လိုတိုင်းမရနိုင်တဲ့ဘဝမှာနေပျော်အောင်နေရအောင်

လိုတိုင်း မရနိုင်တဲ့ဘဝမှာ နေပျော်အောင် ဘယ်လိုနေကြမလဲ? ကျွန်တော်တို့ဟာ လိုချင်မှုများစွာနဲ့ ဘဝမှာ ရှင်သန်နေထိုင်ကြပါတယ်။

ပိုက်ဆံအများကြီး ရှိချင်တယ်၊ ဒါမှ ခရီးတွေသွားလို့ရမယ်၊ လိုချင်တာတွေ ဝယ်လို့ရမယ်။ အလုပ်အတွက် အချိန်တွေ ပိုပေးချင်တယ်၊

ချစ်ရတဲ့သူတွေအတွက် အချိန်တွေ ပိုပေးချင်ကြတယ်။ လူအမျိုးမျိုး လိုချင်မှု အမျိုးမျိူးပေါ့။ ဘဝမှာ ပိုပြီး ပျော်ရွှင်ဖို့ တစုံတရာကို လိုအပ်နေကြတယ်။

ဒီလိုနဲ့ပေါ့ဗျာ ကျွန်တော်တို့ဟာ မပိုင်ဆိုင်ရတဲ့ အရာတွေပေါ် အာရုံစိုက်ရင်းနဲ့ဘဲ ပိုင်ဆိုင်ထားတဲ့ အရာတွေကို မေ့လျော့နေကြတယ်။

Rich Kid မဟုတ်တဲ့ ကျွန်တော်တို့အတွက် အိမ်မက်တွေက စျေးကြီးပါတယ်။

စျေးကြီးတဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ကျွန်တော်တို့ရဲ့ တာဝန်ပါ။ လိုတိုင်းမရနိုင်သေးတဲ့ဘဝမှာ နေပျော်အောင် ဘယ်လိုနေကြမလဲ?

ဘဝအိမ်မက်တွေအတွက် ကြိူးစားနေချိန်မှာ ဘယ်လို ရောင့်ရဲကြမလဲ? ကြည့်ကြရအောင်ဗျာ

တဖက်မှာ မြက်ခင်းပြင်ဟာ အမြဲတမ်း စိမ်းလန်းမနေပါဘူး သင့်ရဲ့ သူငယ်ချင်းအချို့၊ လုပ်ဖော်ကိုင်ဖက်အချို့ကို အားကျကောင်း အားကျမိပါလိမ့်မယ်။

ဒါပေမယ့်လည်း သင့်ရဲ့ဘဝကို စိတ်ပျက်မသွားပါနဲ့ဦး၊ ဘာလို့လဲဆိုတော့ သင်ထင်တဲ့အရာတွေဟာ အမြဲတမ်း မမှန်လို့ပါ။

လူတွေက social media ပေါ်မှာ သူတို့ရဲ့ ကောင်းကွက်ကိုဘဲ ဖော်ပြလိုကြတယ်။ အလန်းစားပုံတွေ တင်ကြတယ်၊

အံသြစရာကောင်းတဲ့ အတွေ့အကြုံတွေကို မျှဝေကြတယ်၊ ဒါပေမယ့် သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကိုတော့ သိုဝှက်ထားကြပါတယ်။

သင့်အနေနဲ့ တတိုင်းရနေကြတဲ့ လူတွေကို ကံကောင်းတယ်လို့ တွေးကောင်း တွေးနေမိပါလိမ့်မယ်၊

ဒါပေမယ့် လူတိုင်းလူတိုင်းဟာ ဘဝမှာ ရုန်းကန်နေရတယ်ဆိုတာကို သိထားပါ။ ဘယ်သူမှ ဘယ်အရာမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။

ဒါ့ကြောင့် သင်ပိုင်ဆိုင်ထားတဲ့ အရာတွေအတွက် ကျေးဇူးတင်လိူက်ပါ ကျွန်တော်တို့ အသက်ရှင်နေသေးတယ် လူအများစု မေ့နေတဲ့ အချက်ပေါ့။

