ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၂၄) ကြိမ်မြောက် အင်္ဂါနေ့ သြဝါဒ ၁၃၊ ၉၊ ၂၀၂၂

၁၃ စက်တင်ဘာ ၂၀၂၂

  နာအိမ်လို့ခေါ်တဲ့မြို့လေးမှာ သူမရဲ့တစ်ဦးတည်းသောသားလေးကိုသဂြိုလ်ဖို့ သင်းချိုင်းကိုသွားနေတဲ့

ရင်ထဲနာကျဥ်မှုကို သူမကိုယ်တိုင်ကလွဲလို့ ဘယ်သူကမှအပြည့်အဝခံစားနားလည်ပေးနိုင်မှာမဟုတ်ပါဘူး။

နာအိမ်မြို့ကလူအမြောက်အများ စျာပနကိုလိုက်ပို့နေကြတယ်လို့ ရှင်လုကာကဆိုထားတယ်။ ဒါပေမဲ့လဲ

သူမဘေးနားမှာ ဘယ်လောက်ပဲလူတွေအများကြီးရှိနေပါစေ လောကကြီးထဲမှာ သူမှတစ်ယောက်တည်း

ဖြစ်နေသလိုဖြစ်တယ်။ နာအိမ်လို့ခေါ်တဲ့လှပတဲ့မြို့လေးမှာ သူမတစ်ခြားဘာကိုမှမမြင်နိုင်တော့ပါဘူး။

အုတ်ဂူနှစ်ခုကိုပဲ သူမမြင်တွေ့နေရတယ်။ တစ်ခုက သူမခင်ပွန်းရဲ့ဂူနဲ့ အခုသူမသားလေးရဲ့ဂူ။ ဒီလိုအဖြစ်

ဆိုးတွေကြောင့် တစ်ခြားဘာကိုမှမမြင်နိုင်၊ မလုပ်နိုင် မကိုင်နိုင်ဖြစ်နေတော့ပဲ ရင်ထဲမှာ ဝမ်းနဲမှုတွေနဲ့ပဲ

ပြည့်နှက်နေတဲ့အဖြစ်မျိုးက နာအိမ်မြို့ကမုဆိုးမတစ်ဦးတည်းရဲ့ဘဝမှာပဲဖြစ်တာလားဆိုရင် လူတိုင်းရဲ့

ဘဝမှာ ကြုံကြရတဲ့အရာဖြစ်တာကို ကျွန်တော်တို့သိကြပါတယ်။ စီတန်းလာနေတဲ့ လူစုနှစ်ခု မြို့တံခါး

မှာဆုံကြတယ်။ တစ်ဖွဲ့က ရှေ့မှာခေါင်းတလားကိုသယ်ဆောင်လာတဲ့စျပနလိုက်ပို့နေတဲ့သူတွေဖြစ်တယ်။

စိတ်ပျက်ခြင်း၊ ဝမ်းနဲခြင်း၊ သောက အကူအညီမဲ့နေခြင်း၊ မျှော်လင့်ချက်မဲ့နေခြင်း သက်ေတဖြစ်တယ်။

နောက်တစ်ဖွဲ့က သခင်ယေဇူး တပည့်တော်ကြီးတွေနဲ့ လူအုပ်ကြီးဖြစ်တယ်။ ဒီလူစုရဲ့အရှေ့မှာ ဦးဆောင်

လာသူက လူသားတွေစိတ်ပျက်စွာနဲ့ သေခြင်းဆီသို့ သွားနေခြင်းကိုဟန့်တားပေးမဲ့ မျှော်လင့်ချက်၊ ငြိမ်း

ချမ်းခြင်းနဲ့ ထာဝရအသက် လွတ်မြောက်ခြင်းကိုပေးမဲ့ ဘုရားဖြစ်တယ်။ သခင်ယေဇူးက မုဆိုးမအမျိုး

သမီးကို မငိုကြွေးလေနှင့်ဟုမိန့်ဆိုတယ်။ တစ်ဦးတည်းသော အားကိုးရာ သားသေလို့ ငိုကြွေးနေတဲ့ အား

ကိုးရာမဲ့မုဆိုးမကို ဘာတစ်ခုမှလုပ်မပေးနိုင်ပဲနဲ့ မငိုကြွေးနှင့်ဟုမိန့်ဆိုရင် အဓိပ္ပါယ်မရှိပါဘူး။ ဒါပေမဲ့

