ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၃၃) ကြိမ်မြောက် အင်္ဂါနေ့ သြဝါဒ ၁၅၊ ၁၁၊ ၂၀၂၂

၁၅ နိုဝင်ဘာ ၂၀၂၂

 ဇာခေးဦးက အခွန်ခံသူတွေရဲ့ အကြီးအကဲဖြစ်တယ်။ ချမ်းသာတယ်။ အပြစ်အရမ်းကြီးတဲ့သူအဖြစ် အသိုင်းအဝိုင်းက

သတ်မှတ်ခံထားရတဲ့သူဖြစ်တယ်။ အရပ်ပု နေတော့ လူအုပ်ကြားထဲကနေ သခင်ယေဇူးကို မမြင်နိုင်တာကြောင့် အ‌ရှေ့

ကနေ အပင်တစ်ပင်ပေါ်တက်ပြီး ကြိုစောင့်နေတယ်။ သခင်ယေဇူးက သူ့ကို အမြန်ဆင်းခဲ့၊ ယနေ့ သင်အိမ်မှာ ငါတည်

းမယ်လို့ မိန့်ဆိုတဲ့အခါ သူအရမ်းကိုဝမ်းသာသွားတယ်။ အပြစ်ရှိတဲ့သူရဲ့အိမ်မှာ ဝင်ပြီးစားသောက်လို့ဆိုပြီး လူတွေက

အပြစ်တင်ကြတယ်။ ဤသူသည်လည်း အာဗြာဟံ၏သားဖြစ်သောကြောင့် ကယ်တင်ခြင်းသည် ယနေ့ဤအိမ်သို့ရောက်

လာလေပြီလို့ ကိုယ်တော်မိန့်ဆိုတယ်။ ကိုယ်ကိုယ်တိုင်ရော၊ သူများတွေရောက ဘုရား၏သားသမီးဖြစ်ခြင်းကို ကျွန်တော်

တို့ ဘယ်လောက်အတိုင်းအတာ အထိလက်ခံနိုင်ကြသလဲ။ ဒီတန်ဖိုးကို မကြာခဏ စဉ်းစားမိကြပါသလား။

 ဂျော်ဒန်မြစ်ထဲ သခင်ယေဇူးက ဆေးကြောခြင်းခံယူတဲ့အချိန်မှာ ခမည်းတော်ဘုရားက ဤသူသည်ငါအလွန်နှစ်သက်မြတ်

နိုးရာငါ၏ချစ်သားပေတည်းလို့ မိန့်ဆိုခဲ့တဲ့စကားတွေက ကျွန်တော်တို့အပေါ်မှာလဲ နေ့စဉ်မိန့်ဆိုနေတာဖြစ်တယ်။

to be blessed ကောင်းကြီးပေးခံရတယ်ဆိုတာ ဘာကိုပြောတာလဲ၊ blessing ကောင်းကြီးပေးခြင်းဆိုတာဘာကိုပြေ

ာတာလဲ။ blessing က လာတင်စာလုံး ကြိယာ benedicere ကနေဆင်းသက်လာတာဖြစ်တယ်။ bene က well ကောင်

းစွာ အဓိပ္ပါယ်ဖြစ်ပြီး၊ dicere က to speak စကားပြောခြင်းဖြစ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ကို ကောင်းကြီးပေး

တယ်ဆိုတာက ထိုသူအကြောင်း အကောင်းပြောခြင်းဖြစ်တယ်။ ဒါပေမဲ့ ဒီနေရာမှာအကောင်းပြောခြင်းဆိုတာက တစ်ထူး

တစ်ခြားပုံစံနဲ့အကောင်းပြောခြင်းဖြစ်တယ်။ လူတစ်ယောက်ကိုကောင်းကြီးပေးခြင်းက စကားလုံးတွေအားဖြင့်၊ အမူအရာ

အားဖြင့်၊ rituals အားဖြင့် အခုပြောမဲ့အချက်တွေကို ထိုသူသိအောင်ပြောပေးခြင်းဖြစ်တယ်၊ (၁) မူလ ဖန်ဆင်းခံလောက

ကြီးရဲ့ကောင်းမြတ်ခြင်း၊ လူသားတွေနဲ့ ကမ္ဘာမြေကြီးကိုဖန်ဆင်းပြီးချိန်မှာ ထိုအရာသည်ကောင်းမြတ်တယ်၊ အလွန်ကောင်း

မြတ်တယ်လို့ ဆိုခဲ့တယ်။ (၂) သခင်ယေဇူးကဆေးကြောခြင်းခံယူတဲ့အချိန်မှာ ဤသူသည်ငါအလွန်နှစ်သက်မြတ်နိုးရာငါ၏

ချစ်သားပေးတည်းဟု ခမည်းတော်ဘုရားမိန့်ဆိုတော်မူတဲ့အရာကို သူ့အပေါ်မှာလဲ အလားတူအလွန်နှစ်သက်မြတ်နိုးခြင်း၊

