လမ်းပျောက်နေတဲ့အခါ

လွန်ခဲ့တဲ့ လအနည်းငယ်လောက်တုန်းက

ရည်မှန်းချက်တွေ အိမ်မက်တွေနဲ့

တတ်ကြွနေခဲ့ကြတယ်။

ဒါပေမယ့် ခုချိန်ကျ အိမ်မက်တွေ ပျောက်ဆုံးနေသလို ဖြစ်နေပြီ။

လမ်းပျောက်နေသလို ဖြစ်နေကြတယ်။

ကျွန်တော်တို့ဘဲ မဟုတ်ပါဘူး။

လူတိုင်းလူတိုင်း အလွန်အောင်မြင်တဲ့သူတွေတောင် ဘဝတကွေ့ကွေ့မှာ လမ်းပျောက်နေတတ်ကြပါတယ်။

ဘာတွေ လုပ်ရမလဲ၊

ဘယ်ကို ဦးတည်ပြီး သွားရမလဲဆိုတာ ဝေဝါးနေတယ်။

ကိုယ့်ဘေးနားက လူတွေက အကုန် အဆင်ပြေနေကြတယ်

သူတို့ဘာလုပ်ရမလဲဆိုတာကို သိနေကြတယ်။

ခင်ဗျားအတွက်က အရာရာတိုင်းက ထင်ထားသလို ဖြစ်မလာသလို ခံစားနေရတယ်။

လမ်းပျောက်တယ်ဆိုတာ ယာယီပါ။ အမြဲတမ်း ဖြစ်နေတာ မဟုတ်ပါဘူး။

အချိန်အတိုင်းအတာ တခုဘဲ ကြာမြင့်ပါတယ်။

ဒီနေ့မှာ လမ်းပျောက်တယ်လို့ ခံစားနေရတဲ့အခါ သိထားရမယ့် လိုက်နာသင့်တဲ့ အချက်တွေကို ဖော်ပြပေးသွားမှာပါ

တခါတလေ လမ်းပျောက်နေတတ်လည်း
တခါတလေ တကိုယ်တည်း အထီးကျန်နေတတ်လည်း ဒါတွေဟာ ပြဿနာမဟုတ်ဘူးဆိုတာကို လက်ခံထားပါ

လမ်းပျောက်နေတယ်၊ အထီးကျန်နေတယ် ဒီလို ခံစားနေရလို့ ငါတခုခုမှားနေပြီလားဆိုတဲ့ အတွေး လုံးဝမတွေးပါနဲ့။
ငါဟာ လမ်းပျောက်နေတယ် အနာဂတ်တွေ ဝေဝါးနေတယ်ဆိုရင် လက်ခံလိုက်။
မိမိကိုယ်ကို မညာမိပါစေနဲ့။
ဘာအကြောင်းတွေကြောင့် ဒီလိုဖြစ်နေရတာလဲ၊
ငါ ဘာတွေလုပ်နိုင်လဲဆိုတာကို မိမိကိုယ်ကို ပြန်မေးကြည့်ပါ။

အဖြေက ခုချက်ချင်းတော့ ရလာမှာ မဟုတ်ပါဘူး။
ဒါပေမယ့် တဖြည်းဖြည်းချင်းတော့ ရလာမှာပါ

ခင်ဗျားရဲ့စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်သူဟာ ခင်ဗျားကိုယ်တိုင်ဘဲဆိုတာကို သတိရပါ

ဘယ်အရာမဆို လက်တွေ့ဖန်တီးနိုင်သူက ခင်ဗျားကိုယ်တိုင်ပါ။
လမ်းပျောက်နေတယ်၊ အထီးကျန်နေတယ်၊ ကိုယ့်ဘေးနားမှာရှိတဲ့ အရာရာတိုင်းကို အဆိုးမြင်နေတယ်ဆိုရင် ဒါဟာ အရှုံးသမားစိတ်ဓာတ်ဘဲ။

