ဘဝမှာလက်ကိုင်ထားသင့်တဲ့အရာများ

ဘဝတသက်စာ လက်ကိုင်ထားသင့်သည့်အရာများ ဘဝမှာ အကောင်းဆုံးသောအရာတွေကို အလကားရကောင်းရနိုင်ပါလိမ့်မယ်။ဒါပေမယ့် လွယ်လွယ်နဲ့တော့ရမှာမဟုတ်ပါဘူး။

တညထဲနဲ့ရလာမှာမဟုတ်သလို အချိန်တွေရင်းနှီး၊ လုံ့လတွေစိုက်ထုတ်ပြီး မလျော့တဲ့ဇွဲနဲ့ကြိုးစားမှ ရရှိမှာဖြစ်ပါတယ်။

ဘဝတသက်စာ လက်ကိုင်ထားသင့်တဲ့ အရာတွေကဘာတွေဖြစ်မလဲ? အဲ့အရာတွေကိုကိုင်တွယ်ဖို့ခက်ခဲပေမယ့် ဘဝတလျှောက်လုံးအတွက် အကျိူးရှိစေမှာပါ

နားထောင်ပါ ကျွန်တော်တို့ လူတဦးနဲ့တဦးဆက်ဆံကြတဲ့အခါ နားထောင်ခြင်းဟာ အရမ်း အရေးပါပါတယ်။

မိမိပြောတဲ့အကြောင်းအရာကိုသူတပါးက ဂရုတစိုက်နားထောင်စေချင်ရင် သူတပါးပြောတဲ့အကြောင်းအရာတွေကိုဂရုတစိုက် နားထောင်ပေးရပါမယ်။

တယောက်အပေါ် တယောက် လေးစားမှုအပြည့်ရှိမှ ကျွန်တော်တို့ရဲ့လူမှုဆက်ဆံရေးဟာ အမြဲအဆင်ပြေချောမွေ့နေမှာဖြစ်ပါတယ် မိမိကိုယ်မိမိ ကောင်းသောအတွေးကိုတွေးပါ။

ကောင်းသောစကားကိုပြောပါ အခြားသူတွေ ဘယ်လိုတွေးတယ်၊ ဘယ်လိုပြောတယ်ဆိုတာက အရေးမကြီးပါဘူး။

သင်လုပ်ချင်တဲ့အရာကို လုပ်ဖို့အရေးကြီးပါတယ်။မိမိကိုယ်မိမိယုံကြည်မှုရှိရမှာဖြစ်သလို လူတွေကိုစီမံခန့်ခွဲနိုင်ဖို့၊ ကိုင်တွယ်နိုင်ဖို့လိုအပ်ပါတယ်။

ဘယ်သူမှသင့်ကိုမယုံကြည်နေပါစေ၊ မကောင်းပြောနေပါစေ မိမိကိုယ်ကိုယုံကြည်မှုရှိပါ။

စိတ်အားငယ်တဲ့အခါ၊ အရှုံးပေးလိူတဲ့အခါ မှန်ရှေ့မှာရပ်ပြီး ငါလုပ်နိုင်ပါတယ်လို့အမြဲပြောပါ

သင့်ရဲ့အိပ်ချိန်ကိုသတ်မှတ်နိုင်ရမယ်၊ခွဲခြားနိုင်ရမယ် စိတ်လန်းဆန်းဖို့၊ အလုပ်၊ ကျောင်းစာစသည်တို့ကိုအာရုံစိုက်နိုင်ဖို့အတွက် အနားယူအိပ်စက်ဖို့လိုအပ်ပါတယ်။

အိပ်ချိန်ကိုသီးသန့်သတ်မှတ်ထားပြီး လိုက်နာဖို့လည်းလိုအပ်ပါတယ်။ အိပ်ချိန်မှာ အိပ်ပျော်အောင်၊ အိပ်ရာထရာမှာလည်း ပုံမှန်ဖြစ်အောင် ကြိုးစားလုပ်ဆောင်ရမယ်။

ဒီအချက်ကိုသေချာလိုက်နာရင် ပိုပြီးလန်းဆန်းလာမယ်။

အားအင်တွေပိုပြည့်လာမယ် သူတပါးကိုရော၊ မိမိကိုယ်မိမိရော ရိုးသားမှုရှိပါ အချို့နေရာတွေမှာ လုံးဝရိုးသားတာဟာ ရှက်စရာဖြစ်တတ်ပါတယ်။

သင့်မှာ စကားကောင်းမရှိဘူးဆိုရင် ငြိမ်နေလိုက်ပါ။ သင့်ရဲ့ကြမ်းတမ်းတဲ့စကားတွေ၊ တိုက်ခိုက်တဲ့စကားတွေကြောင့် သူတပါးစိတ်မညစ်စေပါနဲ့။သင်မှားနေရင် ဝန်ခံလိုက်။

