း ၂ ခုပဲ ပါတာပါ။
မေးခွန်းအမှတ် (၁)က သင့်နာမည်ဘယ်လိုခေါ်ပါသလဲ။အပြည့်အစုံရေးပေးပါ...တဲ့။မေးခွန်းဘေးမှာရေးထားတဲ့ရမှတ်က ၁ မှတ်ဖြစ်ပါတယ်။
မေးခွန်းအမှတ် (၂)က သင်တို့တက္ကစီကား စီးပြီးပြန်လာတဲ့အချိန်မှာတက္ကစီကားကဘယ်ဘီးပေါက်သွားတာလဲဆိုတာကိုမှန်ကန်စွာဖြေဆိုပါတဲ့။မေးခွန်းဘေးမှာရေးထားတဲ့ရမယ့်အမှတ်က ၉၉ မှတ်ဖြစ်ပါတယ်။
မေးခွန်းအောက်မှာရွေးချယ်အမှတ်ခြစ်ဖို့ရာဘီးလေးဘီးဖော်ပြပေးထားပါတယ်။
(က)ဘယ်ဘက်ရှေ့ဘီး
(ခ)ညာဘက်ရှေ့ဘီး
(ဂ)ဘယ်ဘက်နောက်ဘီး
(ဃ)ညာဘက်နောက်ဘီး
အဲဒီအကြံပိုင်တဲ့ကျောင်းသားလေးယောက်ဟာ အထက်ဖော်ပြပါမေးခွန်းနှစ်ခုအရလပတ်စာမေးပွဲအောင်နိုင်ခြေရှိမယ်လို့ထင်ပါသလား။
သင်ခန်းစာကတော့ ကိုယ့်အကြောင်းကိုသိပြီး ကိုယ့်တာဝန်ကိုယူတတ်ဖို့ပါ။

Add new comment

5 + 14 =