ကိုယ့်ခံစားချက်တွေ၊ ကိုယ့်တုန့်ပြန်မှုတွေကို ထိန်းချုပ်နိုင်တာ ကိုယ်တယောက်ထဲဘဲ။
ဒီတော့ ကြုံလာတဲ့ အခြေအနေတွေကို ပါးပါးနပ်နပ်နဲ့ ခံစားချက်ကို ရှေ့တန်းမတင်ဘဲ ကိုင်တွယ်နိုင်ဖို့ လိုပါတယ်။
ဒါ့ကြောင့် လမ်းပျောက်နေတဲ့အခါ ကိုယ့်ရဲ့ခံယူချက်တွေ၊ စိတ်ဓာတ်တွေကို ပြောင်းလဲပစ်ပါ။

အရာအားလုံးကို အပျက်သဘောမြင်နေတဲ့အချိန်မှာ ကျွန်တော်တို့တွေဟာ ကိုယ်မကျွမ်းကျင်တဲ့ အရာတွေကို အာရုံစိုက်နေတတ်ကြတယ်။

ငါ ဒီနေရာမှာ ညံ့နေတယ်
ငါ ဒီနေရာမှာ ဘာလို့ အသုံးမကျတာလဲ ဆိုပြီး ကိုယ့်ကိုယ်ကို မေးခွန်းထုတ်နေတတ်တယ်။
သည်အစား

ကိုယ်ကျွမ်းကျင်တဲ့ ကိုယ်အားသာတဲ့ အရာတွေပေါ်မှာဘဲ အာရုံစိုက်ရမယ်
ဒီအရာတွေက ကိုယ့်ကို ဒီဒုက္ခတွေထဲက ဆွဲထုတ်သွားမယ့်အရာဘဲ။
ကိုယ်အားသန်တဲ့အရာကိုဘဲ အာရုံစိုက်ပြီး ဘယ်လိုပိုကောင်းအောင် လုပ်မလဲဆိုတာကိုဘဲ စဉ်းစားနေရမယ်။

ထိုင်ပြီး အချိန်အကြာကြီး Facebook သုံးနေမယ့်အစား
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေ စားနေမယ့်အစား
ကိုယ့်အတွက် အကျိုးမရှိတဲ့အရာတွေလုပ်ရင်း အချိန်ကုန်ခံနေမယ့်အစား

အခန်းထဲမှာဘဲ နေမနေနဲ့။ အပြင်ကို သွားလိုက်ပါ
အားကစား လုပ်ပါ။
အသီးအရွက် ပိုစားပါ။
စာဖတ်ပါ။
အိပ်ရေး ဝဝအိပ်ပါ

စိတ်ဓာတ်ကျနေတဲ့အချိန် အထီးကျန်နေတဲ့ အချိန်တွေမှာ အတိတ်က မှားခဲ့တဲ့အမှားတွေကို ပြန်စဉ်းစားတတ်ကြတယ်။
အဲ့ကနေ ဘာတွေပြန်ရမလဲဆိုရင်
လက်ရှိအခြေအနေကို ပိုဆိုးသွားစေတာဘဲ
ဘယ်လို အခြေအနေဘဲဖြစ်ဖြစ် ကိုယ့်ဘက်က အကောင်းဆုံးကြိုးစားတာနဲ့ ရုန်းထွက်ဖို့ လွယ်ကူလွန်းတယ်။

မိနစ်တိုင်း စက္ကန့်တိုင်းကို ကိုယ့်အတွက် အကျိုးရှိမယ့် အရာတွေကို လုပ်နေရုံဘဲ

လူတိုင်း အထီးကျန်တတ်ကြတယ်၊ လမ်းပျောက်တတ်ကြတယ်။
ဒါပေမယ့် ဒါတွေက တချိန်လုံး ကိုယ့်ကို ခြောက်လှန့်နေမယ်ဆိုရင်
တယောက်ယောက်ဆီမှာ ရင်ဖွင့်ပြီး အကူအညီတောင်းပါ။

ကိုယ့်ကိုယ်ယုံကြည်တဲ့ ကိုယ့်ကိုယ်ချစ်ခင်တဲ့သူတွေနဲ့ စကားပြောပါ။
ကိုယ်စိတ်ထဲမှာ ကြုံနေရတဲ့အရာတွေကိုပြောပြပြီး အကြံညဏ်တောင်းပါ။
ဒီလိုအချိန်မှာ ကိုယ့်အပေါ်ကောင်းတဲ့သူတွေ၊ ကိုယ့်ကိုချစ်တဲ့သူတွေက အရေးကြီးဆုံးဘဲ။

 

Add new comment

2 + 3 =