ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၂၄) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ သြဝါဒ ၁၄၊ ၉၊ ၂၀၂၂

ခရစ္စတူးကားတိုင်၏အောင်နိုင်ခြင်းပွဲဘုရားဘယ်ရောက်နေလဲ

 လူ့ဘဝရဲ့ထိတ်လန့်ဖို့ကောင်းတဲ့အခြေအနေကို ဝတ္ထုရေးဆရာကြီး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် Elie Wiesel

က အခုလိုရေးထားပါတယ်။ Elie Wiesel က ဒုတိယကမ္ဘာစစ်ကြီးအတွင်းကလာ ဂျူးတွေ အစုလိုက်အပြုံ

လိုက်သတ်ခံရခြင်း Holocaust ကနေ အသက်မသေလွတ်မြောက်ခဲ့သူတစ်ဦးဖြစ်တယ်။ Holocaust ထဲမှာ

သူ့အဖေ၊ အမေ နဲ့ ညီမလေး သေသွားခဲ့ကြတယ်။ အဲဒီလိုဆိုးဝါးလွန်းတဲ့ဝေဒနာတွေရှိနေရခြင်းအတွက်

ဘာ့ကြောင့်ဆိုပြီး အလွယ်တစ်ကူအဖြေတွေနဲ့ပြီးဆုံးမသွားစေဖို့ Elie ပြောခဲ့တယ်။ သူ့အမေ နဲ့ သူ့ညီမလေး

တို့ ထည့်ပြီး အသတ်ခံရတဲ့ မီးဖိုအိမ်ကြီးထဲကနေ ကောင်းကင်ကိုတက်နေတဲ့ အနက်ရောင်မီးခိုးတွေကို သူ့

မျက်စိနဲ့ ကိုယ်တိုင်မြင်ခဲ့ရတယ်။ အဲဒီညကို ငါဘယ်တော့မှ မေ့မှာမဟုတ်ဘူး၊ အကျဥ်းစခန်းထဲမှာ ပထမည။

အဲဒီမီးခိုးတွေကို ငါဘယ်တော့မှမေ့မှာမဟုတ်ဘူး။ တိတ်ဆိတ်နေတဲ့ကောင်းကင်ပြာကြီးအောက်မှာ သူတို့

ရဲ့ခန္ဓာကိုယ်လေးတွေ မီးခိုးပန်းခွေတွေဖြစ်သွားကြရရှာတဲ့ ကလေးတွေရဲ့မျက်နှာတွေကို ငါဘယ်တော့မှ

မေ့မှာမဟုတ်ဘူး။ ဘုရားကိုငါ့ဘဝထဲကနေသတ်ပစ်လိုက်တဲ့၊ ငါ့ရဲ့ဝိညာဉ်ကိုသေသွားစေတဲ့ ငါ့ရဲ့အိပ်မက်

တွေကို မြေမှုန့်ဖြစ်သွားစေတဲ့ အဲဒီအချိန်တွေကို ငါဘယ်တော့မှမမေ့ဘူး။ အကျဥ်းသားတွေတင်လာတဲ့

ရထားပေါ်က အတွေ့အကြုံကိုလဲ Elie ကရေးထားတယ်။ ရထားနဲ့တင်ခေါ်လာတဲ့အကျဥ်းသားတွေကို စားစ

ရာဘာဆိုဘာတစ်ခုမှမပေးဘူး။ သူတို့တွေနှင်းခဲတွေပဲ စားပြီး အသက်ရှင်ကြရတယ်။ သေသွားတဲ့အကျဥ်း

သားတွေရဲ့ အလောင်းတွေကို ရထားပေါ်ကနေ နေ့တိုင်း၊ နေ့တိုင်းပစ်ချခဲ့ကြရတယ်။ တစ်ခါတစ်လေ ဂျာမန်

စစ်သားတွေက အကျဥ်းသားတွေရဲ့ကြားထဲ ပေါင့်မုန့်အနားသားလေးတစ်ခုပစ်ချပေးပြီး သတို့တွေ အဲဒါကို

ဝိုင်းလုပြီး ရန်ဖြစ်ကြတာကို ကြည့်နေတတ်ကြတယ်။ တစ်ခါမှာ အဘိုးကြီးတစ်ယောက်က ပေါင်မုန့်အပဲ့လေး

