July 5, 2018 Mt 9:1-8

July 5, 2018  Mt 9:1-8

Mt 9:2 မှာ အိပ်ယာပေါ်တွင်လဲနေတဲ့ လေဖြတ်သူတစ်ဦးကို ယေဇူး ဘုရားရှင်ထံ သယ်ဆောင်လာ ကြတယ်။

လူနာကို ကိုယ်တော်၇ှင်ထံ သယ်ဆောင်လာပေးကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်းများဟာ မိတ်ကောင်း၊ ဆွေကောင်း သူငယ်ချင်းကောင်းများဖြစ်ကြပါတယ်။

သူတို့ရဲ့သူငယ်ချင်းကို သူတို့ ကဂရုစိုက်တယ်။ အိပ်ယာထဲလဲနေတဲံအတိင်း ဂရုစိုက်ပြုစုပေးတာ  မဟုတ်ဘူး။

ကုသပျောက်ကင်းနိုင်တဲ့ နည်းလမ်းကိုလည်း ရှာဖွေပေးကြတယ်။ ယေဇူးဘုရားရှင် ၌ ကုသပေး နိုင်သော အခွင့်အာဏာ၇ှိတယ်ဆိုတာကို ယုံကြည်တယ်။

ကိုယ်တော်ရှင် ကုသပေးနိုင်တယ်ဆိုတာ သိကြတယ်။ ကိုယ်တော်၇ှင်ကို မေးခွန်းမထုတ်ဘူး။

ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ၀ိညာဉ်ရေးရာ ၌ အားနည်းသူတို့ကို ယေဇူးဘုရား၇ှင်ထံ ပို့ဆောင်ပေးဖို့ ကျွန်တော်တို့ ၌ တာဝန်ရှိပါတယ်။

သူတို့အားနည်းချက်ကို ကိုယ်တော်၇ှင်ကုသ ပေးနိုင်တယ်။

Mt 9:4 မှာ ယေဇူးဘုရားရှင်က ကျမ်းတတ်ဆရာတို့ကို “သင်တို့သည်စိတ်ထဲ ၌ အဘယ်ကြောင့်အဆိုး မြင်ကြသနည်း။”လို့မေးပါတယ်။ ကျွန်တော်တို့တတွေလည်း တခါတရံ ထိုနည်းတူစွာပင် ဖြစ်တယ်။

မကောင်းတဲ့အရာကို စိတ်ထဲမှာ ထားထားတယ်။ မကောင်းမှုကို မွေးမြူထားတယ်။

သူများဘယ်လောက်အကောင်းလုပ်လုပ်၊ အပြစ်ဘဲ မြင်တတ်အောင် လေ့ကျင့်ထားတဲ့အတိုင်းဖြစ်နေတတ်ပါတယ်။ မကောင်းတဲ့အရာ၊ မကောင်းမှန်သိရဲ့နဲ့စိတ်ထဲမှာ သိမ်းထားတတ်ပါတယ်။

မကောင်းတဲ့အရာ၊ မကောင်းမှုနဲ့ ကိုယ့်စိတ်ကို ဖျော်ဖြေတာ … သတိပြုေ၇ှာင်ကျင်ရမယ်အ့ရာဖြစ်ပါတယ်။ ထားရမယ့် စိတ်ဓါတ်သည် သူငယ်ချင်းကောင်းပီသသော စိတ်ဓါတ်ဖြစ်ပါတယ်။