ဝါဝင် သောဗုဒ္ဓဟူးနေ့ ပြာခံပွဲ

ဖေဖော်ဝါရီလ ၂၆ ရက်

ဝါဝင် သောဗုဒ္ဓဟူးနေ့ ပြာခံပွဲ  ရက်မှာ ဝါတွင်းကာလ၊ ကျင့်ကြံဆောက်တည်ရမည့်အချက်များကို ထောက်ရှုသွားကြပါစို့။ ပြာခံပွဲနေ့၏အဓိပ္ပာယ်ဟာ ကျွန်တော်တို့ယုံကြည်သူတွေ မိမိတို့ကျူးလွန်ခဲ့သည့်အပြစ်အမှားများအတွက် ဘုရားရှင်ထံမှ ခွင့်လွှတ်ခြင်း၊ ကျေနပ်ခြင်း၊ အပြစ်အမှားများအတွက် ပြေရာပြေကြောင်း ပြုလုပ်ရသောနေ့ဖြစ်ပါသည်။

လျှော်တေအဝတ်ကိုဝတ်ဆင်ခြင်း၊ မိမိကိုယ်ပေါ်တွင်ပြာများကိုဖြူခြင်း စသည့်အမှတ်လက်ခဏာများသည် ဂျူးလူမျိုးတွေထုံးတမ်းအစဉ်လာအရ မိမိတို့၏အပြစ်အမှားအပေါ်နောင်တရသည့်အမှတ်လက္ခဏာအဖြင် ပြုလုပ်ကြသောအစဉ်အလာတစ်ခုဖြစ်ပါသည်။

ကက်သလစ်သာသနာတော် အစပိုင်းတွင် အပြစ်ကြီးကြီးမားမားကျူးလွန်သူတို့အား လျှော်တေအဝတ်ကိုဝတ်ဆင်ခြင်း၊ မိမိကိုယ်ပေါ်တွင်ပြာများကိုဖြူခြင်း များကို ပြုလုပ်စေပြီး မိမိအပြစ်ကို လူအများရှေ့တွင်ဒဏ်ဆပ်ဖြေရသည့် အလေ့အထများကျင့်သုံးခဲ့ကြပါသည်။ ယင်းအလေ့အထကိုဆက်လက်ကျင့်သုံးသည့်အနေဖြင့် ဝါဝင်ခြင်းပြာခံခြင်း အစဉ်အလာကိုသာသနာတော်မှဆက်လက်ကျင်သုံးခြင်းဖြစ်တယ်။။ ဝါဝင် သောဗုဓ္ဒဟူးနေ့ ပြာခံပွဲရက် နဲ့ သခင်ခရစ်တော် အသက်တော်စွန့်တော်မူသော သောကြာနေ့ကြီးတို့မှာ အပြည့်အဝ အစားရှောင်ခြင်းချိုးခြံခြင်းကိုပြုလုပ်ရမယ်လို့တိုက်တွန်းထားတယ်။

ဝါတွင်းကာလ တလျှောက်လုံးမှာလည် နောင်တတရားနှင့်ဆိုင်သည့် အသားရှောင်ဝါ‌ ရှောင်ခြင်း၊ မိမိကိုယ်ကို အပြစ်မကောင်းမှုများမှချိုးခြံချုပ်တည်းခြင်း၊ ချစ်ခြင်းမေတ္တာပြသည့်အနေဖြင့် ပေးကမ်းစွန့်ကြဲကြအမှုများကို အထူးတလည်ပြုလုပ်ကြရမယ့်ကာလလည်းဖြစ်တယ်။ အထူးသဖြင့် ပထမကျမ်းစာမှာ မိမိတို့ရဲ့နှလုံးသားမှလာသော စစ်မှန်သောနောင်တတရားနှင့် ဘဝကိုနေထိုင်အသက်ရှင်ခြင်း အကြောင်း တမန်တော်ပေါလူမှ ဘုရားရှင်နှင့်ပြန်လယ်‌ ကျေးအေးနိုင်ရန် နောင်တတရားနှင့်ဆိုင်သည့်အမှုများကိုပြုလုပ်ကြဖို့နှင့် ယနေ့ထောက်ရှုရသည့်ဧဝံဂေလိကျမ်းစာမှာတော့ ဆုတောင်းခြင်း၊ အသား ရှောင်ဝါခြင်း၊ ခြိုးခြံခြင်း၊ ပေးကမ်းစွန့်ကြဲခြင်း၊ စသည့်အမှုများကို တာဝန်ကျေရုံသက်သက်မဟုတ်၊ မိမိ၏စစ်မှန်သောနှလုံးသားမှ လိုလိုလားလားလုပ်ဆောင်ခြင်းများကို ပြုလုပ်ကြဖို့တိုက်တွန်းပေးထားတယ်။

