ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၂၈) ကြိမ်မြောက် သောကြာနေ့ သြဝါဒ ၁၄၊ ၁၀၊ ၂၀၂၂

ဘုရား၏ပုံစံကဘာနဲ့တူသလဲ။

ငါ၏မိတ်ဆွေတို့ သင်တို့အားငါဆိုသည်ကား ကိုယ်ခန္ဓာကိုသတ်ပြီးနောက်ထပ်မည်သို့မျှမပြုနိုင်သောသူ

တို့ကိုမကြောက်ကြနှင့်။ စာငှက် ငါးကောင်ကို ငွေအသပြာနှစ်ပဲဖြင့်ရောင်းချသည်မဟုတ်လော။ ယင်း

တို့တွင် တစ်ကောင်မျှ ဘုရားသခင်၏ရှေ့တော်တွင်မေ့လျော့ထားခြင်းမခံရ။ သင်တို့၏ဦးခေါင်း၌ ရှိသ

မျှသော ဆံပင်တို့ကိုပင်လျှင် ရေတွက်ထားလေပြီ။ ထို့ကြောင့်မကြောက်ကြနှင့်။

 ဘုရားက ကိုယ့်အတွက် လက်တွေ့ကျကျ ရှိနေပေးတယ် ဆိုတာကို ဘာ့ကြောင့် ကျွန်တော်တို့ရှင်းရှင်း

လင်လင်း မသိနိုင်ကြတာလဲဆိုတာအတွက် ဓမ္မဗေဒပညာရှင် Karl Rahner က အခုလိုမေးခွန်းတွေနဲ့

သုံးသပ်ဖို့ပြုလုပ်ခဲ့ပါတယ်။ ကိုယ်က မတရားပြုမူခံနေရတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုကာကွယ်ခုခံပြောဆို

ဖို့ စိတ်ထဲအရမ်းကိုဖြစ်နေပေမဲ့ တိတ်ဆိတ်နေလိုက်တဲ့ အတွေ့အကြုံမျိုးကြုံရခဲ့ဖူးသလား။

တစ်ဖက်လူကို ခွင့်လွှတ်ပေးခြင်းကနေ ကိုယ့်အတွက်ဘာမှ မရပေမဲ့ သူ့ကိုခွင့်လွှတ်ပေးခဲ့ဖူးသလား၊

သူကို့ကိုယ်ကခွင့်လွှတ်ပေးတာကို သဘာဝအတိုင်းဖြစ်တာပဲလို့ သူ့ဖက်ကနေ ထင်နေတာကိုကြုံရဖူး

သလား။ကျေးဇူးတင်ခံရခြင်း နဲနဲလေးမှမရှိပဲ၊ အသိအမှတ်ပြုပေးခံရခြင်း နဲနဲလေးမှ မရပဲနဲ့၊ ကိုယ့်စိတ်

အတွင်းမှာ ကျေနပ်ပီတိစိတ်ကလေးတောင်မှ မဖြစ်ရပဲနဲ့ ပေးဆပ်လုပ်ပေးခဲ့ဖူးသလား၊ အမှန်တရား

သြတ္တပစိတ်အတွက်ကြောင့်သက်သက်နဲ့ တစ်ခုခုကိုဆုံးဖြတ်ခဲ့ဖူးသလား။ အဲဒီဆုံးဖြတ်ချက်အတွက်

ကိုယ်တစ်ယောက်ထဲကပဲ တာဝန်ယူရမှာကို သိလျက်နဲ့၊ နောက်ပြီး ကိုယ်ဒီလိုဆုံးဖြတ်တာကို ဘယ်သူ့

ကိုမှလဲရှင်းပြနိုင်စွမ်းမရှိပဲနဲ့ သြတ္တပ္ပစိတ်သက်သက်အတွက်ကို ဆုံးဖြတ်ချက်ပြုလုပ်ခဲ့ဖူးသလား။

ကိုယ့်ကိုရှေ့ဆက်ဖို့ နွေးထွေးမှုမခံစားရပေမဲ့ ဘုရားကိုချစ်တဲ့စိတ်သက်သက်နဲ့ ပြုမူဆောင်ရွက်ခဲ့ဖူး

သလား။ ကိုယ်အဲဒီလိုပြုလုပ်တာက မိုက်မဲလွန်းတဲ့လုပ်ရပ်လိုမျိုး အမှောင်ထဲကိုခုန်ချလိုက်ခြင်းမျိုး

ဖြစ်သလို ခံစားတွေ့ကြုံရဖူးသလား။ကျေးဇူးတင်ခံရခြင်းအမျှင်အတန်းလေးကိုတောင် မျှော်လင့်ထားခြင်

းမရှိပဲနဲ့ တစ်စုံတစ်ယောက်အပေါ် ကောင်းခဲ့ဖူးသလား။ သူ့အပေါ် ကောင်းခဲ့ခြင်းကြောင့် ကိုယ့်ရဲ့အတ္တမရှိ

ခြင်းအတွက် နွေးထွေးတဲ့ခံစားချက် မခံစားရပဲနဲ့ သူ့အပေါ် ကောင်းခဲ့ဖူးသလား။ အကယ်၍ သင်အဲဒီလိုမျိုး

အတွေ့အကြုံတွေရှိခဲ့ဖူးတယ်ဆိုရင် သင်မသိလိုက်ပေမဲ့ သင်က ဘုရားကိုတွေ့ကြုံခံစားခဲ့ရခြင်းဖြစ်ပါတယ် လို့

Karl Rahner ကဆိုပါတယ်။ ဒီအတွေ့အကြုံတွေကို ကျွန်တော်တို့ပြုလုပ်တယ်ဆိုရင် ကျွန်‌တော်တို့တွေက

ဘုရားကဘယ်လိုပုံစံရှိတယ်ဆိုတာကို ပုံဆွဲနေခြင်းဖြစ်တယ်။

Add new comment

6 + 9 =