Daily Reflection 20 12 2019

Word of Light - Mary's joyfulness
Lk. 1: 26-38
ရှင်လုကာခရစ်ဝင် ၁:၂၆
ငါးလလွန်သောအခါ၊ ဂါလိလဲပြည်နာဇရက်မြို့၌ ဒါဝိဒ်အမျိုးသား၊ ယောသပ်အမည်ရှိသောလူနှင့် ထိမ်းမြားဆောင်နှင့်၍၊၂၇
မရှက်တင်သေးသော သတို့သမီးကညာဆီသို့ ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလကို စေလွှတ်တော်မူ၏။ သတို့သမီးက ညာကား၊ မာရိအမည်ရှိ၏။၂၈ ကောင်းကင်တမန်သည် ရောက်လာလျှင်၊ ကျေးဇူးတော်ကိုခံရသောမိန်းမ၊ သင့်အားမင်္ဂလာ ဖြစ်စေသတည်း။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ ထက်မြတ်စွာသောမင်္ဂလာရှိသည်ဟု ပြောဆို၏။၂၉ မာရိသည် ထိုစကားကိုကြားလျှင် စိတ်နှလုံးမငြိမ်မဝပ်ရှိ၍၊ ဤနှုတ်ဆတ်ခြင်းကား အဘယ်သို့သော နှုတ်ဆက်ခြင်းဖြစ်လိမ့်မည်နည်းဟု တွေးတောဆင်ခြင်၍နေ၏။၃၀ ကောင်းကင်တမန်ကလည်း၊ မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ဘုရားသခင်ရှေ့တော်၌ မျက်နှာရပြီ။၃၁ သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဘွားမြင်လိမ့်မည်။ ထိုသားကို ယေရှုအမည်ဖြင့် မှည့်ရမည်။ ၃၂ ထိုသားသည်ကား၊ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင်သခင်သည် သူ့အားပေးတော်မူမည်။၃၃ ထိုသူသည်လည်း ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ်အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံးခြင်းမရှိရဟုပြောဆို၏။၃၄ မာရိကလည်း၊ ဤအမှုအရာသည် အဘယ်သို့ဖြစ်လိမ့်မည်နည်း။ အကျွန်ုပ်ယောက်ျားနှင့် မဆက်ဆံပါဟု ကောင်းကင်တမန်အား ပြန်ပြော၏။၃၅ ကောင်းကင်တမန်ကလည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အပေါ်မှာ သက်ရောက်တော်မူ၍၊ အမြင့်ဆုံးသောဘုရား၏တန်ခိုးအာနုဘော်တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။ ၃၆ ထိုမှတပါး၊ အမြုံမဟူ၍ခေါ်ဝေါ်သောသင်၏ အဆွေအမျိုးဧလိရှဗက်သည် ပဋိသန္ဓေစွဲယူ၍ ယခုခြောက်လအဝင်ရှိပြီ။:၃၇ဘုရားသခင်တတ်နိုင်တော်မမူသောအမှုမရှိဟု ပြောဆိုလျှင်၊၃၈ မာရိက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ကျွန်မဖြစ်ပါ၏၊ ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ ဖြစ်ပါစေသောဟု ဝန်ခံပြီးမှ၊ ကောင်းကင်တမန်သည် မာရိထံမှသွားလေ၏

Add new comment

1 + 4 =