ပြခံပွဲနေ့မှာ ပြာအများကိုကောင်းကြီးပေးခြင်း၊ ခရစ္စတူးအမှတ်အသားဖြင့် နှဖူးပေါ်တွင်မှတ်သားခြင်း၊ (သင်သည်မြေမှူန်မြေရွံ့မှာလာ၍ ‌မြေမှူန့်မြေရွံ့သို့ ပြန်သွားရမည်ကိုသတိပြုလော၊ သို့၊ နောင်တစွဲ၍ နုတ်ကပတ်တော်ကို ယုံကြည်လော) ဒီအရာတွေကကျွန်ုပ်တို့ယုံကြည်သူအယောက်တိုင်းဆီကို

၁။ ကျန်ုပ်တို့သည်သေမျိုးဖြစ်သည့်အလျောက်၊ သေဆုံးကြရမည်

၂။ ကျွန်တော်တို့၏ခန္ဓာကိုယ်ကြီးသည်လည်း မြေမှူန့်မြေရွံ့သို့ ပြန်သွားရမည်ကိုသတိပြုကြဖို့၊

၃။ လူလောကဘဝအသက်တာဟာ အလွန်တိုတောင်းပြီး အချိန်မရွေးသေဆုံးနိုင်ကြောင်း သာသနာတော်ကြီးကသေချာစွာသတိပေးနေတယ်။

ဆက်လက်ပြီး သာသနာတော်ကြီးက ပြင်းပြင်းထန်ထန် ကျွန်ုပ်တို့အယောက်တိုင်းဆီကို သတိပေးနေတာက မိမိအမှားကိုနောင်တရကြဖို့၊ ဘုရားရှင်းထံမှခွင့်လွှတ်ခြင်းကိုတောင်းခံကြဖို့၊ မိမိတို့၏အပြစ်များအတွက်ဒဏ်ဆပ်ဖြေကြဖို့၊ အကြောင်း နှင့် နောင်တမရသောသူတို့ကို ထာဝရငရဲဒဏ်ခံစားရမည့် ကြီးမားသည်အပြစ်ဒဏ်တို့အကြောင်းကို သတိပေးနေတယ်။

ဒါကြောင့် နောင်တရသောသား၏ပုံဥပမာကဲ့သို့ နောင်တတရားနှင့် စ ဘုရားသခင်ထံပြလာခြင်း၊ မိမိဘဝကိုအသစ်ပြုပြင်ခြင်း၊ ဘုရားရှင်၏ချစ်ခြင်းမေတ္တာနဲ့ခွင့်လွှတ်ခြင်းကို မိမိတို့၏နှလုံးသားမှထိတွေ့ခံစားနိုင်ခြင်း၊ မိမိတို့ကိုယ်နှိုက်ကလည်း ဘုရားရှင်၏အလိုဆန္ဒအတိုင်း ဖြူစင်ခြင်း၊ ချစ်ခြင်းမြစ်တာအသက်တာ၊ နှိမ်ချသောအသက်တာတို့ဖြင့် ရှင်သန်နေထိုင်ကြဖို့ သာသနာတော်ကြီးကအယောက်တိုင်းစီးဖို့သတိပေးနေတယ်။

သာသနာ‌ တော်ကြီးက ယုံကြည်သူခရစ်ယာန်များ၏ အကျိုးအတွက်မျှော်တွေးကာ ဝါတွင်းကာလ ကို သတ်မှတ်ပေးပြီး ဘာသာတရားကျင့်ဝတ်တစ်ခုအဖြစ် စောင့်ထိန်းရာကာလတစ်ခုဖြစ်သလို ဘုရားရှင်၏ခွင့်လွှတ်ခြင်းကျေးဇူးတော်များ ရရှိခံစားရာကာလတစ်ခုလည်းဖြစ်တယ် ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူခရစ်ယာန်များအနေနှင့် ဒီဝါတွင်းကာလတလျှောက်လုံးမှာ စစ်မှန်သောမိမိနှလုံးသားမှလာသည့် နောင်တ တရားများ၊ ခွင့်လွှတ်ခြင်းတရားများ၊ နှိမ့်ချခြင်းတရားများ၊ ဘုရားရှင်၏ကျေးဇူးတော်ပေါ်သိအမှတ်ပြု‌ ကျေးဇူးတင်ခြင်းများ၊ လိုအပ်သူညီကိုမောင်နှမများကို ပေးကမ်းစွန့်ကြဲခြင်းအမှုများ ပြုလုပ်ကြဖို့ တိုက်တွန်းနှိုးဆော်ပေးလိုက်ပါသည်။ ဝါတွင်းကာလတစ်လျှောက်လုံးတွင် အကောင်းဆုံးပြင်ဆင်နိုင်သူများဖြစ်ကြပါစေ။။

Add new comment

1 + 4 =