ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၂၄) ကြိမ်မြောက် ကြာသပတေးနေ့ သြဝါဒ ၁၅၊ ၉၊ ၂၀၂၂

နာကျဥ်ခြင်းမယ်တော်

 နာကျဥ်ခြင်းမယ်တော်ပွဲတော်ကို ကျွန်တော်တို့ ကျင်းပနေခြင်းဖြစ်ပါတယ်။ မယ်တော်ရဲ့ဘဝမှာ ၇င်

ဆိုင်ဖြတ်သန်းခဲ့ရတဲ့ နာကျဥ်ရခြင်းတွေအကြောင်းကို ၁၂ ရာစု ၁၃ ရာစုနှစ်ကတည်းက ရသေ့ကျောင်း

တစ်ချို့တွေမှာ ကျင်းပခဲ့ကြတယ်။ ဘက်နဒစ်တင်း ရသေ့တစ်ပါးဖြစ်တဲ့ ပုပ် ပီဦး VII လက်ထက်

၁၈၁၄ ခုနှစ်ကျမှ တစ်ကမ္ဘာလုံးကျယ်ကျယ်ပြန့်ပြန့်ကျင်းပဖို့ ပုပ်က သတ်မှတ်ခဲ့တာဖြစ်တယ်။

နာကျဥ်ခြင်းမယ်တော်ပွဲနေ့ကို ပုပ်ပီဦး VII က ဘာကြောင့်သတ်မှတ်ခဲ့တာလဲဆိုရင် သူကို့ နပီုလီယန်

ကနေ ဖမ်းဆီးထောင်ချထားခံနေရခြင်းကနေ လွတ်မြောက်လာတာကြောင့် ကျေးဇူးတင်ချီးမွမ်းခြင်

းအဖြစ် ပြုလုပ်ခဲ့တာဖြစ်တယ်။ နပိုလီယန်ကနေ ပုပ်ကို ထောင်ချထားတဲ့အချိန်မှာ အမျိုးမျိုးသော

စော်ကားခြင်းတွေခံခဲ့ရတယ်။ ငါးနှစ်အရွယ်ကလေးရဲ့ ဦးနှောက်လောက်ပဲရှိတဲ့အဘိုးကြီးဆိုပြီး

နပိုလီယန်က သူ့ကိုစော်ကားပြီးခေါ်ခဲ့တာလဲခံခဲ့ရတယ်။ မယ်တော်နဲ့ ကျွန်တော်တို့လူသားအ

ယောက်တိုင်းစီကဲ့သို့ပဲ ပုပ်ပီဦးက ဒုက္ခတွေ၊ နာကျဥ်ရခြင်းတွေခံစားခဲ့ရတယ်။ နှစ်တွေကြာလာတဲ့

အခါမှာ မယ်တော်ရဲ့နာကျဥ်ခြင်း ခုနှစ်ထွေအဖြစ် သတ်မှတ်လာခဲ့ကြတယ်။ ခုနှစ်က သမ္မာကျမ်း

စာအဓိပ္ပါယ်အရ မယ်တော်က ဘဝမှ နာကျဥ်ရခြင်းတွေကို ပြည့်နေအောင်ခံစားခဲ့ရတာကို ဆို

လိုခြင်းဖြစ်တယ်။ မယ်တော်ရဲ့ ဝမ်းနဲနာကျဥ်ခြင်းတွေက နှလုံးကိုသံလျက်ဖြင့်ထိုးဖေါက်ခြင်းခံရ

မယ်လို့ စီမေအုန်က ကြိုတင်ပြောခဲ့တဲ့အချိန်၊ အီဂျစ်ပြည်ကို နိုင်ငံရေးဒုက္ခသည်အဖြစ်ရှောင်တိမ်

းနေထိုင်ရတဲ့အချိန်၊ သခင်ယေဇူး အသက် ၁၂ နှစ်အရွယ် ဗိမ္မာန်တော်ထဲမှာကျန်ခဲ့ပြီး ပျောက်

နေတဲ့အချိန်၊ ကာလဝါရီသို့လမ်းမှာ ကိုယ်တော်နဲ့တွေ့ဆုံတဲ့အချိန်၊ ကိုယ်တော့်ကိုလက်ဝါးကပ်တိုင်

