ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၂၈) ကြိမ်မြောက် စနေနေ့ သြဝါဒ ၁၅၊ ၁၀၊ ၂၀၂၂

၁၅ အောက်တိုဘာ ၂၀၂၂

Sin Against the Holy Spirit

 လူသားကိုနှုတ်ဖြင့်ပြောဆိုပြစ်မှားသောသူသည်အပြစ်မှခွှင့်လွှတခြင်းခံရလိမ့်မည်။ သို့ရာတွင် ဝိညာဉ်

တော်မြတ်ကိုထိခိုက်ပြစ်မှားသောသူမှာမူ အပြစ်မှခွင့်လွှတ်ခြင်းခံရလိမ့်မည်။ ဝိညာဥ်တော်မြတ်ကိုထိ

ခိုက်ပြစ်မှားတဲ့သူက eternal sin ထာဝရတည်တံ့နေမဲ့အပြစ်ကိုကျူးလွန်တာဖြစ်တယ်၊ သူကဘယ်တော့

မှခွင့်လွှတ်ခြင်းမခံရနိုင်ဘူးဖြစ်တယ်။ ဝိညာဥ်တော်မြတ်ကိုထိခိုက်ပြစ်မှားတဲ့အပြစ်ကဘာလဲ။

ဘာလို့ထာဝရအပြစ်ဖြစ်ပြီး၊ ခွှင့်လွှတ်လို့မရနိုင်ရတာလဲ။ ဒီနေရာမှာ သခင်ယေဇူးမိန့်တော်မူတာကိုနား

လည်ဖို့ဆိုရင် ဒီသွန်သင်ချက်တွေကို မိန့်ဆိုခဲ့တဲ့ ဖြစ်ရပ်ကိုသိရမှာဖြစ်ပါတယ်။ ကိုယ်တော်က လူတစ်

ယောက်ထဲကနေ နတ်ဆိုးကိုနှင်ထုတ်ပေးခဲ့တဲ့အချိန်ဖြစ်တယ်။ ဖါရီဇီတွေ၊ ကျမ်းတတ်ဆရာတွေ နဲ့ ဂျူး

အယောက်တိုင်းလက်ခံတဲ့ ဂျူးဓမ္မဗေဒမှာ မကောင်းဆိုးဝါးကိုနှင်ထုတ်ခြင်းလိုမျိုး တန်ခိုးကို ဘုရားထံ

တော်ကနေ လာတဲ့လူမျိုးကပဲပြုလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ဖြစ်တယ်။ ကိုယ်တော်က နတ်ဆိုးကို

နှင်ထုတ်ခဲ့တာကို ကျမ်းတတ်ဆရာတွေနဲ့ ဖါရီဇီတွေ ကကိုယ်တိုင်မြင်တွေ့ခဲ့ကြရပြီဖြစ်တယ်။ အဲဒီတော့

သက်သေတွေအားလုံးက ကိုယ်တော်ကဘု၇ားထံတော်ကနေလာတဲ့လူဖြစ်တဲ့အကြောင်းညွှန်ပြနေတယ်။

သို့သော်လည်း သူတို့ရဲ့မနာလိုခြင်းစိတ်ကြောင့် သူတို့ကိုယ်တိုင်ခုနလေးတင်မြင်တွေ့ခဲ့ရတဲ့အမှန်တရားကို

သူတို့လက်မခံနိုင်ကြဘူးဖြစ်တယ်။ လိမ်လည်ဖို့ကိုသူတို့ရွေးချယ်ခဲ့ကြတယ်။ ဒါကြောင့် အမှန်တရားဖြစ်တယ်

လို့သူတို့သိတဲ့အရာကို ငြင်းပယ်ပြီး၊ သခင်ယေဇူးက စာတန်ရဲ့အစွမ်းနဲ့တန်ခိုးတွေပြုလုပ်တာဖြစ်တယ်လို့စွပ်

စွဲကြတယ်။ စာတန်က သူ့ကိုယ်သူဆန့်ကျင်မောင်းထုတ်တဲ့အလုပ်ဆိုတာမဖြစ်နိုင်ဘူးလို့ ကိုယ်တော်က ပထမ

