ပါရမီဖြည့်ဖက်

တစ်ခါတုန်းက အမျိုးသားတစ်ဦး ရှိသတဲ့။ သူဟာ တက္ကသိုလ်ဘွဲ့ မရခဲ့ပါ။

အရွယ်ရောက်လာတဲ့ အခါမှာတော့ မိဘတွေဟာ သူ့အတွက် မိန်းမတစ်ယောက် ရှာပြီးပေးစားလိုက်ပါတယ်။

ဒီလိုနဲ့ သူဟာ မိဘတွေ ပေးစားတဲ့ မိန်းကလေးနဲ့ လက်ထပ်ပြီးနောက် ထိုရွာလေးမှာပဲ ကျောင်းဆရာ အဖြစ် စာသင်ပြပေးပါတယ်။

ဒါပေမယ့် သူဟာ စာသင်ကြားရာမှာ အတွေ့အကြုံ မရှိသောကြောင့် တစ်ပတ်တောင် မခံပါဘူး။

ကျောင်းသားတွေရဲ့ သဘောထား မှတ်ချက်တွေကြောင့် ထုတ်ပယ်ခြင်း ခံရပါတယ်။

ဒါ့ကြောင့် သူဟာ အိမ်ကို ဝမ်းနည်းစွာနဲ့ ပြန်လာခဲ့ပါတယ်။

အိမ်ပြန်ရောက်ပြီးနောက် အိမ်သူသက်ထားက သူ့ကို မျက်ရည် သုတ်ပေးပြီး နှစ်သိမ့်စကား ပြောပေးပါတယ်။

"အတွေ့အကြုံ ဝမ်းစာမပြည့်သေးတဲ့ အချိန်မှာ တစ်ချို့လူတွေကတော့ သူတို့ရဲ့ အရည်အသွေးကို ထုတ်ပြနိုင်တာလည်း ရှိသလို မထုတ်ပြနိုင်တာလည်း ရှိတတ်ပါတယ်။

ဒီ့အတွက်နဲ့တော့ ၀မျးနညျးဖို့ မလိုပါဘူး။ ရှင်နဲ့ ပိုသင့်တော်မယ့် အလုပ်တွေက ရှင်လုပ်ဆောင်ဖို့ စောင့်ရင်စောင့်နေမှာပါ။" လို့ ပြောခဲ့ပါတယ်။

နောက်တော့ သူဟာ အပြင်ထွက်ပြီး အလုပ်တစ်ခုမှာ ဝင်လုပ်ပါတယ်။ သိပ်မကြာခင်မှာပဲ သူဌေးရဲ့ အလုပ်ထုတ်တာ ခံလိုက်ရပါတယ်။

အကြောင်းကတော့ အလုပ်လုပ်တာ နှေးလို့ပါတဲ့။

အိမ်ပြန်ရောက်တဲ့ အခါမှာ ထုံးစံအတိုင်း သူ့ဇနီးက အားပေးစကား ပြောပြန်တယ်။

"ခြေလက်ဆိုတာ နှေးတာလဲ ရှိသလို မြန်တာလဲ ရှိတာပဲလေ။ တခြားလူတွေက လုပ်လာတာ နှစ်တွေ အများကြီး ကြာခဲ့ပြီလေ။

ရှင့်ကျတော့ တသက်လုံး စာဖတ်လာတော့ ဒီလို အလုပ်မျိုး လုပ်တဲ့အခါမှာ ဘယ်လိုလုပ် မြန်လိမ့်မလဲ" ဒါပေမယ့် သူဟာ ဇွဲမလျော့ပဲ အလုပ်တွေ အများကြီး ထပ်လုပ်ခဲ့တယ်။

ဒါပေမယ့်လို့ သူလုပ်သမျှ အလုပ်တိုင်းဟာ အကြောင်းတစ်ခု မဟုတ် တစ်ခုကြောင့် အဆင်မပြေ ဖြစ်ခဲ့ရပြီး ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း သူစိတ်ပျက်လက်ပျက်နဲ့ အိမ်ပြန်လာတဲ့ အခါတိုင်းသူ့ဇနီးက အမြဲနှစ်သိမ်လေ့ရှိပြီး သူ့အပေါ်မှာလည်း တစ်ခါမှ မညည်းညူ ခဲ့ပါဘူး။

ဒီလိုနဲ့ သူရဲ့အသက် ၃၀ ကျော်တဲ့အခါမှာသူဟာ ဘာသာစကား သင်ကြားရေးမှာ ပါရမီ အထုံရှိသူ ဖြစ်တဲ့အတွက် မသန်စွမ်းသူတွေအတွက် ဖွင့်ထားတဲ့ သင်တန်းကျောင်းမှာ နည်းပြအလုပ် ၀ငျလုပျပါတယျ။

နောက်တော့ သူဟာ မသန်စွမ်းသူများ သင်တန်းကျောင်း တစ်ခုကို ထူထောင်လိုက်ပါတယ်။

နောက်ပိုင်းမှာတော့ သူဟာ မြို့အများအပြားမှာ မသန်စွမ်းသူသုံး ပစ္စည်းအရောင်းဆိုင်ခွဲများ ဖွင့်လှစ်ခဲ့ပါတယ်။

ဒီလိုနဲ့ သူဟာ တဖြည်းဖြည်းနဲ့ ချမ်းသာကြွယ်ဝတဲ့ သူဌေးတစ်ဦး ဖြစ်လာပါတယ်။

တစ်နေ့မှာတော့ "အောင်မြင်သူတို့ရဲ့ စကားသံများ" အစီအစဉ်ကနေ စီစဉ်တင်ဆက်သူက သူ့ဇနီး ကိုမေးပါတယ်။

"မိမိကိုယ်တိုင်တောင် ရှေ့ရေး မရေရာ ဝေဝါးတဲ့ အချိန်အခါမှာ ဘယ်လိုအကြောင်းကများ သူ့အပေါ် ယုံကြည်ကိုးစားချက် ရှိစေခဲ့ပါသလဲ..."