ဘယ်သူမှ အမှားနဲ့မကင်းပါဘူး။အမှားတွေဆီကနေ သင်ခန်းစာယူရမယ်။

သူတပါးဆီကနေသင်ခန်းစာယူတာထက် မိမိအမှားဆီကနေသင်ခန်းစာယူတာဟာ အကောင်းဆူံးပါ

ရပ်တန့်မနေဘဲ အမြဲရှေ့ဆက်လုပ်ဆောင်နေရမယ် လူအများစုဟာ လိုချင်တဲ့ရသွားရင်၊ ဆန္ဒတွေပြည့်သွားရင် ရပ်တန့်နေတတ်ကြတယ်။

သိထားရမှာက အမြဲတမ်းအောင်မြင်နေဖို့၊ ထိပ်မှာအမြဲနေနိုင်ဖို့အလုပ်ပိုကြိုးစားရမယ်။

သင်မကြိုးစားဘဲရပ်တန့်လိုက်မယ်ဆိုရင် သင့်အောင်မြင်မှုက ကြာရှည်ခံမှာမဟုတ်ပါဘူး ပစ္စုပ္ပန်ကိုဘဲအာရုံစိုက်ပါ ကျွန်တော်တို့ပစ္စုပ္ပန်ကိုအာရုံမစိုက်ကြဘူး။

ပစ္စုပ္ပန်မှာပျော်ပျော်မနေကြဘူး။ အခြားသူတွေဘာလုပ်တယ်ဆိုတာကိုဘဲတွေးနေကြတယ်။အတိတ်က အမှားတွေကိုတွေးပြီးနောင်တရနေတတ်သလို ဖြစ်မလာသေးတဲ့အနာဂတ်ကိုတွေးပြီး ပူပန်နေတတ်ကြပြန်ပါတယ်။

ကျွန်တော်တို့ကိုပျော်အောင်လုပ်ပေးနိုင်တာဟာ ကျွန်တော်တို့ကိုယ်တိုင်ပါဘဲ။

ယခုအချိန်တွေမှာပျော်ပျော်နေပါ။ လက်ရှိကိုဘဲအာရုံစိုက်ပါ

ဘာသာစကားအသစ်ကို သင်ယူပါ ဘာသာစကားတခုကိုလေ့လာရာမှာ အဓိကကျတဲ့အချက်က မိမိသင်ယူမယ့်ဘာသာစကားရဲ့ယဉ်ကျေးမှုကိုနှံ့နှံ့စပ်စပ်သိခြင်းဘဲ။

ဘာသာစကားအသစ်လေ့လာသင်ယူတာဟာ ပျော်စရာကောင်းပါတယ်။

စကားလုံး၊ဝေါဟာရအသစ်တွေကိုလေ့လာရသလို အသစ်အသစ်သော အတွေးအခေါ် ပုံစံတွေကိုရရှိပါတယ်။

သင့်အတွက် ပိုထူးခြားသလို မသေခင်လုပ်ဆောင်သင့်တဲ့အချက်တွေထဲကတခုပါ အတင်းအဖျင်းပြောတာကိုရှောင်ပါ ဘဝမှာအရေးကြီးဆုံးအရာတွေထဲကတခုကတော့ ယုံကြည်မှုပါ။

ယုံကြည်မှုတခုတည်ဆောက်ဖို့နှစ်တွေအများကြီး အချိန်ယူရပေမယ့် မိနစ်ပိုင်းအတွင်း ယုံကြည်မှုပျက်စီးသွားနိုင်ပါတယ်။

ယုံကြည်မှုပျက်စီးဖို့အလွယ်ကူဆုံးနည်းလမ်းကတော့ အတင်းအဖျင်းပြောတာပါဘဲ။

လူတယောက်က သင့်ကိုအတင်းအဖျင်းလာပြောရင် စကားလမ်းကြောင်းပြောင်းပစ်ပါ အချိန်ကိုစီမံခန့်ခွဲနိုင်ရမယ် ဘဝမှာအရေးကြီးဆုံးပါဘဲ။

အချိန်ကိုကောင်းစွာအသုံးမချနိုင်ခဲ့ဘူးဆိုရင် ဘဝမှာအောင်မြင်မှုရမှာမဟုတ်ပါဘူး။

သင်လုပ်ရမယ့်အလုပ်တွေ၊အင်တာဗျူးတွေ၊ ချိန်းဆိုမှုတွေကိုစာရင်းလုပ်ပြီး တိတိကျကျမှန်မှန်ကန်ကန်လုပ်ဆောင်ပါ။

အလုပ်ကိုအချိန်ဇယားအတိုင်းလုပ်နိုင်စွမ်းရှိမှ အလုပ်၊မိသားစု၊အားလပ်ချိန်စတာတွေကို ရရှိလာမှာဖြစ်ပါတယ်

Add new comment

14 + 4 =