လွယ်လွယ်လက်မလျော့ပါနဲ့

တစ်ခါက လယ်သမားတစ်ယောက်က လယ်တောက အပြန်လမ်းမှာ ကျောက်တုံး တစ်တုံးကိုတွေ့တယ်။

ကျောက်တုံးက တော်တော်လေး လှပတဲ့အတွက် ဒီကျောက်တုန်းနဲ့ ပန်းပုရုပ်ထုမယ်လို့ စိတ်ကူးရသွားတယ်၊

အဲဒါနဲ့ သူတို့ရွာမှာရှိတဲ့ ပန်းပုဆရာဆီကို သွားပြီးတော့ ဒီကျောက်တုံး ကို ပန်းပုထုချင်ပါတယ်ပေါ့ ဘာအရုပ်ထုမယ်၊ ဘယ်လိုပုံစံ ဘာညာပေါ့ ..

ပန်းပုဆရာကလည်း တစ်ပတ်လာက်တော့ကြာမယ် … ဘယ်ရွေ့ဘယ်မျှ ကျသင့်မယ် ပြောတာပေါ့ … လယ်သမားလည်း ကောင်းပါပြီပေါ့

နေက်တစ်ပတ်ကျရင် လာယူမယ်ပေါ့ … လယ်သမားပြန်သွားတော့ ပန်းပုဆရာက အဲဒီကျောက်တုံး ကို ပန်းပုထုဖို့ ဆောက်နဲ့စထွင်းတာပေါ့ ကျောက်တုံးက မာလွန်းလို့ ဘယ်လိုမှလုပ်မရဘူး

…ဒီလိုနဲ့ တစ်ပတ်ပြည့်သွားတော့ လယ်သမားက ပန်းပုဆရာဆီကို ပန်းပုရုပ်ရွေးဖို့ ပြန်လာတော့ပေါ့ ….

အဲဒီမှာ ပန်းပုဆရာက လယ်သမားကို ခင်ဗျားယူလာတဲ့ ကျောက်တုံးက ဘာကျောက်တုံးလည်း တော့ မသိဘူး တစ်ပတ်လုံး ကျွန်တော် ပန်းပုထုဖို့ကြိုးစားတာပဲ ဒါပေမယ့် မရဘူးဗျ တော်တော်မာတယ် …

ခင်ဗျား ကျောက်တုံး ပြန်ယူသွားလိုက်တော့ ….

ပိုက်ဆံလည်း ပေးမနေနဲ့တော့ ဆိုပြီးတော့ ပြောပါတယ် … လယ်သမားလည်း ကျေးဇူးတင်ပါတယ် ဘာညာပြောပြီးတော့ ကျောက်တုံးကို ပြန်ယူလာပါတယ်။

လယ်သမားက ဒီကျောက်တုံးကို ပန်းပုရုပ်ထုဖို့ စိတ်က အားသန်နေတော့ အခြား ပန်းပုဆရာတစ်ယောက်ဆီကို သွားပြန်ပါတယ်။

အဲဒီရောက်တော့လည်း ပထမ ပန်းပုဆရာတုန်းကလိုပဲ ဒီကျောက်တုံး ကို ပန်းပုထုချင်ပါတယ်ပေါ့ ဘာအရုပ်ထုမယ်၊ ဘယ်လိုပုံစံ ဘာညာ စသည်ဖြင့်ပြောတာပေါ့ …

ပြီးတော့ ပထမ ပန်းပုဆရာကတော့ မာလွန်းလို့ ဆောက်တောင် မပြတ်ဘူး ပြောပြတာပေါ့ …

အဲဒါနဲ့ ဒုတိယ ပန်းပုဆရာက ဆောက်ယူပြီးတော့ စမ်းကြည့်တော့ ကျောက်တုန်းက ဆောက်ပြတ်ပါလေရော …

အဲဒီတော့ လယ်သမားက အံ့ဩသွားတာပေါ့ … ဘယ်လိုဖြစ်တာလဲပေါ့ …

ပထမ တစ်ယောက်တုန်းက လုပ်လို့မရဘူး ပြောတယ်ပေါ့ ခုကျတော့ ဘယ်လိုဖြစ်တာလဲဆိုတော့ …

ဒုတိယ ပန်းပုဆရာက ဟုတ်တယ် … ခုရသွားတယ်ဆိုတာလည်း ရှေ့က အကြိမ်ပေါင်းများစွာ လုပ်ထားတဲ့အတွက် အခု လွယ်လွယ်နဲ့ ပြတ်သွားတာ ဆိုပြီး ရှင်းပြလိုက်ပါတယ်။

ဒါလေးကလည်း ကျွန်တော် ဖတ်ဖူးတဲ့ စာတိုလေးပါ …

တစ်ခါတစ်လေ ကျွန်တော်တို့ လုပ်နေတာတွေက အရာမထင်သလို ခံစားရတဲ့အခါ လက်လျှော့ဖို့ စဉ်းစားတတ်ကြပါတယ် …

တကယ်တော့ ကျွန်တော်တို့လုပ်ရတဲ့ အလုပ်အပေါ်မှာ မူတည်ပြီးတော့ ပုံမှန်ထက် အားထုတ်ရတာမျိုး ..

ပုံမှန်ထက်ကြာတာမျိုးတွေ ဖြစ်တတ်ပါတယ် … အဲဒါကို မဖြစ်လောက်တော့ပါဘူး ဆိုပြီးတော့ လက်လျှော့လိုက်မယ်ဆိုရင် ရှေ့က ကြိုးစားခဲ့သမျှက အလဟသ ဖြစ်သွားပါလိမ့်မယ်။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် လွယ်လွယ်လက်မလျှော့်လိုက်ပါနဲ့ … လက်လျှော့ချင်စိတ်ဖြစ်လာရင် ရှေ့ကအားထုတ်မှုတွေကို ပြန်ကြည့်လိုက်ပါ ….

Add new comment

16 + 3 =