သခင်ခရစ်တော်ကိုသိရှိခြင်း၊ သခင်ခရစ်တော်၏ ကုသပေးနိုင်မှုအပေါ်ယုံကြည်ခြင်း

သခင်ခရစ်တော်ကိုသိရှိခြင်း၊ သခင်ခရစ်တော်၏ ကုသပေးနိုင်မှုအပေါ်ယုံကြည်ခြင်း

ဖေဖော်ဝါရီလ ၁၀ ရက်

ဓမ္မမိတ်ဆွေတို့ ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက် ရှင်မာကု ဧဝံဂေလိကျမ်းမှာ သခင်ခရစ်တော်နှင့်သူ၏တပည့်တော် ကြီး တွေ ဂျေနာဇရက် ကိုဆိုက်ရောက်ကြပီး လှေပေါ်က ဆင်းကြစဉ်မှာ လူ‌တွေက ကိုယ်တော်မှန်းသိရှိကြပြီး ပတ်ဝန်းကျင် ဒေသအနှံ့ အပြေးအလွှားသွားကာ လူမမာများကို ကိုယ်တော်ရှိရာအရပ်သို့ခေါ်ဆောင်လာခဲ့ကြတယ် ကိုယ်တော်ကြွဝင် ရာမြို့ရွာဒေသအနှံ့ လမ်းဘေးတွင်လူနာများကိုချထားပြီး ကိုယ်တော်၏အဝတ်‌တော်ကိုတို့ထိနိုင်ရန် ကြိုးစားးကြသည့် အကြောင်းကိုကျွန်တော်တို့ကြားခဲ့ရတယ်။

ဒီကနေ့ကျွန်‌တော်တို့ယုံကြည်သူတွေ ထောက်ရှု့ရမည့်အ ချက်က သခင်ခရစ်တော်ကိုသိရှိခြင်း၊ သခင်ခရစ်တော်၏ ကုသပေးနိုင်မှုအပေါ်ယုံကြည်ခြင်း၊ မိမိကိုယ်၌သာမက တပါးသူကိုပါ သခင်ခရစ်တော်ထံမှကုသမှုခံယူရရှိအောင် ကူညီပေးခြင်း ဆိုတဲ့ အချက်တွေကိုထောက်ရှုကြရမယ်။

သခင်ခရစ်တော်ဟာ သူ့ရဲ့အကူအညီလိုအပ်နေသူတွေထံ အမြဲကြွလာနေတယ်ဆိုတာကိုကျွန်တော်တို့သိရမယ်၊ သခင် ခရစ်တော်ရဲ့ ကျေးဇူးတော်ကိုကျွန်တော်တို့တတွေကိုယ်တိုင်က သိရှိခံစားသူတွေဖြစ်ကြရမယ်၊ ကိုယ်တိုင် သိရှိခံစားရ သောကျေးဇူးတော်ကို၊ လိုအပ်နေသူတွေ၊ သခင်ခရစ်တော်ထံ လာခြင်သော်လည်း၊ အခြေအနေအကြောင်း အမျိုးမျိုး ကြောင့် သခင်ခရစ်တော်ထံမရောက်ရှိနိုင်သူတွေကို အချင်းချင်းကူညီပေးပြီးခေါ်ဆောင်လာပေးကြရမယ်၊ ဒါဟာ ခရစ် ယာန်တို့ရဲ့သာသနာပြုလုပ်ငန်းဖြစ်တယ်၊

 နေ့စဉ်သခင်ခရစ်တော် ကိုယ်တော်မြတ် စက္ကရမင်းတူး မှာ ကျနော်တို့ကိုကုသပေးဖို့ စောင့်မျှော်နေတယ်၊ ကျွန်တော်တို့ ကိုယ်၌က သခင်ခရစ်တော်ကို သိမှတ်ဝန်ခံ ပြီ၊ ဘုရားနှင့်ပေါင်းစပ်နေသူတွေဖြစ်ကြရမယ်၊ ဆက်လက်ပြီး အကြောင်း အမျိုးမျိုးကြောင့် ဘုရားသခင်နှင့် ဝေးကွာနေရသူတွေ ကို ဘုရားသခင်ထံခေါ်ဆောင်လာနိုင်သူတွေဖြစ်အောင် ကြိုးစားကြပါစို့။

By Kyi Maung

Add new comment

1 + 1 =