ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၃၃) ကြိမ်မြောက် တနင်္လာနေ့ သြဝါဒ ၁၄၊ ၁၁၊ ၂၀၂၂

ဂျူးပုံပြင်တစ်ပုဒ်ရှိတယ်။

 တစ်ခါက လူငယ်လေးတစ်ယောက်က ကြီးမြတ်တဲ့သန့်ရှင်းဖြူစင်ခြင်းကို ရယူလိုတဲ့ဆန္ဒပြင်းပြနေတယ်။

သူ့ဘာသာ ကိုယ်တိုင်အချိန်တစ်ခုကြာတဲ့အထိ ကြိုးစားခဲ့ပြီးနောက်မှာ ရာဗီတစ်ဦးဆီကိုသွားခဲ့တယ်။

“ကျွန်တော်သန့်ရှင်းခြင်းကို ရခဲ့ပြီဖြစ်တယ်လို့ ကိုယ့်ကိုယ်ကိုထင်တယ်” လို့ ရာဗီကို သူပြောလိုက်တယ်။

“ဘာလို့အဲဒီလိုထင်တာလဲ” လို့ရာဗီကပြန်မေးတယ်။ “ဒီလိုလေ။ ကျွန်တော် ပါရမီတွေ၊ ကျင့်ဝတ်တွေကို

ကျင့်ကြံခဲ့တယ်။ အခုဆိုရင် ကျွန်တော် ပါရမီတွေမှာ တော်တော်လေးရင့်သန်နေပြီဖြစ်တယ်။ နံနက်နေထွက်

တဲ့အချိန်ကနေ ညနေနေဝင်တဲ့အချိန်အထိ ကျွန်တော် ဘာအစာမှမစားဘူး၊ ရေမသောက်ဘူး။ တစ်နေကုန်လုံး

မှာလဲ တစ်ခြားလူတွေအတွက် အလုပ်မျိုးစုံကြိုးစားပြီးလုပ်ပေးတယ်။ ကျေးဇူးတင်ခံရဖို့လဲ ဘယ်တုန်းကမှ

မမျှော်လင့်ခဲ့ဘူး။ သွေးသားနှောက်ယှက်ခြင်းခံရတဲ့အချိန် ကျွန်တော် နှင်းတောထဲမှာ ဒါမှမဟုတ် ဆူးချုံပုတ်

တွေထဲမှာ ဆန္ဒတွေပျောက်သွားတဲ့အထိ လူးလှိမ့်ပစ်လိုက်တယ်။ ညအချိန်မှာလဲ အိပ်ယာမဝင်ခင် ရှေးရသေ့

ကျင့်စဥ်ကို ကျွန်တော်ပြုလုပ်တယ်။ အဝတ်မပါတဲ့ ကျွန်တော့်ကျောပြင်ကို ကြာပွတ်နဲ့ရိုက်တယ်။ ကိုယ့်ကိုယ်ကို

ထိန်းကျောင်းကျပ်မတ်နိုင်ပြီဖြစ်တာဖို့ ကျွန်တော် သန့်ရှင်းတဲ့သူဖြစ်လာတာဖြစ်တယ်။”

 ရာဗီက ခေတ္တတိတ်ဆိတ်စွာနေ နေတယ်။ အဲဒီနောက်မှာ သူက လူငယ်လေးကို ပြူတင်းပေါက်နားဆီ လက်မောင်း

ကနေကိုင်ပြီးခေါ်သွားတယ်။ သူ့သခင်က မောင်းသွားနေတဲ့ မြင်းအိုကြီးတစ်‌ကောင်ကို လူငယ်လေးကိုညွှန်ပြတယ်။

“ဒီမြင်းကို စောင့်ကြည့်နေတာ အချိန်တော်တော်ကြာခဲ့ပြီဖြစ်တယ်။ ငါ သတိထားမိတာက ဒီမြင်းကို မနက်မိုးလင်းက

နေ ညအချိန်အထိ ဘာအစာမှ မကျွေးဘူး၊ ရေလဲမတိုက်ဘူး။ တစ်နေကုန် လူတွေအတွက် အလုပ်လုပ်ပေးရတယ်။

သူ့ကို ကျေးဇူးတင်တာ တစ်ခါမှမခံရဘူး။ မြင်းတွေရဲ့သဘာဝအတိုင်း သူ နှင်းတောထဲမှာ ဆူးချုုံပုတ်တွေထဲ လူးလှိမ့်

နေတာကို ဆရာ မကြာခဏတွေ့ဖူးတယ်။ ခဏခဏ ကြာပွတ်နဲ့ရိုက်ခံရတာကိုလဲ ဆရာတွေ့ဖူးတယ်။ မင်းကို ဆရာ

မေးမယ်။ အဲဒါက သူတော်စင်ရဟန္တာလား၊ ဒါမှမဟုတ် မြင်းတစ်ကောင်လား။” သူတော်စင်ဆိုတာ ကျေးဇူးတရားနဲ့

