ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၁၉) ကြိမ်မြောက် စနေနေ့ သြဝါဒ ၁၃၊ ၈၊ ၂၀၂၂

၁၃ သြဂုတ် ၂၀၂၂

 ကောင်းကင်နိုင်ငံတော်ကို ကလေးတွေနဲ့ ကလေးတွေကဲ့သို့သောလူတွေကသာ ဝင်ရောက်နိုင်တယ်လို့ ကိုယ်တော်က

ရှင်းရှင်းလင်းလင်းမိန့်ဆိုထားတယ်။ ကလေးတွေက အပြစ်မရှိကြလို့ ဖြူစင်ကြလို့မဟုတ်ပါဘူး၊ ဆိုးသွမ်းတဲ့ကလေး

တွေ၊ မဟုတ်တာတွေ အမျိုးမျိုးကိုလုပ်တတ်ကြတဲ့ကလေးတွေရှိပါတယ်။ ဒါပေမဲ့ ကလေးတွေက နှိမ့်ချတယ်၊

သွန်သင်ပေးလို့ရတယ်၊ စကားပြောရလွယ်တယ်။ အပြစ်မရှိတာထက် ရိုးရှင်းခြင်းကြောင့် ကလေးတွေက ကောင်း

ကင်နိုင်ငံဝင်နိုင်တဲ့ လူအမျိုးအစားဖြစ်တာဖြစ်တယ်။ထာဝရဘုရားလက်ခံတော်မူတဲ့ နှလုံးစိတ်ထားမျိုးကို

နော်ဝေလူမျိုးဓမ္မဗေဒပညာရှင် Ole Hallesby က စကားလုံးတစ်လုံးထဲနဲ့ အကောင်းဆုံးအနှစ်ချုပ်ဖေါ်ပြခဲ့

ပါတယ်။ အဲဒါကတော့ အကူအညီမဲ့နေတဲ့နှလုံးသား helplessness ဖြစ်ပါတယ်။ အကူအညီမဲ့နေသူသာ

အမှန်တစ်ကယ်ဆုတောင်းခြင်းပြုနိုင်တဲ့သူဖြစ်တယ်။ ဒီအချက်က လူတွေရဲ့သဘာဝနဲ့ဆန့်ကျင်နေပါတယ်။

လူဆိုတာ မွေးလာကတည်းက ကိုယ့်ခြေတောက်ပေါ်ကိုရပ်နိုင်အောင် ကိုယ့်အားကိုယ်ကိုးနိုင်အောင် ကြိုး

စားကြပါတယ်။ ကလေးငယ်တစ်ယောက်သူ့ဘာသာသူအညစ်အကြေးတွေကို သန့်စင်ဆေးကြောနိုင်တဲ့အခါ

သူ့ဘာသာသူအကျီဝတ်နိုင်၊ သွားတိုက်နိုင်၊ ကျောင်းသွားနိုင်တဲ့အခါ လူကြီးတွေက ဒါကိုအောင်မြင်မှုကြီးအ

ဖြစ် ဂုဏ်ပြုကြပါတယ်။ ကလေးကသူ့ဘာသာသူအစီအစဥ်တစ်ကျ သပ်သပ်ရပ်ရပ်ကောင်းကောင်းမွန်မွန်

မလုပ်နိုင်ရင်တောင်မှ သူ့ဘာသာသူပဲလုပ်မယ်လို့ အောင်ဟစ်ငိုယိုအတင်းပြုလုပ်တဲ့အခါမှာ ကလေးရဲ့ကိုယ့်

ခြေတောက်ပေါ်ကိုယ်ရပ်ချင်တဲ့စိတ်ကြောင့် လူကြီးတွေက ရင်ထဲကနေ ဂုဏ်ယူကြပါတယ်။ အသက်အရွယ်

ကြီးလာတဲ့အခါမှာလဲ ကိုယ့်လမ်းကိုလျှောက်တယ်။ ငါနှင့်ကင်းကွာလျှင် သင်တို့သည်ဘယ်အရာကိုမျှမတတ်

နိုင်ဟု ကိုယ်တော့်ရဲ့မိန့်စကားကို လက်မခံလိုတဲ့ စိတ်ထားမျိုးရှိကြပါတယ်။ ဆုတောင်းခြင်းက ဘုရားအပေ

ါ် မှီခိုရခြင်း ကိုယ့်ရဲ့အခြေအနေမှန်ကို ဝန်ခံခြင်းဖြစ်တယ်။ ကိုယ့်ရဲ့အခြေအနေမှန်ကို သိမှတ်ပြီး တပည့်

တော်သည် လူသားဖြစ်ပါသည်၊  ကိုယ်တော်သည်ဘုရားဖြစ်တော်မူပါသည်ဟု ပြောဆိုခြင်းဖြစ်တယ်။

သားသမီးတွေက မိဘအရိပ်အောက်အသိုက်အမြုံမှာ နေနေရာကနေ ကိုယ့်လမ်းကိုလျှောက်ကြခြင်း

ကသဘာဝဖြစ်စဥ်ဖြစ်တယ်။ သူတို့တွေရဲ့ဘဝအတွက် ကောင်းတယ်ဆိုတာကိုသိလျှက်နဲ့ပဲ မိဘတွေက

ရင်နင့်စွာခံစားကြရပါတယ်။ ဒါပေမဲ့ ဘုရားနဲ့ကျ ဒီဥပဒေကပြောင်းသွားပါတယ်။ ဘုရားရှေ့မျက်မှောက်မှာ

