သခင်ခရစ်တော်က သင်လိုအပ်နေ‌ သောအရာအားလုံးကိုဖြည့်စီးပေးဖို့ သင့်ဆီက သူ့အပေါ်ကို ပြည့်ဝစွာယုံကြည်ပေးဖို့ တစ်ခုပဲတောင်းဆိုနေတယ်

ဖေဖော်ဝါရီလ 18 ရက်

ဓမ္မမိတ်ဆွေတို့ ဒီကနေ့ ဖေဖော်ဝါရီလ 18 ရက် ရှင်မာကုဧဝံဂေလိ ကျမ်းစာမှာ တပည့်တော်တို့၏ နားလည်နိုင်မှုစွမ်းအားနည်းပါးမှုအကြောင်း၊ သခင်ခရစ်တော်နှင့်အတူရှိနေတာတောင် အစားအသောက်အတွက်စိုးရိမ်နေကြမူ့အပေါ် ပြောဆိုခဲ့သည်အကြောင်းကိုကျွန်‌တော်တို့ကြားခဲ့ရတယ်။ ကျွန်‌တော်တို့ယုံကြည်သူတွေရဲ့ဘဝဟာလည်း တပည့်တော်ကြီးတွေလို ဘဝပင်လယ်ထဲမှာ ခရီးသွားနေရသူတွေဖြစ်ကြတယ် ကျွန်တော်တို့ရဲ့နေ့စဉ်အသက်တာမှာ အစားအသောက်၊ အနေအထိုင်၊ အလုပ်အကိုင်၊ ရယူပိုင်ဆိုင်ခြင်းတဲ့အရာများ၊ လိုအပ်တယ်လို့ထင်ပြီးတွေ့နေရသောအရာများ စသည့်လိုအပ်ချက်များကိုပဲအာရုံစိုက်နေကြတဲ့အခါမှာ ကိုယ့်မှာရှိပြီးသားကျေးဇူးတော်တွေကိုမေ့လျော့‌ နေကြတယ်၊ ကိုယ့်လိုအပ်ချက်တွေအတွက်ပဲ တွေးတောပြီးစိုးရိမ်နေတတ်ကြတယ် ဒီကနေ့သင့်မှာစားစရာရှိတယ်၊ နေစရာရှိတယ်၊ အလုပ်အကိုင်ရှိတယ်၊ ကျန်းမာတဲ့ခန္ဓာကိုယ်ရှိတယ်၊ မြင်နိုင်တယ်ကြားနိုင်တယ်‌ ပြောဆိုနိုင်တယ်၊ သွားလာလှုပ်ရှားနိုင်တယ်၊ ဒီကျေးဇူးတော်တွေအတွက်တင်ကျေးဇူးတင်ဖို့သတိရရဲ့လား၊ ကျွန်‌တော်တို့ ယုံကြည်သူတွေမှာ ရောဂါဝေဒနာမျိုးစုံကို ကုသပျောက်ကင်းပေးနိုင်သူဆရာဝန်တစ်ဦးရှိတယ် ဘဝမှာဘယ်လိုနေထိုင်ရမယ်ဆိုတာ အလင်းပေးပြီး လမ်းပြပေးနေသူဆရာတစ်ယောက်ရှိတယ် နေ့စဉ်လိုအပ်ချက်များကိုဖြည့်ဆည်းပေးနေသူ၊ အလွန်အင်မတန်မှကြွယ်ဝချမ်းသာသောသူဌေးကြီးတစ်ဦးရှိတယ် ဝထာဝရအသက်ပေးနိုင်သူ ၊ ကျွန်တော်တို့လူသားများထာဝရအသက်ရရှိရန် မိမိကိုယ်ကိုအရင်းအနှီးပြုပြီး မိမိသွေးအားဖြင့်ကယ်တင်ပေးထားသူ ကယ်တင်ရှင်တစ်ဦးရှိတယ်၊ ယခုဘဝအတွက်၊ နောင်ဘဝအတွက် အရာရာအားလုံးကိုပေးစွမ်းနိုင်သောပုဂ္ဂိုလ် ကျွန်တော်တို့နဲ့အတူဘဝပင်လယ်ထဲမှာ အတူခရီးသွားနေတယ် ကျွန်တော်တို့တတွေသူ့ကိုသတိထားမိရဲ့လား သူ့ကိုအားကိုးရဲ့လား၊ သူရှိနေတာကိုရောကျေးဇူးတင်ရဲ့လား၊ သခင်ခရစ်တော်က သင်လိုအပ်နေ‌ သောအရာအားလုံးကိုဖြည့်စီးပေးဖို့ သင့်ဆီက သူ့အပေါ်ကို ပြည့်ဝစွာယုံကြည်ပေးဖို့ တစ်ခုပဲတောင်းဆိုနေတယ်။ By Kyi Maung

Add new comment

2 + 16 =