Daily Reflection 17 10 2019

Word of Light - Alas for you...
Lk. 11: 47-54

ရှင်လုကာ 11:47-54
ရှင်လုကာခရစ်ဝင် ၁၁:၄၇
ကိုယ်လက်ဖျားနှင့်မျှမတို့ကြ။ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပရောဖက်တို့၏ သင်္ချိုင်းများကိုတည်လုပ်၍၊ သင်တို့၏ ဘိုးဘေးများသည် သူတို့ကိုသတ်ကြ၏။၄၈ အကယ်စင်စစ် သင်တို့သည် ဘိုးဘေးတို့၏ အပြုအမူကိုလက်ခံကြ၏။ ဘိုးဘေးတို့သည် ပရောဖက်များကို သတ်ကြပြီ။ သင်တို့မူကား၊ သင်္ချိုင်းတို့ကို တည်လုပ်ကြ၏။၄၉ ထိုကြောင့်၊ ဘုရားသခင်၏ ဥာဏ်စီရင်တော်မူသည်ကား၊ ပရောဖက်၊ တမန်တော်တို့ကို သူတို့ရှိရာသို့ ငါစေလွှတ်မည်။ သူတို့သည် ထိုပရာဖက်၊ တမန်တော်အချို့တို့ကို ညှဉ်းဆဲကြလိမ့်မည်။ အချို့တို့ကို သတ်ကြ လိမ့်မည်။၅၀
ထိုကြောင့်၊ အာဗေလ၏ အသွေးမှစ၍၊ ယဇ်ပလ္လင်နှင့် အိမ်တော်၏အကြား၌ သတ်ခဲ့ပြီးသော ဇာခရိ၏အသွေးတိုင်အောင် ကမ္ဘာဦးမှစ၍ သွန်းပြီးသော ပရောဖက်အပေါင်းတို့၏အသွေးကြောင့် ယခုဖြစ်သော လူတို့သည် စစ်ကြောခြင်းကို ခံရကြမည် ၅၁
ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူတို့သည် ထိုစစ်ကြောခြင်းကိုခံရကြမည်။၅၂ ကျမ်းတတ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပညာဖွင့်သောသော့ကို သိမ်းထားကြပြီ။ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြသည်ဟု မိန့်တော်မူ၏။၅၃ ထိုသို့ ပရိတ်သတ်တို့အား မိန့်တော်မူစဉ်တွင် ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့သည် ကိုယ်တော်၌အပြစ် တင်ခွင့်ကို ရမည်အကြောင်း ၅၄ ချောင်းမြောင်းလျက် စကားတော်ကိုဘမ်းခြင်းငှါ ရှာကြံလျက်၊ ကျပ်ကျပ်တိုက်တွန်း၍ အရာရာတို့၌ မေးစစ်ကြ၏။

Add new comment

5 + 7 =