ရခဲ့တယ်။ သူစားမလို့လုပ်နေတုန်း သူ့ရဲ့အနောက်ကလူငယ်လေးတစ်ယောက်က အဘိုးကြီးကိုတစ်အားရိုက်

ချပစ်လိုက်တယ်။ အဘိုးကြီးက Meir သားလေး သားအဖေလေ၊ အဖေ့ကိုမမှတ်မိတော့ဘူးလား၊ သားရိုက်

လိုက်တာ အဖေအရမ်းနာတယ်။ သားက အဖေကိုသတ်နေတာလား။ အဖေ့မှာ သားအတွက်လဲ သားအတွက်

လဲ ‌ပေါင်မုန့်ရှိပါတယ်။ အဘိုးကြီးလဲကျပြီး အသက်ထွက်သွားတယ်။ သူ့လက်ထဲမှာပေါင်မုန့်ကိုဆက်စုပ်ကိုင်

ထားရင်း သားကသူ့အဖေကိုယ်ပေါ်မှာ လိုက်ရှာတယ်။ ပေါင်မုန့်ကိုယူလိုက်တယ်။ သူ့ပါးစပ်ထဲထည့်မလို့လုပ်

တုန်း သူ့ထက်အားသန်တဲ့လူတွေက သူ့အပေါ်ဝိုင်းဖိကြတယ်။ သူတို့တွေဖယ်လိုက်ကြတဲ့အချိန်မှာတော့

Elie ကရေးထားတယ်၊ ကျွန်တော့်ရဲ့ဘေးမှာ အဖေနဲ့သားရဲ့အလောင်း နှစ်ခု  ဘေးချင်းယှဥ်လျှက်ရှိနေတယ်။

အဲဒီအချိန် ကျွန်တော် ၁၅ နှစ်ပဲရှိသေးတယ်။ ကြေကွဲနေတဲ့သိကြားတမန်ရဲ့မျက်နှာနဲ့ အသက် ၁၃ နှစ်အရွယ်

ကောင်လေးကို SS တွေက ကြိုးဆွဲချသတ်နေတာကို သူတို့ထိုင်ပြီးကြည့်နေခဲ့ကြရတဲ့အကြောင်းကိုလဲ Elie

ကရေးထားတယ်၊ ဘုရားဘယ်မှာလဲ၊ ဘုရားဘယ်ရောက်နေလဲ Wiesel ရဲ့အနောက်ကလူတစ်ယောက်က

မေးတယ်။ အစောင့်စစ်သားတွေက အကျဥ်းသားတွေအားလုံးကိုကြိုးစင်အရှေ့ကနေလျှောက်ခိုင်းကြတယ်။

ကျွန်တော်တို့မျက်စိရှေ့တည့်တည့်မှာပဲ သူဟာနာရီဝက်ကျော်အသက်လုရှုပြီး မရှုမလှဝေဒနာကို ဖြည်းဖြည်း

ချင်းခံစားနေရတယ်။ သူ့ရဲ့မျက်နှာကိုကျွန်တော်တို့ကြည့်ခဲ့ရတယ်။ ကျွန်တော်သူ့အရှေ့ဖြတ်လျှောက်သွားတဲ့

အချိန် သူအသက်ရှိသေးတယ်။ သူ့ရဲ့လျှာကအနီရောင်ရှိနေသေးတယ်။ သူ့ရဲ့မျက်လုံးတွေပြူးထွက်မလာသေး

ဘူး။ ကျွန်တော့်နောက်က တစ်စုံတစ်ယောက်က အခုနက မေးခွန်းကိုပဲမေးနေတယ်။ အခုအချိန်ဘုရားဘယ်

မှာရောက်နေလဲ၊ ကျွန်တော့်ရဲ့အတွင်းထဲကနေ သူ့ကို‌ဖြေလိုက်တဲ့အသံတစ်သံ ကျွန်တော်ကြားလိုက်တယ်။

ဘုရားဘယ်ရောက်နေလဲ၊ ဘုရားဒီမှာရှိတယ်၊ ဒီကြိုးစင်ပေါ်မှာဘုရားကြိုးဆွဲချခံနေရတယ်။

 

Add new comment

2 + 2 =