မိမိကကိုယ့်ခြေတောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့သူ ဘယ်တော့မှ ဖြစ်မလာပါဘူး။ ဘုရားအပေါ်အားမကိုးပဲ

ကိုယ့်ဘာသာကိုယ်ရပ်တည်နိုင်တယ်လို့ထင်ခြင်းက ကိုယ့်ကိုယ်ကိုလှည့်စားနေခြင်းဖြစ်တယ်။ ဆုတောင်းခြင်း

ရဲ့အရင်းအမြစ်က အကူအညီကိုတောင်းခံခြင်းဖြစ်တယ်။ ကိုယ်တော်နှင့်ကင်းကွာလျှင် မိမိကဘယ်အရာကိုမျှ

လုပ်နိုင်စွမ်းမရှိတာကြောင့် မိမိဘဝအရာအားလုံးအတွက် ကလေးတစ်ယောက်ကဲ့သို့ ဘုရားကိုဆက်သွယ်ဆု

တောင်း စကားပြောကြရတယ်။ ဆုတောင်းခြင်းကို ခရစ်တော်ကိုယ်တော်တိုင်က အရေးကြီးတဲ့အရာအဖြစ်

တန်ဖိုးထားတာကြောင့် သူ့ရဲ့ကုသပေးခြင်း၊ ဟောပြောခြင်းကို လိုလားနေတဲ့ လူအုပ်ကြီးကိုစွန့်ခွာပြီး

နာရီပေါင်းများစွာအချိန်ယူပြီးဆုတောင်းခဲ့တယ်။ ဘာကြောင့်ကျွန်တော်တို့ဆုတောင်းကြရမလဲဆိုရင်

အဖြေကတစ်ကြောင်းထဲဖြစ်တယ်။ သခင်ခရစ်တော်ကိုယ်တော်တိုင်ဆုတောင်းခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်။

လောကမှာ လူသားတစ်ယောက်အဖြစ် ရှင်သန်နေစဥ် ကိုယ်တော်ဟာ ကျွန်တော်တို့ကဲ့သို့ပဲ ဘဝမှာနာကျဉ်

ခြင်းတွေ ခံစားရတယ်။ ကျွန်တော်တို့တွေ လူတွေရဲ့ ပစ်ပယ်ထားခြင်းကိုခံကြရသလို ကိုယ်တော်လဲ လက်မခံ

မောင်းထုတ်ခြင်းကိုခံခဲ့ရတယ်။ ကျွန်တော်တို့တွေစုံစမ်းခြင်းခံကြရသလို ကိုယ်တော်လဲစုံစမ်းခြင်းကိုခံခဲ့ရတယ်။

ဒီလိုမျိုးဒုက္ခတွေကြုံလာတိုင်းမှာ ကိုယ်တော်ရဲ့တုန့်ပြန်မှုကဆုတောင်းခြင်းဖြစ်တယ်။

  ဘာကြောင့် ဆိုးဝါးတဲ့အရာတွေဖြစ်ရသလဲဆိုတာအတွက် သမ္မာကျမ်းစာထဲမှာ စနစ်ကျကျဖြေရှင်းထားတာမျိုး

မရှိသလောက်ဖြစ်တယ်။ ဘုရား၏အလိုတော်ကို တာဆီးပိတ်ပင်ဖို့၊ ဖေါက်ပြန်ပြောင်းလဲသွားအောင်ရည်ရွယ်နေတဲ့

အင်အားတွေကအုပ်စိုးနေတဲ့ ကမ္ဘာကြီးထဲမှ ရှင်သန်နေကြတာဖြစ်တယ်။ ဆာတန်ကို ဒီလောကကိုအုပ်စိုးသူအဖြစ်

ဓမ္မသစ်ကျမ်းစာက ရှင်းရှင်းဖေါ်ပြထားပါတယ်။ မကောင်းတဲ့သူအုပ်စိုးနေတဲ့ဒီလောကကြီးထဲမှာ  အကြမ်းဖက်ခြင်း၊

လှည့်ဖျားခြင်း၊ ဘုရား၏အုပ်စိုးခြင်းဆန့်ကျင်တဲ့အရာဟူသမျှဖြစ်နေမှာဖြစ်တယ်။ ဒီအင်အားတွေကိုတိုက်ဖျက်ဖို့

ဆုတောင်းခြင်းထက် ပိုအစွမ်းထက်တဲ့ နည်းလမ်းမရှိပါဘူး။ ဆုတောင်းဖို့လက်နှစ်ဖက်ကိုယှက်လိုက်ခြင်းကဒီလေ

ာကတဲက မဖြစ်သင့်၊ မရှိသင့်တဲ့အရာတွေကိုဆန့်ကျင်ခြင်းကို အစပြုလိုက်ခြင်းဖြစ်တယ်လို့ Karl Barth

ကဆိုပါတယ်။

 

Add new comment

4 + 2 =