မိမိမ‌ကောင်းသောအလိုဆန္ဒကို No ဟုပြောဆိုနိုင်ပြီး အများအကျိုးအတွက် Yes ဟု ပြောဆိုလုပ်ကိုင်နိုင်သူဖြစ်ရမယ်

ဖေဖော်ဝါရီလ28 ရက်

ဓမ္မမိတ်ဆွေတို့ ဒီကနေ့ဖေဖော်ဝါရီလ28 ရက် ရှင်မာတေဦး ဧဝံဂေလိ ကျမ်းစာမှာ ယောဟန်၏တပည့်တွေက သူတို့နှင့် ဖာရီဇေဦးတို့၏တပည့်များက အစာရှောင်ကြပြီး သခင်ခရစ်တော်၏ တပည့်များက အစာမရှောင်ကြသည့်အကြောင်းကို မေးခဲ့ကြတာကို ကျွန်တော်တို့ကြားနာခဲ့ရတယ်။။

မိုးဇယ်၏တရားဥပဒေကျမ်းများကို အပေါ်ယံဝတ္တရားကျေရုံသာ လိုက်နာနေကြပြီး အစာရှောင်ခြင်း၊ ဝါရှောင်ခြင်းကို မိမိတို့ဂုဏ်ဖော်ဖို့ရန်၊ အများမြင်စေရန်၊ ပြုလုပ်ကြတယ်၊ ဝါရှောင်တဲ့နေ့တွေမှာတောင်၊ ငြင်ခုံးခြင်း၊ စည်းလုံးမှုပျက်ပြာခြင်းများကို ဖြစ်ပျက်စေကြတဲ့သူတွေက မိုးဇယ်၏တရားဥပဒေကြမ်းကို မလိုက်နာကြလို့ သခင်ခရစ်တော်ရဲ့တပည့်‌ တွေကိုပြစ်တင်ပြောဆိုခဲ့တာကိုတွေ့ရတယ်၊

ဒီကနေ့ ကျွန်တော်တို့ယုံကြည်သူတွေထောက်ရှုရမှာက မိမိရဲ့ကောင်းမှုကုသိုလ်ပြုခြင်း၊ ဘုရားရှိခိုးခြင်း၊ ပေးကမ်းစွန့်ကြဲခြင်းအမှုတွေဟာ၊ မိမိဂုဏ်ဖော်ဖို့မဟုတ်သလို၊ မလုပ်နိုင်သူတွေ အားနည်းသူတွေ၊ အပြစ်ရှိသူတွေကို၊ နှိမ့်ချပြောဆိုဖို့၊ ပြစ်တင်ဝေဖန်ဖို့ မဟုတ်ဘူးဆိုတာသတိရှိကြရမယ်။

ဘုရားရှင်နှင့်နေထိုင်အသက်ရှင်ခြင်းဆိုတာ၊ တစ်ပတ်မှာတစ်ရက် တစ်ရက်မှာတစ်နာရီ အလုပ်ကလေးအချိန်ပေးပြီး ဘုရားကျောင်းသွား၊ ဘာသာ ဝတ္တရားလေး တာဝန်ကျေရုံဖြည့်ဆည်းပြီး ကျေနပ်နေဖို့မဟုတ်ပါဘူး။

ကိုယ့်လိုအပ်ချက် လောကအရာ‌တွေအတွက် အချိန်များစွာကုန်ဆုံးစေခဲ့ပြီး မိမိကိုယ်ဖန်ဆင်းပေးခဲ့သည်ဘုရားရှင်အတွက် တာဝန်ကျေရုံသာ အသက်ရှင်နေသောခရစ်ယာန်တစ်ယောက်ဖြစ်နေသလား။။

ဝါတွင်းကာလဟာ မိမိကောင်းကျိုးကုသိုလ်ချမ်းသာရရာတစ်ခုထဲမဟုတ် ကိုယ့်ကြောင့်တစ်ပါးသူ စားစရာရသွားရမယ်၊ ဝတ်စရာအဝတ်အစားရသွားရမယ်၊ မတရားဖိနှိပ်ခံနေရသူတွေလွတ်မြောက်ရမယ်၊ အနိုင်ကျင့်ခံနေရသူတွေဖက်ကရပ်တည်ပေးရမယ်၊ မိမိဘဝကောင်းကျိုးအတွက်ပြင်ဆင်သလို၊ မိမိပတ်ဝန်းကျင်မှလိုအပ်သူများကိုလည်း တာဝန်သိစွာကူညီတတ်သူတစ်ယောက်ဖြစ်ရမယ်။

မိမိမ‌ကောင်းသောအလိုဆန္ဒကို No ဟုပြောဆိုနိုင်ပြီး အများအကျိုးအတွက် Yes ဟု ပြောဆိုလုပ်ကိုင်နိုင်သူဖြစ်ရမယ်။

ဝါတွင်းကာလဟာ မိမိဘဝကောင်းကျိုးပါရမီများ တိုးပွားစေရန် စနစ်တကျလုပ်ဆောင်ရမည့်အချိန်ကာလတစ်ခုလည်းဖြစ်တယ်။ ဘုရားရှင်ကျေးဇူးတော် သွန်းလောင်းချပေးနေသည့်ဝါတွင်းကာလမှာ ဘုရားရှင်အတွက်အချိန်ပိုမိုပေးနိုင်သူများ၊ အများကောင်းကျိုးဖြူစင်းသောစိတ်နှလုံးဖြင့်လုပ်ဆောင်နိုင်သူများ၊ မိမိကြောင့်တစ်ပါးသူပျော်ရွှင်စိတ်ချမ်းသာရအောင်၊ လမ်းမှန်တွေ့ရှိရအောင် ကူညီလုပ်ဆောင်ပေးသူများဖြစ်ကြပါစေ။။

Add new comment

9 + 0 =