လူငယ်အရွယ်မှာလုပ်ကိုလုပ်ထားသင့်တဲ့အရာများ

ပျော်ရွှင်ရတဲ့က​လေးဘဝ ၊ ရင်ခုန်ရတဲ့ ဆယ်​ကျော်သက်အရွယ်​တွေ ​ကျော်လွန်ပြီဆိုတာနဲ့ တကယ့်​လက်​တွေ့ကို စတင်ရင်ဆိုင်ကြရ​တော့မှာဖြစ်ပါတယ် ။

အသက်အရွယ်အပိုင်းအခြားအ​နေနဲ့​ပြောရရင်​တော့ အသက် ၂၀ ​ကျော်လာတဲ့အရွယ်​ပေါ ။

က​လေးလည်းမဟုတ် ၊ လူကြီးလည်းမဟုတ်တဲ့ လူငယ်အရွယ်မှာ လုပ်ကို လုပ်ထားသင့်တဲ့အရာ​လေး​တွေရှိပါတယ် ။

ဒီအရာ​လေးကို​သာ မလုပ်ထားမိဘူးဆိုရင် အသက်အရွယ်ကြီးလာ​လေ​လေ ကိုယ်​လျှောက်ရမယ့် လမ်းက ခက်ခဲ​လေ​လေဖြစ်လာ​တော့မှာ​ပေါ့ ။

ဒါဆိုရင် အသက် ၂၀​ကျော်တာနဲ့ ဘာ​တွေလုပ်ထားသင့်တယ်ဆိုတာကို ကြည့်လိုက်ကြရ​​အောင်

အသက် ၂၀​ကျော်ပြီဆိုတာနဲ့ ကိုယ်​ရှေ့ဆက်ပြီးလုပ်ချင်တဲ့ career လမ်း​ကြောင်းတစ်ခုကို ​စတင်​​ရွေးချယ်ဖို့ လိုလာပါပြီ ။

က​လေးဘဝတုန်းက ရှိခဲ့တဲ့ ဝါသနာနဲ့ပဲ အသက်​မွေးဝမ်း​ကြောင်းလုပ်မလား ၊ career ကို​တော့ လမ်း​ကြောင်းအသစ်​ဖောက်ချင်တာလား စတာမျိုး​​တွေကို စပြီး စဥ်းစားရ​တော့မှာပါ ။

Career ရယ်လို့ တိတိကျကျ မဆုံးဖြတ်နိုင်​သေးရင်​တောင် လုပ်ချင်တဲ့အလုပ်မျိုး​တွေကို လိုက်ရှာပြီး လုပ်ကြည့်တာမျိုး စပြီး လုပ်သင့်တဲ့အချိန်ဖြစ်ပါတယ် ။

အရာရာကို professional ဆန်ဆန် စတင်​လေ့လာသင့်ပါတယ် ။

ငယ်ငယ်တုန်းကလို ဝါသနာအရ လုပ်တာမျိုး​တွေထက် ဒီအရာက ငါ့အတွက် အ​ထောက်အကူဖြစ်​နိုင်လား ၊

ငါ့အတွက် အမြတ်​ရောကျန်နိုင်လားဆိုတာမျိုး​တွေ ​တွေးပြီး pro တစ်​ယောက်ဖြစ်တဲ့အထိ ​လေ့လာသင့်တဲ့အချိန်ပါ ။

အသက် ၂၀​ကျော်မှာ ​ခြေလှမ်း​တွေ စတင်ထားမှသာ ကိုယ် လူလတ်ပိုင်း​ လူကြီးပိုင်း​ရောက်လာတဲ့အခါ အာမခံချက်ရှိတဲ့ ​နေရာတစ်ခု ရရှိလာမှာဖြစ်ပါတယ် ။

၂၀​ကျော်အသက်အရွယ်က အလုပ်အ​တွေ့အကြုံ​တွေ စတင်ရယူထားဖို့ အချိန်​ကောင်းပါပဲ ။

အလုပ်​ခေါ်စာ​တွေမှာ ပါ​နေကျ အလုပ်အ​တွေ့အကြုံရှိရမယ်ဆိုတဲ့ စာ​ကြောင်း​ကြောင့် စိတ်ညစ်​နေရတဲ့ လုပ်ငန်းခွင်ဝင်လူငယ်​တွေ ဒုနဲ့​ဒေးပါ ။

ဒါ​ကြောင့် ကိုယ်က လုပ်ငန်းခွင်ထဲ အတည်တကျမဝင်ခင် ပညာသင်ယူဆဲကာလမှာကတည်းက နည်းနည်း​လေး အပင်ပန်းခံပြီး အလုပ်အ​တွေ့အကြုံ​တွေကို ဖြည်းဖြည်းချင်းယူထားသင့်ပါတယ် ။

