ဘုရားရှင်နှင့်ပေါင်းစပ်နိုင်ရန် ဘုရားကျောင်းတက်ခြင်း၊ ဆုတောင်းမေတ္တာပြုခြင်း၊ ချစ်ခြင်းမေတ္တာဝေမျှခြင်း၊ ပေးကမ်းစွန့်ကြဲခြင်း၊ နှုတ်ကပတ်တော်ထောက်ရှုခြင်း၊ စသည့်နည်းလမ်းများဖြင့် ဘုရားသခင်နှင့်အစဥ်မပြတ် ဆက်သွယ်နေနိုင်ကြသူများဖြစ်ကြပါစေ။။

ဖေဖော်ဝါရီလ 20 ရက်

ဓမ္မမိတ်ဆွေတို့ ဒီကနေ့ ဖေဖော်ဝါရီလ 20 ရက် ရှင်မာကု ဧဝံဂေလိကျမ်းစာမှာ သခင်ခရစ်တော်က သူ မည်သူဖြစ်ကြောင်း တပည့် တော်ကြီးတွေကိုမေးခဲ့တယ် ၊ ပေတရုက ကိုယ်တော်သည်ခရစ်တော်ဖြစ်ပါသည်ဟု လျှောက်ခဲ့တဲ့အကြောင်း၊ သခင်ခရစ်တော်မှ သူ၏ဒုက္ခခံခြင်း၊ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတို့ကို ကြိုတင်ပြောကြားခဲ့တာကို ကြားနာခဲ့ရတယ်၊

ဒီကနေ့ ဧဝံဂေလိကျမ်းစာက သခင်ခရစ်တော်က သူ၏ဒုက္ခခံခြင်း၊ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင် ကျွန်ုပ်တို့ကိုကယ်တင်ခဲ့သော ကယ်တင် ရှင်အဖြစ် အပြည့်အဝလက်ခံယုံကြည်ဖို့ တိုက်တွန်းထားတယ်။

ဆက်လက်ပြီး ရှင်ပေတရုကဲ့သို့ ဘုရားရှင်၏စီမံကိန်းတော်ကို နတ်ဆိုး၏အလှည့်ဖျားခံရမှုသော လူ၏အမြင်ဖြင့်မဆုံးဖြတ်ဖို့ သတိပေးနေတယ်။

ကျွန်တော်တို့ရဲ့ဘဝမှာ သခင်ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်အမြဲလက်ခံနေဖို့ သူနှင့်အမြဲတမ်းအဆက်အသွယ်ရှိနေရမယ်၊

ဘုရားရှင်ကိုအပေါ်ယံနားလည်ခြင်း၊ အပေါ်ယံယုံကြည်ခြင်းမျိုး၊ သိရှိရုံဖြင့်မလုံလောက်ပါ၊ စစ်မှန်ပြည့်ဝနက်ရှိုင်းသော ယုံကြည်ခြင်းဖြင့် သူနှင့်အမြဲထိတွေ့ဆက်သွယ်‌ နေမှသာ နတ်ဆိုးလွှမ်းမိုးမှုခံရသော လူသားတို့၏အမြင်များအားဖြင့် ဘုရားအပေါ်မှာမဆုံးဖြတ်ဘဲ ဘုရားရှင်၏ အလိုတော်အတိုင်း လက်ခံအသက်ရှင်နိုင်မှာဖြစ်တယ်။

ဘုရားရှင်နှင့်ပေါင်းစပ်နိုင်ရန် ဘုရားကျောင်းတက်ခြင်း၊ ဆုတောင်းမေတ္တာပြုခြင်း၊ ချစ်ခြင်းမေတ္တာဝေမျှခြင်း၊ ပေးကမ်းစွန့်ကြဲခြင်း၊ နှုတ်ကပတ်တော်ထောက်ရှုခြင်း၊ စသည့်နည်းလမ်းများဖြင့် ဘုရားသခင်နှင့်အစဥ်မပြတ် ဆက်သွယ်နေနိုင်ကြသူများဖြစ်ကြပါစေ။။

Add new comment

8 + 8 =