ဘုရားတရားပိုရှိလာလေ ပိုပြီးနှိမ့်ချတတ်လာလေ၊ သည်းခံတက်လာလေ ခွင့်လွတ်တက်လာလေ ဖြစ်ရမယ်။

ဓမ္မမိတ်ဆွေတို့ ဒီကနေ့ ဖေဖော်ဝါရီလ ၁၁ ရက် ရှင်မာကု ဧဝံဂေလိကျမ်း အခန်းကြီး ၇ : ၁ - ၁၃ မှာ ဂျေရုဆလင်မြို့ ကနေ ရောက်ရှိလာကြတဲ့ ကျမ်းတက်ဆရာ အချို့တို့က ကိုယ်တော်၏တပည့်တော် အချို့ လက်ဆေးမထား‌ သော လက်များဖြင့် အစာစားနေတာကို အပြစ်တင်ပြောဆိုခဲ့ကြတယ်

သခင်ခရစ်တော်က ဤလူမျိုးသည် ငါ့ကိုနှုတ်ဖြင့်သာ ရိုသေဂုဏ်ပြုကြ၏၊ သူတို့၏စိတ်နှလုံးမူကား ငါနှင့်ဝေးလှပေ၏၊ သူတို့သည်လူတို့၏ထုံးတမ်းစဉ်လာများကို အယူဝါဒ များအဖြစ် သွန်သင်ကြပြီး ငါ့အားဝတ်ပြုကိုးကွယ်ခြင်းကို အချည်းနှီးဖြစ်စေကြပြီဟု မိန့်ဆိုခဲ့သည့်အချက်များကို ထောက်ရှုကြည့်ကြပါစို့။

ကျွန်တော်တို့ယုံကြည်သူတွေ ကိုယ်ကဘုရားကျောင်းတက်တယ်၊ ဘုရားပုံမှန်ရှိခိုးတယ်၊ လှူဒါန်းမှုကောင်းမှုကုသိုလ် တွေပြုလုပ်တယ်၊ ဘာသာတရားစည်းကမ်းစည်းမျဉ်းဥပဒေတွေကို လိုက်နာဆောင်ရွက်ကြတယ်၊ သို့သော်လည်း တစ်ခါတစ်ရံမှာ ကျမ်းတတ်ဆရာတွေလို မိမိတို့ကဲ့သို့ မလိုက်နာ၊မကျင့်ကြံသူတွေကို ပြစ်တင်ဝေဖန် ပြောဆိုတတ် ကြတယ်၊ နှုတ်ကဖွင့်မပြောရင်တောင်၊ စိတ်ထဲကနေပြစ်တင်ဝေဖန်တတ်ကြတယ်၊ ဒီနေရာမှာကျွန်တော် တို့ယုံကြည် သူတွေ သတိထားရမယ့်အချက်က ကိုယ်ကို၌ကဘုရားတရားရှိခြင်းသည် နားလည်ပေးတက်ခြင်း၊ သည်းခံခွင့်လွှတ် ခြင်း၊ လမ်းကောင်းပြပေးခြင်း၊ နှိမ့်ချခြင်း၊ ချစ်ခြင်း မေတ္တာတရားတွေမှာ တိုးပွားနေသူတွေဖြစ်လာကြရမယ်၊ ဘာသာ တရားကိုတကယ်သိရှိနားလည်သူတွေဟာ အ ပေါ်ယရံစည်းကမ်းစည်းမျဉ်းဥပဒေတွေထက် ဘာသာတရားရဲ့အနှစ် သာရကို ပိုမိုသိရှိခံစားလာသူတွေဖြစ်တယ်၊  

ဘုရားတရားပိုရှိလာလေ ပိုပြီးနှိမ့်ချတတ်လာလေ၊ သည်းခံတက်လာလေ ခွင့်လွတ်တက်လာလေ ဖြစ်ရမယ်။ ဘုရား တရားရှိခြင်း၊ ဘာသာတရားပြုမူလုပ်ဆောင်ခြင်းက၊ မိမိမာန်မာဏ၊ ဂုဏ်ပကာသန တိုးပွားလာနေပြီဆိုရင် နှောက် လျှက်ခြင်းခံနေရပြီဆိုတာကိုသတိရပါ၊ ဒါ့ကြောင့်သခင်ခရစ်တော်ပြောခဲ့သလို နှုတ်အားဖြင့် အစေခံသူများမဟုတ်ပဲ ဘာသာတရား၏အနှစ်သာရကို မိမိတို့ဘဝထဲမှာရှင်သန်နေစေသူတွေ ဖြစ်နိုင်အောင်ကြိုးစားကြပါစို့။

By Kyi Maung

Credit to Photo 

Add new comment

4 + 4 =