Daily Reflection 29 10 2018

လုကာ ၁၃း၁၀- ၁၇
ရှင်လုကာခရစ်ဝင် ၁၃:၁၀
တနေ့သောဥပုသ်နေ့၌ ယေရှုသည် တရားစရပ်တွင် ဆုံးမဩဝါဒပေးတော်မူသောအခါ၊:၁၁ တဆယ်ရှစ်နှစ်ပတ်လုံး နတ်စွဲ၍ရောဂါနှိပ်စက်ခြင်းကို ခံရသော မိန်းမတယောက်ရှိ၏။ ထိုမိန်းမသည် ကျောကုန်း၍ ကိုယ်ကို အလျှင်းမဆန့်နိုင်။ ၁၂ ယေရှုသည် ထိုမိန်းမကို မြင်တော်မူလျှင် အထံတော်သို့ခေါ်၍၊ အချင်းမိန်းမ၊ သင်သည် အနာရောဂါနှင့် လွတ်၏ဟု မိန့်တော်မူလျက်၊ ၁၃ သူ့အပေါ်မှာလက်တော်ကို တင်တော်မူသဖြင့်၊ သူသည် ချက်ခြင်းတည့်မတ်ခြင်းသို့ရောက်၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။ ၁၄
ထိုသို့ ဥပုသ်နေ့၌ ယေရှုသည် အနာရောဂါကိုငြိမ်းစေတော်မူသောကြောင့် တရားစရပ်မှူးသည် အမျက်ထွက်၍၊ အလုပ်လုပ်ရသော နေ့ရက်ခြောက်ရက်ရှိ၏။ ထိုနေ့ရက်တွင်လာ၍ အနာရောဂါငြိမ်းစေခြင်း ကျေးဇူးကို ခံကြလော့။ ဥပုသ်နေ့၌ မလာမခံကြနှင့်ဟု ပရိသတ်တို့အားဆို၏။ ၁၅ သခင်ဘုရားကလည်း၊ လျှို့ဝှက်သောသူ၊ သင်တို့ရှိသမျှသည် ဥပုသ်နေ့၌ မြင်း၊ နွားကို တင်းကုပ်မှ လွှတ်၍ ရေတိုက်ခြင်းငှါ ဆောင်သွားတတ်သည် မဟုတ်လော။ ၁၆
တဆယ်ရှစ်နှစ်ပတ်လုံးစာတန်ချည်နှောင်သော အာဗြဟံ၏သမီးဖြစ်သော ဤမိန်းမကို ဤချည်နှောင်ခြင်းမှ ဥပုသ်နေ့၌ မလွှတ်ရသလောဟု မိန့်တော်မူ၏။ ၁၇ ထိုသို့ မိန့်တော်မူပြီးမှ ရန်ဘက်နေသော သူအပေါင်းတို့သည် နှစ်သက်ဝမ်းမြောက်ကြ၏။

Add new comment

2 + 0 =