July 4, 2018 Mt 8: 28-34

Mt 8: 28-34                                                                                         July 4, 2018

Mt 8:28-31 မှာ ယေဇူးခရစ်တော်သည် ဘယ်သူမှ မသွားတဲ့နေရာကို ကြွရောက်တယ်ဆိုတာ တွေ့ရပါတယ်။ Mt 8:32 မှာတော့ ယေဇူးခရစ်တော်သည် ဘယ်သူမှ မတတ်နိုင်တဲ့ အခြေနေမှာ ရှိသော သူတို့ကို ကယ်တော်မူတာ တွေ့ရတယ်။

နတ်ဆိုးပူးတဲ့သူတွေထံ ယေဇူးရောက်တယ်။ သေတဲ့သူတွေကြားထဲကိုလည်း ယေဇူးရောက်တယ်။ နတ်ဆိုးပူးနေတဲ့ သူနှစ်ယောက်ဟာ သင်္ချိုင်းဂူထဲနေကြတာဖြစ်တယ်။ ရှင်လျက်သေနေကြတဲ့ သူတွေ၊  ယေဇူး နဲ့အတူမရှိတဲ့သူများဟာလည်း ရှင်လျက်သေတဲ့သူများပင်ဖြစ်ပါတယ်။

ကြမ်းကြုတ် ရက်စက်တဲ့နေရာကို ယေဇူးသွားခဲ့တယ်။ တချို့သူတွေ အန္တရာယ် ပြုတတ်ကြတယ်။ သူတို့ဟာ သူတို့ကို သူတို့ နတ်ဆိုးလက်အပ်တဲ့သူတွေဖြစ်တယ်။

ဆန့်ကျင်တော်လှန်တဲံနေရာကို ယေဇူးကြွတော်မူတယ်။ တချို့ကြတော့လည်း ဘုရားသခင်ကို ဆန့်ကျင်တော်လှန်ကြတယ်။

ယေဇူး၇ှိနေတာကို မလိုချင်ကြဘူး။ ယေဇူးက အပြစ်သို့ကျသော ကောင်းကင်တမန်တို့ကို ကယ်တင်ဖို့ ကြွလာတာမဟုတ်ဘူး။

အပြစ်ထဲကျတဲ့ လူသားတို့ကို ကယ်တင်ဖို့ရာ ကြွလာတာဖြစ်ပါတယ်။

မလိုမုန်းထားတဲ့သူတွေကြား၊ ဖျက်ဆီး ၀ါးမျိုသူတွေရဲ့ကြား၊ ယေဇူးသွားတယ်။ သူတို့ကလည်း ယေဇူးကို သိတယ်။

ယေဇူးကိုလက်မခံဘူး။  ဒါပေမယ့်လည်း နတ်ဆိုးပူးနေတဲ့ သူ နှစ်ယောက်ကို ကိုယ်တော်ရှင်ရဲ့ နှုတ်တော်ထွက် အမိန့်နဲ့နှင်ထုတ်ခဲ့ပါတယ်။