ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၂၈) ကြိမ်မြောက် ကြာသပတေးနေ့ သြဝါဒ ၁၃၊ ၁၀၊ ၂၀၂၂

၁၃ အောက်တိုဘာ ၂၀၂၂

 ဖါရီဇီတွေနဲ့ ကျမ်းတတ်ဆရာတွေက အီစရာအဲလ်လူမျိုးတွေရဲ့ လူမှုရေး၊ ယဥ်ကျေးမှု၊ နဲ့ ဘာသာရေး

ခေါင်းဆောင်တွေဖြစ်ကြတယ်။ ဒါမဲ့ ဒီကနေ့ဖတ်ရတဲ့ ဧဝံဂေလိကျမ်းစာမှာ သူတို့တွေလက်ခံဖို့ခက်ခဲတဲ့

သူတို့ရဲ့အဖြစ်မှန်ကို သခင်ယေဇူးက ထုတ်ဖေါ်မိန့်ဆိုတယ်။ သင်တို့သည် သင်တို့၏ဘိုးဘေးများသတ်

ဖြတ်ခဲ့သောပရောဖက်တို့၏သချိုင်းဂူများကိုတည်ဆောက်ကြ၏။ ဤသို့ဖြင့် သင်တို့သည် သင်တို့၏ဘိုး

ဘေးတို့၏လုပ်ရပ်များကိုသဘောတူ၍ ယင်းတို့ကိုသင်သေခံသူများဖြစ်ကြ၏။

 သူတို့တွေက ဘာသာရေးခေါင်းဆောင်တွေဖြစ်ကြပေမဲ့ ဖါရီဇေဦးနဲ့ကျမ်းတတ်ဆရာတွေက ပရောဖက်

တွေနဲ့ ဘုရားစေလွှတ်လိုက်တဲ့လူတွေကို သတ်ခဲ့ကြတဲ့ ဘိုးဘေးတွေကနေ ဆင်းသက်လာကြသူတွေဖြစ်

တယ်။ ဖါရီဇေဦးနဲ့ကျမ်းတတ်ဆရာတွေက သူတို့သမိုင်းရဲ့ ဒီအပိုင်းကို ဖုန်းကွယ်ဖျောက်ဖျက်ဖို့ကြိုးစားကြ

တယ်။ အတိတ်ကထက် ယခုလက်ရှိအချိန်ကို ပိုကောင်းအောင် ကြိုးစားတာကောင်းတယ်။ ကျွန်တော်တို့ရဲ့

မိဘတွေ၊ ဘိုးဘေးတွေ ကျရှုံးခဲ့ကြတဲ့ ကြိုတင်တွေးသိမထားတဲ့ အန္တရယ်တွေထဲမကျရောက်ရအောင် ကြိုး

စားတာကောင်းတယ်။ ဒါပေမဲ့ သမိုင်းရဲ့အမှန်တရားတွေကို ကျွန်တော်တို့တွေ ဘယ်တော့မှ ဖျောက်ဖျက်ပစ်

လို့မရနိုင်ပါဘူး။ အတိတ်က နာကျဥ်ခဲ့ရတဲ့အရာတွေကို ပြန်သတိရစေတဲ့ အထိမ်းအမှတ်တွေကို ကျွန်တော်တို့

တွေ ဘယ်တော့မှ ဖျောက်ဖျက်မပစ်သင့်ပါဘူး။ အတိတ်က ဖြစ်ရပ်တွေက ဘယ်‌လောက်ပဲ အရုပ်ဆိုးအကျည်း

တန်နေပါစေ၊  ဘယ်လောက်ပဲ နာကျဥ်ရပါစေ၊ အတိတ်ဖြစ်ရပ်တွေကို  ပုံဖျက်မပစ်သင့်ပါဘူး။ ဒီအတိတ်ကအ

ရာတွေအားလုံးက ကျွန်တော်တို့တွေ အောင်မြင်မှုတွေနဲ့ ပျော်ရွှင်ဂုဏ်ယူနေကြတဲ့အချိန်မှာ နှိမ့်ချစိတ်ဆက်ထား

နိုင်အောင် ကျွန်တော်တို့ကို ကူညီပေးပါတယ်။ သေလွန်သွားကြပြီဖြစ်တဲ့ ကျွန်တော်တို့ကိုယ်တိုင်ရဲ့မိသားစုဝင်

တွေအတွက် ကျွန်တော်တို့ဆုတောင်းပေးကြတဲ့အခါမှ၊ မစ္ဆားတောင်းပေးကြတဲ့အချိန်မှာ သူတို့ရဲ့ကောင်းကွက်

လေးတွေကိုပဲ သတိရကြရမှာမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်ရဲ့ အမှားတွေကိုလဲ ရိုးသားစွာတွေ့မြင်ကြရမှာ

ဖြစ်တယ်။ အဲဒီလိုလုပ်မှသာ သူတို့နဲ့ကိုယ့်အကြား တစ်ကယ့်စစ်မှန်တဲ့ ကုသခြင်းဖြစ်စဥ်ကို စတင်ဖြစ်လာစေ

မှာဖြစ်တယ်။ ကျွန်တော်တို့တွေရဲ့ အစွန်းအထင်းတွေနဲ့ မိသားစုအမှတ်ရစရာတွေကို သခင်ဘုရားရဲ့ သနားခြင်း၊

ဂရုဏာတော်ဆီသို့ ပို့ပေးလိုက်ကြရအောင်။

Add new comment

1 + 4 =