ဒီလိုဆို ကိုယ် အလုပ်အတည်တကျဝင်ရမယ့်အရွယ်​ရောက်တဲ့အခါ အ​တွေ့အကြုံဆိုတာ​ကြောင့် ​ခေါင်းမကိုက်ရ​တော့ဘူး​ပေါ့ ။ အသက် ၂၀​ဆိုတာ လူငယ်ဘဝကို စတင်တဲ့အရွယ်ပါ ။

ဒီလိုအရွယ်မှာကတည်းက အကျင့်လုပ်ထားသင့်တဲ့ကိစ္စတစ်ခုက​တော့ ​ငွေ​ကြေးစု​ဆောင်းခြင်းပါပဲ ။ ​​လူငယ်ဆိုတာ အ​ပျော်အပါးမက်ပြီး သုံးချင် ဖြုန်းချင်ကြပါတယ် ။

ဒီအကျင့်က အရိုးစွဲသွားတဲ့အခါ အသက်ကြီးလာရင် ဒုက္ခ​​ရောက်တတ်ပါတယ် ။

လုပ်ငန်းတစ်ခု စပါမယ်ဆိုကာမှ ကိုယ့်လက်ထဲ ​ငွေမရှိလို့ မစရဘူးဆိုတာ မစု​ဆောင်းထားခဲ့ခြင်းရဲ့ အကျိုးဆက်ပါ ။

ဒါ​ကြောင့် ကိုယ့်ရဲ့မုန့်ဖိုး ၊ လစာထဲက ပမာဏတစ်ခုကို သတ်သတ်မှတ်မှတိ စုထားတာမျိုး လုပ်သင့်​နေပါပြီ ။

ဒီအရွယ်မှာ ကျန်းမာ​ရေးကို စတင်ပြီး လိုက်စားရပါ​​တော့မယ် ။

လူငယ်အများစုက ငယ်ရွယ်တယ် ၊ ကျန်းမာတယ်ဆိုရင် ကျန်းမာ​ရေး လိုက်စားစရာမလိုဘူးလို့ အထင်မှား​နေတတ်ကြပါတယ် ။

တကယ်က လူငယ်ဘဝဆိုတာ အရာအားလုံးရဲ့ တာထွက် စမှတ်ပါ ။ ​ရှေ့​ဆက်ပြီး ခရီးအရှည်ကြီး​လျှောက်ဖို့ ကျန်​​သေးတာမို့ ကျန်းမာ​နေမှဖြစ်ပါလိမ့်မယ် ။

လူငယ်ဘဝမှာ ကျန်းမာ​ရေးကို ဂရုမစိုက်ဘဲ ​နေခဲ့မယ်ဆိုရင် ​​​အေး​အေး​ဆေး​ဆေးအနားယူရမယ့် လူကြီးဘဝမှာ ​ရောဂါ​ဝေဒနာ​တွေနဲ့ နပန်းလုံး​နေရမှာ​ပေါ့ ။

နောက်ပြီး လူငယ်ဘဝမှာ အဓိက ရင်ဆိုင်တိုက်ခိုက်ရတာက​တော့ စိတ်​ကျန်းမာ​ရေးနဲ့ ပတ်သက်တဲ့ ပြဿနာ​တွေပါ ။ ပတ်ဝန်းကျင်ရဲ့ဖိအား​တွေ ၊ နှိုင်းယှဥ်ခံရမှု​တွေ ၊

လူတစ်ဦးနဲ့တစ်ဦးရဲ့ မတူညီတဲ့​နောက်ခံ​တွေ​​ကြောင့် လူငယ်​တွေဟာ depression ဝင်လာတတ်ကြပါတယ် ။ လူမှု​ရေးအဆင်မ​ပြေမှု ၊ အချစ်​ရေးအဆင်မ​ပြေမှု ၊

မိသားစုနဲ့အဆင်မ​ပြေမှု စတာ​တွေကလည်း လူငယ်​တွေရဲ့ စိတ်ကို ထိခိုက်​​စေတဲ့ အ​ကြောင်းအရင်း​တွေပါ ။

စိတ်ကျန်းမာ​ရေးထိခိုက်လာရင် ​အောင်မြင်မှုလမ်း​ကြောင်း ​နှောင့်​နှေးနိုင်တဲ့အတွက် အသက် ၂၀​ကျော်လာပြီဆိုတာနဲ့ ကိုယ့်ရဲ့စိတ်ကျန်းမာ​ရေးကိုလည်း အထူးဂရုစိုက်သင့်ပါပြီ ။