သင့်ရဲ့ဘဝဟာ လက်ဆောင်မွန်ပါ။ သင့်ရဲ့ ပြဿနာ၊ အခက်အခဲတွေအကြောင်း အပြစ်တင်နေမယ့်အစား၊ သင်မပိုင်ဆိုင်ရတဲ့ အရာတွေအတွက် ညည်းညူနေမယ့်အစား သင့်ရဲ့ဘဝကို ပြန်စဉ်းစားကြည့်လိုက်စမ်းပါ။

အသက်ရှင်နေသေးတယ်၊ ကမ္ဘာပေါ်မှာ နေထိုင်နေရသေးတယ်။

သင် ဘယ်လောက်တောင် ကံကောင်းပါသလဲ? အိမ်မက်တွေကို အကောင်အထည်ဖော်လို့ရတယ်၊ အခွင့်အလမ်းတွေကလည်း ရှေ့မှာ တန်းစီလို့။

နေ့ရက်တိုင်းကို သင့်ရဲ့ နောက်ဆုံးနေ့လို့ သတ်မှတ်ပြီး ဖြတ်သန်းပါ ကျန်းမာရေး ကောင်းနေသေးတယ် နေမကောင်းလို့ ညည်းညူကြတာ သဘာဝါပါ။

ဒါပေမယ့် အချို့လူတွေဆိုရင် မျက်လုံး မမြင်ရှာကြဘူး၊ လမ်းမလျှောက်နိုင်ကြဘူး၊ နားမကြားရှာကြဘူး။ အချို့ဆိုရင် ကမ္ဘာကြီးကို စွန့်ခွာဖို့ အချိန်တွေတောင် ရေတွက်နေကြရတယ်။

သင်ဟာ ကျန်းမာရေးကောင်းနေတယ်။ ဒါ့ကြောင့် ဘယ်အရာအတွက်နဲ့မှ ဆင်ခြေမပေးပါနဲ့တော့။

သင့်စိတ်ထဲက ဖြစ်ချင်တဲ့ အရာရာတိုင်းကို အကောင်အထည်ဖော်နိုင်ပါတယ် စိတ်ဓာတ်ကျလာတဲ့အခါတိုင်း မိမိရဲ့ အောက်ကို တချက်ငုံ့ကြည့်ပါ ဖုန်းအသစ်မရလို့ စိတ်ညစ်နေသလား?

အချို့တွေဆိုရင် ဖုန်းတောင် မကိုင်နိုင်ပါဘူး။ အိမ်က ကားဝယ်မပေးလို့ စိတ်ညစ်နေသလား? အချို့ဆိုရင် ဆိုက်ကယ်ဝယ်ဖို့တောင် ပိုက်ဆံမတတ်နိုင်ကြပါဘူး။

ကဲ ဒီလိုတွေးတတ်ရင် ကျွန်တော်တို့ရဲ့ ပြဿနာတွေကကော ၊ အခြားသူတွေရဲ့ ပြဿနာတွေနဲ့ယှဉ်ရင် ဘာမှမပြောပလောက်ဘူးလေ ကျွန်တော်တို့မှာ မိသားစုရှိတယ်၊

သူငယ်ချင်းတွေရှိတယ် အချို့ဆိုရင် မိဘတွေ မရှိကြတော့ဘူး။ ဒါဟာ အားငယ်စရာမဟုတ်ပါဘူး။

ကျွန်တော်တို့မှာ အားပေးမယ့် မိသားစုတွေရှိတယ်၊ သူငယ်ချင်းတွေရှိတယ်၊

ဘယ်လောက်တောင် ကျွန်တော်တို့ ကံကောင်းလိုက်သလဲ? ဘဝကို ပျော်ရွှင်စွာဖြတ်သန်းဖို့ အခွင့်အရေးတွေရှိတယ် ခရီးသွားလို့ရတယ်၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေလို့ရနေတယ်။

သင်ပိုင်ဆိုင်ထားတဲ့ အရာတွေပေါ်မှာ ကျေနပ်ပါ၊ ရောင့်ရဲပါ။ အခိုက်အတန့်တိုင်းကို တန်ဖိူးထားပြီး ပျော်ရွှင်စွာ ကုန်ဆုံးစေလိုက်ပါ။

 

 

 

Add new comment

2 + 0 =