တော့ သူ့တို့မြင်တွေ့လာအောင်ရှင်းပြတယ်။ ဒါပေမဲ့ သူတို့ကဆက်ပြီးခေါင်းမာနေကြတယ်။ သူတို့ရဲ့အမှားကို

ဝန်ခံရမဲ့အစား သိသာထင်ရှားနေတဲ့အမှန်တရားကို လက်မခံဖို့ကိုရွေးချယ်ကြတယ်။ ဒါနဲ့နောက်ဆုံးမှာ

ကိုယ်တော်က သူတို့ကိုသတိပေးခဲ့တယ်။ မလိမ်ကြဖို့သတိထားကြပါ။ အမှန်တ၇ားကို လိမ်ဆင်ဖို့မလုပ်ကြနဲ့။

ဘာဖြစ်လို့လဲဆိုရင် တစ်ကယ့်အန္တရယ်က လိမ်ဆင်တွေလုပ်ခြင်းက သင်ကိုယ်တိုင်ရဲ့နှလုံးသားကို လိမ်တယ်၊

တွန့်လိမ်ကောက်ကွေးစေတယ္။ ကိုယ့်ကိုယ်ကိုလိမ်ဖန်များလာတဲ့အခါ တဖြည်းဖြည်းနဲ့ အမှန်တ၇ားကို မတွေ့

မြင်ဖြစ်လာတယ်။ လိမ်တာတွေကိုယုံကြည်လာပြီး၊ အမှန်နဲ့အမှားမခွဲခြားသိနိုင်တော့ဘူးဖြစ်တယ်။ ခွှင့်လွှတ်

မပေးနိုင်တဲ့အပြစ်ဘာ့ကြောင့်ဖြစ်ရသလဲဆိုရင် ဘုရားကခွင့်လွှတ်မပေးချင်တဲ့အတွက်ကြောင့်မဟုတ်ပါဘူး၊

ကိုယ်ကိုယ်တိုင်ကိုက ခွင့်လွှတ်ခြင်းမခံချင်တော့တဲ့အတွက်ကြောင့်ဖြစ်တယ်။ ဘုရားကခွင့်လွှတ်ပေးဖို့တောင်း

ခံတဲ့မည်သူ့ကိုမဆို ဘယ်အချိန်မှာမဆိုခွင့်လွှတ်ပေးမှာဖြစ်တယ်။ ဒါမဲ့ သင်က သင့်ရဲ့သြတ္တပ္ပစိတ်ကို တွန့်လိမ်

ကောက်ကွေးစေခဲ့တာကြောင့် ဘုရားရဲ့အမှန်တရားနဲ့ခွင့်လွှတ်ပေးခြင်းကိုတောင် လိမ်လည်ခြင်းအဖြစ်မြင်လာ

တယ်။ ဒါက ဘုရားရဲ့သနားဂရုဏာရဲ့အပြင်ဖက်ကို တကယ်ပို့လိုက်တဲ့ တစ်ခုတည်းသောအပြစ်ဖြစ်တယ်။

ကိုယ်ကိုယ်တိုင်ဘဝရဲ့အမှန်တရားကို လက်မခံနိုင်တဲ့သူက သူ့ဝိညာဥ်မှာ၊ သူ့ရဲ့စိတ်ထားမှာ ပိုပိုပြီးမရိုးမသား

ဖြစ်လာမယ်၊ ပိုပိုပြီးခက်ထန်လာမယ်။ ပိုပိုပြီးခါးသီးလာနေမှာဖြစ်ပါတယ်။ အမှန်တရားကို သိနေပါလျက်နဲ့၊

ဘယ်နိုင်ငံရေးစနစ်က တရားမျှတခြင်းနဲ့ အမှန်တရားစိုးမိုးတဲ့ ဘုရား၏နိုင်ငံတော်နဲ့အနီးစပ်ဆုံးစနစ်ဖြစ်တယ်

ဆိုတာကိုသိပါလျက်နဲ့ မျက်စိစုံမှိတ် လက်မခံနိုင်ပဲဆန့်ကျင်ဖက်ကိုရွေးချယ်မယ်ဆိုရင် ထာဝရအပြစ်ကိုကျူးလွန်

မိခြင်းအန္တရယ်ရှိနေပါတယ်။

Add new comment

4 + 8 =