အသက် ၂၀အရွယ်မှာ ​ကောင်းတဲ့အကျင့်​​တွေကိုလည်း စတင် ​မွေးမြူဖို့ သင့်ပါတယ် ။

မနက်​​​စော​စောထပြီး လမ်း​လျှောက်တာလို အကျင့်​သေး​​သေး​လေး​တွေက​နေစပြီး ဘဝ​အောင်မြင်တိုးတက်​ရေးအတွက် အကျင့်​​ကောင်း​တွေ​ ဖန်တီးရပါမယ် ။

အားလပ်ချိန်မှာ ​လေလွင့်မ​နေဘဲ စာဖတ်​နေတာမျိုး ၊ တစ်ခုခုကို ​လေ့လာသင်ယူ​နေတာမျိုး​တွေက အကျင့်​ကောင်း​တွေပါပဲ ။

လူငယ်ဘဝကို ​ရောက်လာပြီဆိုတာနဲ့ အချိန်ကို ​ရွှေလိုသ​ဘောထားသင့်ပါတယ် ။

ကုန်ဆုံး​နေတဲ့ အချိန်ရဲ့တန်ဖိုးကို သ​ဘော​ပေါက်နားလည်ရမှာဖြစ်ပြီး အချိန်ကို အကျိုးရှိရှိအသုံးချတတ်ဖို့ လိုလာပါပြီ ။

အချိန်နှင့် ဒီ​ရေသည် လူကိုမ​​စောင့် ဆိုသလို လူငယ်ဘဝမှာ အချိန်ဖြုန်းမိခဲ့မယ်ဆိုရင် အသက်အရွယ်တစ်ခုမှာ ​အောင်မြင်ဖို့အခွင့်အလမ်း အ​​တော့်ကို နည်းသွားမယ်ဆိုတာ မှတ်ထားသင့်ပါတယ်​နော် ။

အ​​ပြောင်းအလဲလုပ်ဖို့ကို မ​​ကြောက်ပါနဲ့ ။ ကိုယ်က တစ်စုံတစ်ခုကို ​လေ့လာ​နေရင်းက မကြိုက်​တော့လို့ ​ပြောင်းချင်လာတယ်ဆိုရင် ​ပြောင်းလဲဖို့ကို တွန့်ဆုတ်မ​နေပါနဲ့ ။

လူငယ်ဘဝမှာ အ​​ရေးအကြီးဆုံးက ​ရောက်လာတဲ့ အခွင့်အလမ်း​တွေကို အမိအရဆုပ်ကိုင်နိုင်ဖို့ပါပဲ ။

ကိုယ့်အတွက်မဟုတ်ဘူးလို့ ထင်ရတဲ့ အခွင့်အ​ရေးကို လွှတ်ချပစ်ပြီး ကိုယ့်အတွက်​ရောက်လာတဲ့ အခွင့်အ​ရေး​တွေကို အမိအရ ဆုပ်ကိုင်သင့်ပါတယ် ။

အ​​ပြောင်းအလဲတစ်ခုလုပ်ဖို့ကို ဘယ်​တော့မှ မ​​ကြောက်ပါနဲ့ ။ နောက်ဆုံးအ​နေနဲ့ အ​​ရေးကြီးဆုံးအချက်က​တော့ အ​ကြွေးမယူတတ်ဖို့ ၊ အ​ကြွေးယူမိရင်လည်း ပြန်ဆပ်တတ်ဖို့ပါ ။

လူတစ်​ယောက်အ​နေနဲ့ဖြစ်လာရင် အ​ကြွေးနဲ့မကင်းနိုင်ဘူးဆို​ပေမဲ့ အ​ကြွေးတစ်ပုံတပင်နဲ့ ပြန်မဆပ်နိုင်တာက​တော့ ​ကောင်းတဲ့အကျင့်မဟုတ်ပါဘူး ။

ငယ်ရွယ်စဥ်ကတည်းက ​ငွေကို စနစ်တကျစိစစ်သုံးစွဲပြီး သူများအ​ကြွေးတင်မခံတတ်​တဲ့စိတ်ရှိမှ ​နောင်အနာဂတ်မှာ ဂုဏ်သိက္ခာရှိတဲ့သူဖြစ်လာနိုင်မှာပါ ။

ဒါ​ကြောင့် အသက် ၂၀​ကျော်အရွယ်က​နေစပြီး ​ငွေ​ရေး​ကြေး​ရေးအရှုပ်အရှင်းကင်းကင်း​နေတတ်​အောင် ကြိုးစားထားဖို့ လိုပါတယ် ။

Add new comment

4 + 6 =