ခေတ်ကို ဦးဆောင်နေတဲ့ လူငယ်

ပတ်ဝန်းကျင်ကို ​ကြည့်ကြည့်လိုက်ပါ ။ ​

ခေတ်ကို ဦး​ဆောင်​နေကြတာ လူငယ်​တွေချည်းပဲဆိုတာ သတိထားမိပါလိမ့်မယ် ။

ဟုတ်ပါတယ် ယ​နေ့​ခေတ်မှာ လူငယ်​တွဟာ အရင်တုန်းကလို ​ချောင်မှာခိုကပ်မ​နေ​တော့ဘဲ သက်ဆိုင်ရာ နယ်ပယ်အသီးသီးက​နေ မိမိတို့လုပ်နိုင်စွမ်း​တွေကို ချပြလာကြပါပြီ ။

ဒီ​လို လူငယ်​တွေ ဦး​ဆောင်​နေတဲ့​ခေတ်က အရှိန်အဟုန်ပြင်းပြင်းနဲ့ တိုးတက်လာတာ ထူးဆန်းတာ​တော့ မဟုတ်ပါဘူး ။

သင်​ရော ဒီလို လူငယ်​တွေထဲက တစ်ဦးဖြစ်ချင်ပါသလား ။ ဒါဆိုရင် ဘာအရည်အချင်း​တွေ လိုအပ်မလဲဆိုတာသိရဖို့ စာကို အဆုံးထိ ဖတ်ကြည့်လိုက်ပါ ။

Team Leadership Skill ရှိရမယ် ။ ​ခေါင်း​ဆောင်နိုင်မှုစွမ်းရည်ဆိုတာ လူငယ်ဖြစ်​စေ ၊ လူကြီးဖြစ်​စေ လူတိုင်းမှာရှိသင့်တဲ့အရည်အချင်းတစ်ခုပါ ။

အချို့က ​ခေါင်း​​ဆောင်​နေရာ​တော့ ယူထားပါရဲ့ တာဝန်ယူမှု ၊ တာဝန်ခံမှုမရှိ ၊ ​လက်​အောက်က လူ​တွေကိုပဲ ဖိနှိပ်​နေတာမျိုးကို ​ခေါင်း​ဆောင်လို့ယူဆလို့မရနိုင်ပါဘူး ။

​ခေါင်း​ဆောင်ဆိုတာ အရာရာကို ဦး​ဆောင်န်ိုင်စွမ်းရှိရမယ် ၊ တာဝန်ယူနိုင်ရမယ် ။

ဒါ​ကြောင့် Leadership skill ပြည့်ဝတဲ့သူ ဦး​ဆောင်တဲ့ Team က ပိုပြီး ရလဒ်​ကောင်း​တွေ ရလာတာ​ပေါ့ ။

Communication skillရှိရမယ် ။

ယ​နေ့​ခေတ်မှာ ဘယ်အလုပ်ပဲလုပ်လုပ် အသင်းအဖွဲ့​တွေနဲ့စု​ပေါင်းပြီး လုပ်​​ဆောင်ကြရတာမို့ communication skill က ရှိကို ရှိသင့်ပါတယ် ။

လူ့ခွစာ​တွေ ၊ လူ့ကန့်လန့်​တွေဆ်ိုတာ လုပ်ငန်းခွင်မှာရှိ​နေသင့်တဲ့ အကျင့်​တွေ မဟုတ်ပါဘူး ။

ဘယ်​လောက်​သေးငယ်တဲ့အလုပ်ကိုပဲ လုပ်​နေပါ​စေ ၊ ဘယ်​လောက် ​သေးငယ်တဲ့ Team နဲ့ လုပ်​နေရပါ​စေ အလုပ်​တွေ အဆင်​ပြေ​ပြေပြီး​မြောက်​အောင်မြင်ဖို့ Communication skill ​ကောင်းဖို့ သိပ်အ​ရေးကြီးပါတယ် ။

ဒါ​ကြောင့် ယ​နေ့​ခေတ်ရဲ့ မရှိမဖြစ် ရှိထားရမယ့် အရည်အချင်း​တွေထဲက တစ်ခုဖြစ်ရတာ​ပေါ့ Active ဖြစ်​နေရမယ် ။

အရှိန်အဟုန်နဲ့တိုးတက်​နေတဲ့​ခေတ်မို့ မျက်စိကိုဖွင့် နားကို​စွင့်ပြီး တက်တက်ကြွကြွ​နေရမှာကလည်း အရည်အချင်းတစ်ခုပါပဲ ။ ​

ခေတ်နဲ့အညီ လိုက်​ပြေးနိုင်မှ ​နေရာတစ်ခုကို ​ရောက်မှာပါ ။ ရိုးသား​အေး​ဆေးတာနဲ့ တက်ကြွတာက မတူညီပါဘူး ။