သူ့ ချစ်ဇနီး ပြန်ဖြေတဲ့ အဖြေမှာ ရိုးရှင်းပြီး လွယ်ကူလှပါတယ်။

သူမပြန်ဖြေလိုက်တာကတော့ "မြေတစ်ကွက်ဟာ ဂျုံစိုက်လို့ မသင့်တော်ရင် ပဲစမ်းစိုက်ကြည့်လို့ ရတာပေါ့ ပဲထွက်မကောင်းရင် သစ်သီးပင်စားပင် စိုက်လဲရတာပဲ။

အကယ်လို့ သစ်သီးပင်စားပင် မဖြစ်ထွန်းလဲ ပန်းမျိုးစေ့တွေ နဲနဲကြဲကြည့်ပြီး ပန်းပွင့်အောင် စိုက်နိုင်တာပဲ။

အကြောင်းကတော့ မြေတစ်ကွက်မှာ သူနဲ့ ကိုက်ညီမယ့် မျိုးစေ့ တစ်စေ့စေ့ကတော့ ရှိလာမှာပါ ။

နောက်ဆုံးမှာ သူနဲ့သက်ဆိုင်တဲ့ ရိတ်သိမ်းမှုကတော့ ရှိလာမှာပေါ့။"

အိမ်သူသက်ထားရဲ့ စကားလဲကြားရော ယောကျာ်းဖြစ်သူဟာ မျက်ရည်ကျလာပါတယ်။

တကယ်တော့ သူ့ဇနီးသည်ရဲ့ ဇွဲကောင်းပြီး စဉ်ဆက်မပြတ်တဲ့ ယုံကြည်ကိုးစားမှုနှင့် ချစ်ခြင်းမေတ္တာတို့သည် မာကျောကြံ့ခိုင်သည့် စစ်မှန်သော မျိုးစေ့ပင် ဖြစ်နေလေသည်။

သူ၏ ဆန်းကြယ်မှုတို့သည် ထိုမျိုးစေ့လေးကို မှီခိုပြီးမှ ရှင်သန်ကြီးထွားခဲ့သော ဆန်းကြယ်မှုတို့ပင် ဖြစ်သည်။

လောကမှာ သုံးစား၍ မရသောသူဟူ၍ မရှိပါ။

လူမှန် နေရာမှန် နေရာချထားမှု မမှန်ခြင်းသာ ဖြစ်ပေလိမ့်မည်။

ဒီပုံပြင်လေး ဖတ်မိရင် ဖာသိဖာသာ မနေပါနဲ့ တစ်ဦးနဲ့ တစ်ဦး လက်ဆင့်ကမ်းပေးကြပါ။

ဒီစကား ၈ ခွန်းကိုလဲ မှတ်သားထားကြပါ။ ၁။ တန်ဖိုးထားရကောင်းမှန်း မသိလျှင်၊ သင့်ကို ရွှေတောင်ကြီး ပုံအပ်လဲ ပျော်ရွှင်လိမ့်မည် မဟုတ်။

၂။ ခွင့်လွတ်ရကောင်းမှန်း မသိလျှင်၊ မိတ်ဆွေ ဘယ်လောက်ပဲ များပါစေ ထွက်ခွာသွားကြမည်သာ။

၃။ ကျေးဇူးမှန်း မသိတက်လျှင်၊ မိုးပျံအောင် တော်နေပါစေ အောင်မြင်လိမ့်မည် မဟုတ်။

၄။ နှိုးကြားထကြွမှု မရှိလျှင် ဖြတ်ထိုးဥာဏ် ကောင်းစေအုံးတော့ အိပ်မက်ကိုပင် အကောင်ထည် ဖော်နိုင်လိမ့်မည် မဟုတ်ပါ။

၅။ ပူးပေါင်းလုပ်ဆောင်ရမှန်း မသိလျှင်၊ အစွမ်းကုန် ကြိုးစားစေဦး အောင်မြင်ရန် ခဲယဉ်းသည်။

၆။ စုဆောင်းရကောင်းမှန်း မသိလျှင် ငွေပိုရှာနိုင်စေဦးတော့ ကြွယ်၀သူဖြစ်ခဲသည်။

၇။ ဘဝရောင့်ရဲမှု မရှိလျှင် ၊ပိုချမ်းသာစေဦးတော့ ဘ၀မှာ ကျေနပ်ပျော်ရွှင်သူဖြစ်ခဲသည်။

၈။ ကျန်းမာရေးကို ဂရုစိုက်ရကောင်းမှန်း မသိလျှင်၊ ကုသမှုစရိတ် တတ်နိုင်စေဦးတော့ အသက်ရှည် အနာမဲ့ခြင်း မဖြစ်နိုင်။

Add new comment

6 + 7 =