ရှင်သန်တဲ့သူဖြစ်တယ်။ ဒါထက်လဲမပိုဘူး။ ဒါအောက်လဲ မလျော့ဘူးဖြစ်တယ်။ သမ္မာကျမ်းစာရဲ့နေရာတိုင်းမှာ၊ အမြဲ

တမ်း ဒီအချက်ကိုဖေါ်ပြတယ်။ ဥပမာ၊ အာဒံနဲ့ဧဝတို့ရဲ့ အပြစ်ရဲ့ အစက လက်ခံမယူတတ်ခြင်း၊ ကျေးဇူးမသိတတ်ခြင်း

ဖြစ်တယ်။ ဘုရားက သူတို့ကို အသက်ကိုပေးထားတယ်၊ တစ်ယောက်အတွက်တစ်ယောက်အဖေါ်အဖြစ်ပေးထားတယ်၊

ဥယျာဥ်ကိုပေးထားတယ်၊ ဒီအရာတွေကို ကျေးဇူးသိတတ်ခြင်းနဲ့ မှန်ကန်စွာရယူကြဖို့ဖြစ်တယ်။ ယူပြီး ကျေးဇူးတင်ခြင်း

ဖြစ်တယ်။ အာဒနဲ့ဏဧဝတို့ရဲ့အပြစ်ရင်းက အဲဒီလိုပြုလုပ်ဖို့ ငြင်းဆန်ကြခြင်းဖြစ်တယ်။ အဲဒီလိုလုပ်ရမှာကို မလုပ်ပဲနဲ့ ပန်

းသီးကို ကျေးဇူးတော်အဖြစ် ကျေးဇူးတင်ခြင်းနဲ့ ရယူရမှာကို သူတို့ရဲ့ရပိုင်ခွင့်အဖြစ် ယူကြခြင်းဖြစ်တယ်။ မျက်မမြင်

ဘာတီမေဦးက ဂျေရီခို မြို့အဝင်မှာ လမ်းသွားလမ်းလာ လူတွေဆီကနေ တောင်းရမ်းစားသောက်နေရရှာတယ်။ တစ်နေ့

သခင်ယေဇူးနဲ့ လူအုပ်ကြီး ရုန်းရုန်းရုန်းရုန်းနဲ့ သွားနေကြတဲ့အသံကြားတော့ ဘာဖြစ်နေတာလဲလို့ ဘေးနားကလူတွေကို

သူမေးကြည့်တယ်။ သခင်ယေဇူးရောက်နေမှန်း သိတော့ ဒါဝိဒ်၏သားတော် ကျွန်‌တော့်ကို သနားပါလို့ ဟစ်အော်တယ်။

မအော်နဲ့လို့ ဘေးကလူတွေ ဘယ်လောက်ပဲတားတား သူက ပိုပြီးကျယ်ကျယ် ဟစ်အော်တယ်။ သခင်ယေဇူးက သင်၏ယုံ

ကြည်ခြင်းကြောင့် သင်မျက်စိအလင်းပြန်ရပြီလို့ မိန့်ဆိုတာကြောင့် သူမျက်စိမြင်လာခဲ့တယ်။ အဲဒီမှာထူးခြားတာက သူက

ဘုရားကို ကျေးဇူးတင်ချီးမွမ်းခဲ့တာဖြစ်တယ်။ အဲဒါထက်ပိုထူးခြားတာက သူဘဝအဆင်ပြေလာတာကို မြင်တွေ့ရတဲ့ ပတ်ဝန်း

ကျင်ကလူတွေကလဲ ဘုရားကိုကျေးဇူးတင်ချီးမွမ်းခဲ့ကြတာဖြစ်တယ်။ ဒါလူ့ပတ်ဝန်းကျင်မှာ တွေ့ရခဲတဲ့အရာဖြစ်ပါတယ်။

သူများအဆင်ပြေနေတာကို မြင်ရ သိရရင် မနာလိုခြင်း မဖြစ်ပဲ သူ့အတွက် ဝမ်းမြောက်စွာနဲ့ ဘုရားကိုကျေးဇူးတင်ပေးနိုင်စေ

ဖို့ဖြစ်တယ်။ ကျေးဇူးတင်တတ်ရင် ဘဝမှာ အဆင်မပြေဖြစ်နေတာတွေကိုထက်၊ ဘဝမှာ မပြည့်စုံတာတွေကိုထက် လက်ထဲမှာ

ရရှိနေတဲ့ အရာတွေအတွက် ကျေနပ်ဝမ်းမြောက်နိုင်မှာဖြစ်ပါတယ်။ ရှင်သန်နေဆဲဖြစ်တဲ့ အသက်အတွက် ကျေးဇူးတင်ပြီး

အကောင်းဆုံးအသက်ရှင်နိုင်တယ်။ ယုံကြည်ခြင်းအတွက်၊ ရာသီဥတုအတွက်၊ သားသမီးတွေအတွက်၊ စိတ်နေစိတ်ထားကောင်း

အတွက် စသည်ဖြင့် အရာရာတိုင်းအတွက် ကျေးဇူးတင်တတ်သော နှလုံးသားဖြင့် ရှင်သန်တတ်လာအောင် သင်ယူကြရအောင်။

 

Add new comment

1 + 4 =