ကိုယ့်ရဲ့အကျင့်စရိုက်က ​အေး​အေး​ဆေး​ဆေး​နေတတ်တယ်ဆိုရင်​တောင် ကိုယ့်ရဲ့ professional လုပ်ငန်းခွင်မှာ​တော့ up to date ဖြစ်​နေဖို့ လိုအပ်ပါတယ် ။

အပြိုင်အဆိုင်များတဲ့​ခေတ်ကြီးမှာ ​ခြေ​နှေး လက်​နှေးဆိုရင်​တော့ ​နေရာတစ်ခုကို ဆုပ်ကိုင်ဖို့ မလွယ်ပါဘူး​နော် ။ Reading Skill ​ကောင်းဖို့လိုတယ် ။

ဒီဘက်​ခေတ်ရဲ့အလုပ်အကိုင်​တွေက ဘွဲ့လက်မှတ်ထက် အသိပညာအ​ပေါ် ​အ​ခြေခံပြီး လုပ်ရတဲ့အလုပ်​တွေဖြစ်ပါတယ် ။

​ကျောင်းမှာ သင်ခဲ့ရတဲ့စာနဲ့တင် လုံ​လောက်တဲ့အ​တွေ့အကြုံမဟုတ်​တော့ပါဘူး ။

ဒါ​ကြောင့် ကိုယ်က ကိုယ့်ရဲ့နယ်ပယ်အလိုက် လိုအပ်တဲ့ဗဟုသုတ​တွေကိုရှာမှီးဖို့ စာဖတ်နိုင်စွမ်းရှိဖို့ ၊ စာဖတ်တဲ့အရည်အချင်းရှိဖို့ လိုပါတယ် ။

Research Skill လည်းရှိသင့်တယ် ။

တိုးတက်လာတဲ့​​ခေတ်မှာ တစ်​ယောက်နဲ့တစ်​ယောက်ပြိုင်ဆိုင်ကြတဲ့အခါ ဘယ်သူက creative ဖြစ်သလဲဆိုတာနဲ့ ဆုံးဖြတ်လာကြပါတယ် ။

creative ဖြစ်ချင်ရင် ဘာလုပ်ရမလဲ? Research များများလုပ်ရမယ် ၊ များများ​တွေးရပါမယ် ။

အ​တွေးဆိုတာ အ​ခြေခံအ​ကြောင်းအရာ​တွေမရှိဘဲ ထွက်မလာနိုင်တာ​ကြောင့် သင့်အ​​နေနဲ့ creative ဖြစ်ချင်တယ်ဆိုရင် ကိုယ်သိချင်တဲ့အ​ကြောင်းအရာကို Detail ကျကျ research လုပ်တတ်ပါ​စေ ။

အလုပ်တစ်ခုကို ပြီး​​မြောက်တဲ့အထိ လုပ်တတ်ဖို့လည်းလိုပါတယ် ။ လူငယ်​တွေက အလုပ်​တွေကို ရဲရဲရင့်ရင့်​တော့ စတင်ကြပါရဲ့ ။

​ကောက်ရိုးမီးလို အဆုံးသတ်သွားတာမျိုး​တွေက​တော့ မဖြစ်သင့်တဲ့ကိစ္စ​တွေပါပဲ ။

အလုပ်တစ်ခုကို စပြီးပြီဆိုရင် ပြီးဆုံးတဲ့အထိ လုပ်တတ်တဲ့သူကိုမှ တာဝန်ယူတတ်တဲ့သူလို့ ​​ခေါ်လို့ရမှာပါ ။

အ​သေးအဖွဲ​လေးကအစ တာဝန်မယူနိုင်ဘူးဆိုရင် ကိစ္စကြီး​တွေမှာ ကိုယ့်ကို တာဝန်​ပေးလာဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး​နော် ။

အစားအ​သောက်အ​နေအထိုင်ဆင်ခြင်တတ်ဖို့ကလည်း အ​ရေးကြီးတဲ့အချက်အဖြစ်ပါဝင်လာပြန်ပါတယ် ။

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး ဆိုသလို တိုးတက်လာတဲ့​ခေတ်မှာ ​ရောဂါအသစ်အဆန်း​တွေကလည်း အများကြီးပါပဲ ။

​နေ့စဥ်ဘဝမှာ လူငယ်​တွေက အစားအ​သောက်ကိုဆိုရင် မဆင်မခြင်စားတတ်ကြပါတယ် ။

ဒီလို အကြိမ်ဖန်များလာ​လေ​လေ ​သွေးတိုး ၊ ဆီးချို ၊ နှလုံး စတဲ့​ရောဂါ​​တွေကလည်း ကိုယ့်​နောက်ကို လိုက်လာပြီး အသက်တ်ို​စေမှာ အ​သေအချာပါပဲ ။

ဒါ​ကြောင့် အသက်ကို ဥာဏ်​စောင့်ပြီး လူသား​တွေအကျိုးကို သယ်ပိုးဖို့ အစား​အ​သောက်ကအစ ဆင်ခြင်တတ်ဖို့ သိပ်ကို လိုအပ်ပါတယ် ။

Add new comment

20 + 0 =