ကျေနပ်ခြင်းကိုခံစားရတာကို ထိုသူကိုသိစေခြင်း၊ (၃) ကောင်းကြီးပေးနေတဲ့ကျွန်တော်တို့က တစ်ခြားသူမှာ ထိုကောင်းမြတ်

ခြင်းကို သိမြင်ပြီး၊ ထိုသူ၌ အလွန်နှစ်သက်မြတ်နိုးခြင်းရှိပေးဖို့ဖြစ်တယ်။ ဒါကြောင့် မစ္ဆားအဆုံးသတ်မှာ ခမည်းတော်၊ သား

တော်၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည်သင့်ကိုကောင်းကြီးပေးတော်မူပါစေ ဆိုတဲ့ ritual blessing ကိုအခုလိုပြန်ပြီး

အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။ ဒီမစ္ဆားကနေအိမ်ပြန်သွားတဲ့အချိန်မှာ နက်ရှိုင်းတဲ့အမှန်တရားတစ်ခုကို နက်နက်ရှိုင်းရှိုင်းခံယူ

သွားဖို့ဖြစ်တယ်။ ကျွန်တော်တို့ရယ်၊ ကမ္ဘာကြီးရယ် နဲ့ ကျွန်တော်တို့ရဲ့ဘဝတွေက good, very good ကောင်းမြတ်တယ်၊

အလွန်ကောင်းမြတ်တယ်။ အပြစ်ရှိနေတဲ့ခံစားချက်၊ စိတ်ပျက်နေတဲ့ခံစားချက်တွေနဲ့ နေဖို့မလိုပါဘူး။ ကျွန်တော်တို့တွေမှ

ာ ချွတ်ယွင်းချက်တွေရှိနေပေမဲ့ ဘုရားအတွက် အလွန်ကောင်းမြတ်တယ်၊ ဘုရားအတွက် အလွန်နှစ်သက်မြတ်နိုးရာဖြစ်

တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်နဲ့ တစ်ယောက်အပေါ် တစ်ယောက် အလွန်နှစ်သက်မြတ်နိုးခြင်းရှိပေးကြရမှာဖြစ်တယ်။

အဆုံးမှာ ကျွန်တော်တို့တွေက ဘုရားအတွက် အလွန့်အလွန်ကိုနှစ်သက်မြတ်နိုးရာဖြစ်ပါတယ်။

 ကျွန်တော်တို့ရဲ့ဆာလောင်ငတ်မွတ်ခြင်းတွေအများစုက a hunger for blessing ကောင်းကြီးပေးခံရခြင်းကိုငတ်မွတ်ခြင်

းဖြစ်တယ်။ နာကျဉ်တမ်းတခြင်းတွေအများစုက ကောင်းကြီးပေးခြင်းခံရဖို့နာကျဉ်တမ်းတခြင်းဖြစ်တယ်။ ကျွန်တော်တို့ရဲ့

ဝမ်းနဲခြင်းတွေအများစုက ဘယ်ကနေဖြစ်လာသလဲဆိုရင်ဘယ်သူတစ်ဦးတစ်ယောက်ကမှ ကျွန်တော်တို့၌ အလွန်နှစ်သက်

မြတ်နိုးခြင်းမရှိကြဘူး၊ ဘယ်သူတစ်ဦးတစ်ယောက်ကမှ အနိုင်မကျင့်၊ အခွင့်အရေးမယူပဲနဲ့ မိမိ၌ကျေနပ်ခြင်းကိုမတွေ့ကြဘူး

ဖြစ်တယ်။ တစ်စုံတစ်ယောက်က သင့်ကိုအလွန်နှစ်သက်မြတ်နိုးခြင်း delight ရှိခဲ့တဲ့အချိန် ဘယ်တုန်းကရှိခဲ့လဲ။ တစ်စုံတစ်

ယောက်က အခွင့်အရေးမယူပဲနဲ့ သင့်ခန္ဓာကိုယ်ကို၊ သင့်အလှကို၊ သင့်ထက်မြတ်ခြင်းကို၊ နောက်ပြီး သင့်ရဲ့ပုဂ္ဂိုလ်

your personအပေါ် အလွန်နှစ်သက်မြတ်နိုးခြင်းရှိခဲ့တဲ့ ဘယ်တုန်းကရှိခဲ့သလဲ။ သင့်က တစ်ခြားလူတွေက၊ ဘုရားက သင့်

အပေါ်အလွန်နှစ်သက်မြတ်နိုးခြင်းရှိတဲ့၊ သင့်အပေါ် ကျေနပ်ခြင်းရှိတဲ့ ခံစားချက်ကို ဘယ်အချိန်တုန်းက နောက်ဆုံးအကြိမ်

ခံစားခဲ့ရသလဲ။

 

Add new comment

6 + 4 =