ရာထူးအာဏာအတွက်မဟုတ် ပေးဆပ်အနစ်နာခံသော အ‌စေခံခြင်းမှုနဲ့သာပေးဆပ်နိုင်သူ၊ ဆပ်ကပ်နိုင်သူများဖြစ်ကြပါ

ဖေဖော်ဝါရီလ 25 ရက်

ဓမ္မမိတ်ဆွေတို့ ဒီကနေ့ ဖေဖော်ဝါရီလ 25 ရက် ရှင်မာကုဧဝံဂေလိကျမ်းစာမှာ သခင်ခရစ်တော်၏နောက်လိုက်တပည့်တော်ကြီးတွေက မိမိတို့တွင်မည်သူသည်အကြီးမြတ်ဆုံးဖြစ်သည်ကို အချင်းချင်းငြင်းခုံနေကြခြင်းအကြောင်း၊ သခင်ခရစ်တော်က သင်တို့တွင်ပထမဆုံးဖြစ်လိုသောသူသည် အားလုံး၏နောက်ဆုံးသောသူအားလုံး၏အ‌စေခံဖြစ်ရမည်ဟု သွန်သင်ခဲ့တဲ့အကြောင်း ဆက်လက်ပြီး အငယ်ဆုံးသောသူငယ်တစ်ဦးအားလက်ခံလျှင် သူ့အားလက်ခံကြိုဆိုခြင်းဖြစ်ကြောင်း သင်ကြားပေးခဲ့တာကိုကျွန်တော်တို့ကြားနာခဲ့ရတယ်။

ဒီနေ့သခင်ခရစ်တော်က သူ့ရဲ့နောက်လိုက်တပည့်တော်ကြီးတွေကို စစ်မှန်သောအရာသူအာဏာသည် မိမိကိုယ်၌ကတစ်ပါးသူအပေါ် ပေးဆပ်ခြင်း၊ အနစ်နာခံခြင်း၊ တစ်ပါးသူကိုဦးစားပေးခြင်း၊ အများကောင်းကျိုးပေးဆပ်အနစ်နာခံလုပ်ဆောင်ခြင်း၌သာ ပထမဦးဆုံးသောနေရာကိုရယူနိုင်ကြောင်း၊ ပေးဆပ်အနစ်နာခံမှုမရှိသောသူသည် မည်သို့သောရာထူးနှင့်မျှမထိုက်တန်ကြောင်း သင်ကြားပေးလိုက်ခြင်းပါပဲ၊

တချိန်ထဲမှာပဲ သခင်ခရစ်တော်က သူ့ရဲ့နောက်လိုက်တပည့်တော်တွေကို၊ ရာထူးဂုဏ်ထူးအာဏာအတွက်မဟုတ် နှိမ့်ချခြင်းအသက်တာ၌သာရှင်သန်ကြားဖို့၊ နှိမ့်ချခြင်းပါရမီသာလျှင် မိမိဘဝရပ်တည်မှုကို ပိုမိုကြာရှည်စွာခိုင်မာ စေကြောင်း၊ စစ်မှန်သော နှိမ့်ချခြင်း၌ ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်း၊ ယုံကြည်ခြင်းများ၊ ပါဝင်နေသောကြောင့် ကလေးသူငယ်အားလက်ခံကြိုဆိုခြင်းပုံသက်သေအားဖြင့်၊ တပည့် တော်ကြီးတွေကို နိမ့်ချခြင်းရိုးသားဖြောင့်မတ်ခြင်း၊ အားကိုယုံကြည်ခြင်း စသည့်စိတ်များကိုသင်ကြားပေးနေ ကြောင်းကို ကြားသိခဲ့ရတယ်။

ယုံကြည်သူ၊ ဘုရားရှင်၏အစေခံ ခရစ်ယာန်များအနေနှင့် မိမိတို့၏ယုံကြည်ခြင်းအသက်တာကို ရာထူးအာဏာအတွက်မဟုတ် ပေးဆပ်အနစ်နာခံသော အ‌စေခံခြင်းမှုနဲ့သာပေးဆပ်နိုင်သူ၊ ဆပ်ကပ်နိုင်သူများဖြစ်ကြပါစေ။။

 

တစ်ဆက်တည်းမှာပဲ ဓမ္မမိတ်ဆွေများကိုတိုက်တွန်းချင်တာက မနက်ဖြန်း ဖေဖဝါရီလ ၂၆ ရက် ဝါကြီးဝင်သော ဗုဒ္ဓဟူးနေ့ ပြာခံပွဲ‌‌ နေ့ကြီးလည်းဖြစ်ပါတယ်၊ ဒါကြောင့်ပြာခံပွဲနေ့ ဝါကြီးဝင်သောနေ့ မှာ ဘုရားကျောင်းတက်တရားနာကြားဖို့၊ ကြိုတင်သတိပေးပါရစေ။။ မြေမှုန့် မြေရွံ့မှလာသောကျွန်တော်တို့လူသားများ၊ မြေမှုန့်မြေရွံ့ဆီကိုသာပြန်သွားကြရမယ်။

Add new comment

9 + 4 =