တင်နေကြတဲ့အချိန်၊ ကိုယ်တော်ရဲ့အလောင်းတော်ကို အောက်ကိုချထားတဲ့အချိန်၊ ကိုယ်တော့်ကို

သဂြိုလ်ကြတဲ့အချိန် တွေဖြစ်တယ်။ မယ်တော်ကိုယ်တိုင်က သူခံစားရတဲ့နာကျဥ်ရခြင်းတွေကို

ရေတွက်ခဲ့မှာမဟုတ်ပါဘူး။ ကျွန်တော်တို့တွေကလဲ ကိုယ်ကိုယ်တိုင်ရဲ့ နာကျဥ်ရခြင်းတွေကိုဖြစ်စေ၊

သူများတွေခံစားရတဲ့နာကျဥ်ရခြင်းတွေကိုဖြစ်စေ မရေတွက်တာပိုကောင်းပါတယ်။ မဟုတ်ရင် ကြုံ

တွေ့လာရတဲ့ဒုက္ခတွေကနေ ကိုယ်တော်၏ကားတိုင်မှာ မျှဝေပါဝင်ဖြစ်မဲ့အစား ငါ့ဘဝကတော့ဆိုး

လိုက်တာ အဆိုးတွေချည်းပဲဖြစ်နေတော့တာပဲဆိုပြီး ကိုယ့်ကိုယ်ကို သနားစရာအဖြစ်ခံယူနေမှာဖြစ်

တယ်။ မယ်တော်၏နာကျဥ်ခြင်းတွေက ကျွန်တော်တို့ကိုဘာသတိပေးနေသလဲဆိုရင် ကိုယ်တော်၏

ကားတိုင်မှာ မျှဝေပါဝင်ခြင်းဆိုတာက နေ့စဥ်သာမန်လုပ်ဆောင်ရတာတွေကို အကောင်းဆုံးပြီ

းမြောက်အောင် လုပ်ခြင်း၊ ကိုယ်တော်၏နောက်လိုက်တစ်ယောက်အဖြစ် ဘဝကိုရှင်သန်ခြင်းဖြစ်

တယ်။ ရှင်ပြန်ထမြောက်တော်မူတဲ့ကိုယ်တော်၏ကားတိုင်မှာမျှဝေပါဝင်ခြင်းဖြင့် နေ့စဥ်ဘဝမှာ

ရင်ဆိုင်ရတဲ့ အခက်အခဲတွေ၊ နာကျဥ်ရခြင်းတွေကို လက်ခံလိုတဲ့စိတ်ဖြစ်လာစေမှာဖြစ်တယ်။

ဘုရား၏သားတော်ကို လောကထဲကိုမွေးဖွားပေးခဲ့တဲ့ မယ်တော်မါရိယာရဲ့ဘဝမှာတောင် အဲဒီ

လောက် ဒုက္ခတွေကိုရင်ဆိုင်ခဲ့ရတယ်ဆိုရင် ငါ့ဘဝမှာ ဒုက္ခတွေ လုံးဝမရှိသင့်ပဲ၊ အဆင်ပြေခြင်း

တွေ၊ သာယာခြင်းတွေပဲ ဘုရားက ပေးသင့်တယ်ဆိုတဲ့ အယူမှားကို သတိထားဖို့လိုပါတယ်။

မယ်တော်ရဲ့ဘဝမှာ ကြုံတွေ့ရတဲ့ အရာအများစုကို မယ်တော်နားမလည်ခဲ့ပါဘူး။ အပျိုကညာ

စင်အဖြစ် ကိုယ်ဝန်ယူရခြင်း၊ ၄င်းရဲ့လူမျိုးကို အပြစ်မှကယ်တင်မဲ့သားကို ဟေရုဒ်က အသဲအသန်

လိုက်ရှာသတ်ဖို့ကြိုးစားနေချိန်မှာ အသက် ၂ နှစ်နဲ့ ၂ နှစ်အောက် ကလေးတွေ အသတ်ခံကြရတဲ့အ