ကိုယ်တော်က သူမရဲ့အားကိုးရာမဲ့ဘဝကို ကူညီခဲ့တယ်။ ဝမ်းနဲခြင်းတွေနဲ့ ရှင်သန်နေတဲ့ဘဝကို ပြန်ရွှင်

လန်းလာစေခဲ့တယ်။မုဆိုးမရဲ့ သေနေတဲ့တစ်ဦးတည်းသော သားကို အသက်ပြန်ရှင်လာအောင် ကိုယ်တော့်

ကို့ပြုလုပ်စေတဲ့ အရာအ မုဆိုးမအပေါ် ကိုယ်တော်ရဲ့ ကိုယ်ချင်းစာသနားစိတ်ကြောင့်ဖြစ်တာကို ရှင်လုကာ

ရဲ့ ကျမ်းအရေးအသားကနေ သိသာစွာသိရှိနိုင်တယ်။ သေသောသူသည်ကားမိခင်မုဆိုးမ၏တစ်ဦးတည်းသော

သားဖြစ်၏။ ဒီကျမ်းပိုဒ်၊ ဒီစာကြောင်းမှာ ဝမ်းနဲစရာတွေ ပြည့်နေတယ်။ အဲဒီအချိန်မှာ ဇူဇယ်သေဆုံးသွားပြီး

ဖြစ်လို့ မုဆိုးမဖြစ်နေတဲ့ ကိုယ်တော့်ရဲ့ မယ်တော်မာရိယာကို တွေးမိသွားတာဖြစ်ကောင်းဖြစ်နိုင်တယ်။

သိပ်မကြာခင်အချိန်မှာ ကိုယ်တော်ကိုယ်တိုင်သွေးသဲရဲရဲ နဲ့ သေရတော့မှာဖြစ်တာကြောင့် အဲဒီအချိန်

ကိုယ်တော့်ရဲ့မယ်တော်ခံစားရမဲ့ဝမ်းနည်းခြင်းကို ထိုမုဆိုးမရဲ့နှလုံးသားထဲမှာ ကိုယ်တော်ခံစားမိတာဖြစ်

ကောင်းဖြစ်နိုင်တယ်။ ကိုယ်တော့်ကို သနားဂရုဏာဖြစ်သွားအောင်ဖြစ်စေတဲ့အရာက စျပနလိုက်ပို့နေတဲ့

လူအုပ်ကြီးကြောင့်မဟုတ်ပဲ၊ သေသူရဲ့မိခင်မုဆိုးမကြောင့်ဖြစ်တာကို ရှင်လုကာကဖေါ်ပြထားပါတယ်။

နောက်ဆုံးမှာ သေပြီးတဲ့သူကို ပြန်ရှင်စေခြင်းတန်ခိုးလက္ခဏာက ကိုယ်တော်ရဲ့ပါဝါကိုဖေါ်ပြဖို့ရန်အတွက်

မဟုတ်ပဲ၊ မုဆိုးမအပေါ် ကိုယ်တော့်ဆီကနေ စီးထွက်လာတဲ့ အချစ်ကြောင့်ဖြစ်တယ်။ သေပြီးတဲ့သူကို သူ့အ

မေဆီပြန်ပေးဖို့ရန်အတွက် သူ့ကိုပြန်ရှင်စေခြင်းဖြစ်တယ်။ စျပနလိုက်ပို့နေတဲ့လူအုပ်ကြီးနဲ့ ကိုယ်တော်ဦး

ဆောင်ပြီး တပည့်တော်ကြီးတွေပါတဲ့လူအုပ်ကြီး မြို့တံခါးဝမှာ ဆုံကြခြင်းက တိုက်ဆိုင်မှုလားဆိုရင်

မဟုတ်ပါဘူး။ ကြေကွဲစရာတွေ နာကျဥ်ရခြင်းတွေနဲ့ ကမ္ဘာကြီးထဲမှာ ရှင်သန်နေကြတဲ့ ကျွန်တော်တို့အတွက်

နှစ်သိမ့်ခြင်း၊ ကုသခြင်း၊ နဲ့ မျှော်လင့်ခြင်းကို ပေးဖို့ အမြဲစီမံနေတဲ့ အင်အားတစ်ခု ဒီစကြာဝဠာကြီးထဲမှာ 

ရှိနေပါတယ်၊ ထိုအင်အားက ကျွန်တော်တို့ကို အစဥ်အမြဲ စောင့်ရှောက်၊ စီမံပေးနေတာဖြစ်ပါတယ်။

Add new comment

3 + 0 =