အာသာရ် Paul သက်ခိုင်(မန္တလေး) အဒ်ဝင်တူးကာလဒုတိယ အင်္ဂါနေ့ ဩဝါဒ ၆၊ ၁၂၊ ၂၀၂၂

အာဒ်ဝင်တူး ကာလဒုတိယ အင်္ဂါနေ့(ရှင်မာ‌တေဦး ဧဝံ‌‌ဂေလီကျမ်း ၁၈း၁၂-၁၄

 ချစ်လှစွာသောညီကိုမောင်နှမအပေါင်တို့ ဤယနေ့ဟာ အာဒ်ဝင်တူးဒုတိယပတ်ရဲ့ အင်္ဂါနေ့ဖြစ်ပါတယ်။ ဤယနေ့

ဖတ်ရတဲ့ ဧဝံဂေလိအသက်‌ပေးနှုတ်ကပါဌ်တော်မြတ်မှာပျောက်သောသိုးဥပမာကိုတွေ့ရှိရပါတယ်။ ပျောက်သောသိုး

များကိုပြန်ရှာဖွေစေရန်ခမည်းတော်ဘုရားကအလိုရှိပါတယ်။ ဒါ့ကြောင့်သူ့ရဲ့တစ်ပါးတည်းသောသားတော်ယေဇူး

ဘုရားကိုလောကသို့စစ်လွှတ်ပြီးလမ်းလွှဲပျောက်ဆုံးနေ သောသိုးများကိုပြန်ရှာဖွေစေပါတယ်။ ဒါကြောင့်သားတော်

ယေဇူးဘုရားဤလောကသို့ဆင်ကြွလာရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ပျောက်ဆုံးနေသောသိုးများကိုပြန်ရှာဖွေ

ရန်အတွက်ကျမ်းစာထဲမှာဖော်ပြထားတဲ့သိုးထိန်းကသိုးအကောင်တစ်ရာရှိတဲ့အထဲကနေတကောင်လမ်းလွဲပျောက်ဆုံး

သွားတဲ့အခါထိုသို့ထိန်းကာကျန် ၉၉ ကောင်ကိုဘေးကင်းရာမှာထားခဲ့ပြီးတော့ပျောက်သွားတယ်သိုးတကောင်ကိုမ

တွေ့မချင်းကြိုးစားရှာဖွကြောင်းနှင့်ထိုပျောက်သောသို့ကိပြန်တွေ့တဲ့အခါရိုက်နဲ့ဒဏ်ပေးမှုမပြုပဲထိုသိုးငယ်ကိုထိန်းက

ပခုံးထက်မှာတင်ပြီးဝမ်းမြောက်ဝမ်းသာသယ်ဆောင်လာပြီးမူလသို့အုပ်ထဲသို့ပြန်ထည့်ပေးကြောင်းတွေ့ရှိရပါတယ်။

ညီအကိုမောင်နှမအပေါင်းတို့သိုးထိန်းကသင်္ချာမတွက်တတ်လို့၉၉ ကောင်ကိုထားခဲ့ပြီးတစ်ကောင်ကိုမရ ရအောင်ပြန်

ရှာတာမဟုတ်ပါဘူး။ တကောင်ချင်းစီကိုဘယ်လောက်တန်ဖိုးထားတယ်ဆိုတာသိစေချင်းလို့ပါ။ ကျွန်ုပ်တို့မှာလက်

ချောင်းဆယ်ချောင်းရှိရာကနေဘယ်အချောင်းကိုမှအပျက်စီးမခံချင်ပဲ။ လက်ချောင်းတစ်ချောင်းဆီကိုတန်ဖိုးထားတတ်

သလို ကမ္ဘာပေါ်မှာလူဦးရေသန်း‌ပေါင်းများစွာရှိသော်လည်းပဲမည်သူဦးတယောက်ကိုမှဆုံးရှုံးမခံဘဲတန်ဘိုးထားပြီးဘုရား

သခင်ကချစ်ပေးပါတယ်။ ညီအကိုမောင်နှမအပေါင်းတို့ပင်ယနေ့ကျမ်းစာထဲကအဖြစ်အပျက်အားဖြင့်သိလိုက်ရတာက

တော့ကျနော်တို့တစ်ဦးချင်းစီဟာဘုရားသခင်ရဲ့ရှေ့မောက်တော့မှာတန် ဖိုးကြီးမြတ်တယ်ဆိုတဲ့အကြောင်း နှင့် ကျနော်တို့

အားလုံးဟာဘုရားသခင်ပိုင်ဆိုင်သောသိုးစုများဖြစ်တယ်ဆိုတဲ့အကြောင်းအရာပါပဲ။ ဒါ့ကြောင့်မိမိကိုယ်ကိုတန်ဖိုးမရှိသူ

အရေးမပါသူလို့ယူဆနေတာတွေရှိရင်ထိုအတွေးတွေကိုမောင်းထုတ်ပြီးမိမိဟာဘုရားရှင်ရဲ့ရှေ့မှောက်မှာကိုယ့်အလွန်ကြီးမား

သောလူသားတစဦးဖြစ်တယ်ဆိုတာနှလုံးသွင်းရပါမယ်။ ကျနော်တို့လူသားများဟာသခင်ခရစ်တော်ရဲ့အသွေးနဲ့ရွေးဝယ်ထား

တဲ့လူသားများဖြစ်ပေမယ့်တချို့ကခရစ်တော်ဘုရားသခင်ကိုမျက်နှာမမူလောကီအရာတွေ့ကိုမျက်နာမူတာများပြီးလမ်းလွှဲ

ပျောက်ဆုံးနေတဲ့သိုးတွေများစွာရှိပါတယ်။ မတူညီကြတဲ့နည်းလမ်းတွေနဲ့ပျောက်ဆုံးနေကြတယ်။ တချို့ကအရက်သေစာ

သောက်စားခြင်းထဲမှာပျောက်တယ်။ တချို့ကတဏှာရာဂထဲမှာနှစ်ပြီးပျောက်နေကြတယ်။ အချို့ကရာထူးအာဏာမက်မော

ခြင်းထဲမှာပျောက်ဆုံးနေကြတယ်။ တချို့က တလုံး၊ နှစ်လုံး၊ သုံးလုံဖြစ်တဲ့လောင်းကစားနှလုံးထီနဲ့ ချဲတို့တို့မှာပျောက်ဆုံးနေ

ကြတယ်။ တချို့ကပျင်းရီခြင်းထဲမှာပျောက်ဆုံးနေကြတယ်။ ဒါ‌ကြောင့့််ညီကိုယ်မောင်နှမအပေါင်းတို့မိမိဟာဘယ်နေရာမှာ

ရှိတယ်ဆိုတာပြန်လည်သုံးသပ်ပြီးလမ်းလွဲ့နေတယ်ဆိုရင်သခင်ခရစ်တော်ကလိုက်ရှာသည်အထိ‌စောင့်မနေဘဲမိမိဘာသာ

စိတ်အသိစိတ်ဖြင့်သိုးထိန်းကောင်းသခင်ခရစ်တော်ရဲ့သိုးခြံထဲကိုပြန်ဝင်နိုင်ရောက်အောင်ကြိုးစားသွားကြပါစို့။

Add new comment

2 + 1 =