ခါ ဒီမတရားခြင်း၊ အာဏာရူးခြင်းကို ဘုရားကဘာလို့ခွင့်လွှတ်ပေးရသလဲ မယ်တော်နားမလည်ခဲ့

ပါဘူး။ မတရားလုပ်နေတဲ့သူက ဒဏ်ခတ်မခံရပဲနဲ့ သူတို့ကကျတော့ အီဂျစ်ပြည်ကိုထွက်ပြေးတိမ်

းရှောင်ကြရတဲ့အချိန် မယ်တော်နားမလည်ခဲ့ပါဘူး။ ကယ်တင်ခြင်းကို ကျွနုပ်မျက်စိနဲ့ ဖူးမြင်ရပြီ

လို့ဆိုပြီး ဒီသားကြောင့် အစ္စရာလူမျိုးတွေအကြားမှာ လူအမျိား၏ပျက်စီးခြင်းအတွက်၊ ထမြောက်

ခြင်းအတွက် ဆန့်ကျင်ဘက်ပြခြင်းခံရသည့်အမှတ်လက္ခဏာဖြစ်တယ်လို့ စီမေအုန် မိန့်ဆိုတဲ့အချိန်

သူငယ်တော်၏ဖခင် နင့်မိခင်တို့သည်လည်း ကိုယ်တော်၏အကြောင်းနှင့်ပက်သက်၍ ပြောဆိုသေ

ာစကားတို့ကို အံ့သြကြ၏။ ၁၂ အရွယ်သားက အဘယ့်ကြောင့် ကျွန်ုပ်ကိုရှာကြသနည်း၊ ကျွန်ုပ်

သည် ခမည်းတော်၏ အိမ်တော်တွင် ရှိနေရမည်ကို မသိကြသလောလို့ ပြောတဲ့အခါ  မယ်တော်နား

မလည်ခဲ့ပါဘူး။ ကိုယ်တော်က လူတွေအတွက် အချိန်ပြည့်ပေးနေတာကြောင့် စားဖို့အချိန်တောင်မ

ရှိဖြစ်နေတဲ့အခါ အမျိုးတွေက ကိုယ်တော့်ကိုရူးသွားပြီလို့ပြောကြတဲ့အချိန် မယ်တော်နားမလည်ခဲ့

ပါဘူး။ ကာနန်မြို့လက်ထပ်ပွဲ မဂ်လာဆောင်မှာ ဝိုင်ကုန်သွားလို့ အရှက်ကွဲရမဲ့အခြေအနေမှာ အချင်း

အမျိုးသမီး၊ သင်နှင့်မည်သို့ဆိုင်သနည်းလို့ ကိုယ်တော်မိန့်ဆိုတဲ့အခါ မယ်တော်နားမလည်ခဲ့ပါဘူး။

နောက်ဆုံး လက်ဝါးကပ်တိုင်ခြေရင်းမှာ အဆိုးဆုံးတွေကိုရင်ဆိုင်နေရတဲ့အချိန် ဒါမတရားဘူးလို့

တောင် ပြောခွင့်မရ၊ ဘာမျှလဲလုပ်ပေးနိုင်စွမ်းမရှိဖြစ်နေတဲ့အချိန် ဘာကြောင့် ဒီလိုတွေဖြစ်ရသလဲ

မယ်တော်နားမလည်ခဲ့ပါဘူး။ သို့သော်မယ်တော်မါရီယားရဲ့ထူးခြားတဲ့ပါရမီက မယ်တော်သည်လည်

း ထိုဖြစ်ရပ်အလုံးစုံတို့ကို နှလုံးသွင်းထားလေ၏။ အကောင်းဆုံးတွေကိုကြုံသင့်တဲ့သူက အဆိုး

ဆုံးတွေကိုရင်ဆိုင်နေရတဲ့အချိန် ဘာကြောင့်ဆိုတာ နားမလည်နိုင်ပေမဲ့ ယုံကြည်ခြင်းဖြင့်ရှင်သန်ခဲ့

တယ်။ ဒါကြောင့် ဧလိဇဘက်ကို သွားရောက်လည်ပတ်တဲ့အချိန် မယ်တော့်ကို ဧလိဇဘက်က မိမိ

အားထာဝရဘုရားသခင်မိန့်တော်မူသောစကားသည်ပြည့်စုံလိမ့်မည်ဟု ယုံကြည်သောမိန်းမသည်

မဂ်လာရှိ၏ လို့ဆိုခဲ့တယ်။

Add new comment

3 + 0 =