ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၁၁) ကြိမ်မြောက် အင်္ဂါနေ့ သြဝါ ၁၄၊ ၆၊ ၂၀၂၂

            ကမ္ဘာကျော်ဝိညာဉ်ရေး စာရေးဆရာကြီး C S Lewis က ငရဲနဲ့ကောင်းကင်ကို အခုလိုပုံဖေါ်ထားပါတယ်။ 
(လူတွေဝိုင်းထိုင်နေကြတယ်။ သူတို့အလယ်မှာ စားစရာပန်းကန်တစ်ခုရှိတယ်။ သူတို့အယောက်တိုင်းကိုယ်စီက

ဇွန်းအရှည်ကြီးတွေ ကိုင်ထားကြတယ်။ အဲဒီဇွန်းအရှည်ကြီးတွေနဲ့ ပန်းကန်ထဲက စားစရာကိုခပ်ပြီး ကိုယ်စားရဖို့

ကိုယ့်ပါးစပ်ထဲကိုယ်ထည့်ဖို့ကြိုးစားကြတဲ့အခါမှာ ကိုးလိုးကန့်လန့်နဲ့ အစာတွေ ပါးစပ်ထဲကို မရောက်နိုင်ပဲ ဖိတ်စင်ကုန်တယ်။

အဲဒါ ငရဲဖြစ်တယ်။ ကိုယ့်အတွက်ပဲကိုယ်ရှင်သန်ကြခြင်းဖြစ်တယ်။ တစ်ဖက်မှာလဲ အလားတူပဲ ဇွန်းအရှည်ကြီးတွေကိုင်ထားကြတယ်

လူတွေဝိုင်းထိုင်နေကြတယ်။ သူတို့တွေကတော့ တစ်ယောက်ကိုတစ်ယောက် ခွံ့ပေးနေကြတာကြောင့် အယောက်တိုင်း ဝဝလင်လင်

စားကြရတယ်။ အဲဒါ ကောင်းကင်နိုင်ငံတော်ဖြစ်တယ်။ တစ်ယောက်အတွက် တစ်ယောက်အသက်ရှင်ကြတယ်။ တစ်ယောက်ရဲ့

ဝန်ထုပ်ကိုတစ်ယောက်က ခံထမ်းပေးကြတယ်။ ဘုရား တရားရှိတယ်လို့ပြောလေ့ရှိကြတယ်။ ဘုရားရှိတာထက် တရားရှိဖို့၊

တရားမျှှတမှုအတိုင်း၊ လူအပေါ်ဘုရားထားရှိတော်မူတဲ့ ဂုဏ်သိက္ခာအတိုင်း ပြုမူဆက်ဆံပေးဖို့က ပိုပြီးအခရာကျပါတယ်။ 
ဘုရားတရားရှိရင်၊ ကိုယ်တော်ရှင်ကိုအကြွှင်းမဲ့ယုံကြည်ခြင်းထားနိုင်ရင် ဘဝမှာ အဆင်မပြေတာတွေ၊ ဒုက္ခတွေရှိမှာမဟုတ်ဘူးလို့

ကိုယ်တော်ရှင် ကတိမပေးခဲ့ပါဘူး။ အုတ်မြစ်နှစ်မျိုးဥပမာမှာ ကိုယ်တော်ရှင်မိ်န့်ဆိုတာက ကျောက်ပေါ်မှာအိမ်ဆောက်တဲ့သူကော၊

သဲပေါ်မှာအိမ်ဆောက်တဲ့့သူကော မလွဲမသွေကြုံရမှာက မိုးရွာရေကြီး မုန်တိုင်းထန်သဖြင့် ထိုအိမ်ကိုရိုက်ခတ်သောအခါ၊ မိုးရွာမယ်၊

ရေကြီးမယ်၊ မုန်တိုင်းထန်မယ်။ နှစ်မျိုးစလုံးအတွက် စကားလုံး အတူတူအတိအကျရေးထားတာဖြစ်တယ်။ ပြသနာတွေက

အထက်ကလာမယ်။မိုးရွာတယ်။ ရေကြီးမယ်။ အောက်ကနေလာမယ်။ ဘေးကနေလာမယ်။ မုန်တိုင်းထန်မယ်။ ငါ၏စကားကိုကြား၍

ကျင့်ကြံသောသူက ပြိုလဲမသွားဘူး။လူတွေအပေါ် အကောင်းဆုံး မေတ္တာနဲ့အသက်ရှင်ဖို့။ အောင်မြင်တဲ့နေ့တွေရှိသလို။

ကျရှုံးတဲ့နေ့တွေလဲ အများကြီးရှိမယ်။ ဒါမဲ့စိတ်ပျက်စရာမဟုတ်ပါဘူး။ကိုယ်တော်ရှင် ကောင်းကင်ဘုံကိုမတက်ကြွှခင်လေးမှာ

စုဝေးနေတဲ့ တပည့်တော်ကြီးတွေထဲက တစ်ချို့ကကိုယ်တော်ရှင်ကို သူတို့ရှေ့တည့်တည့်မှာ မြင်တွေ့နေရပါလျက်

သံသယရှိနေကြတယ်။ လူ့သဘာဝဖြစ်တယ်။ ကိုယ်တော်ရှင် သူတို့ကို အပြစ်မတင်ခဲ့ပါဘူး။ ကိုယ်တော်ရှင်ဘာလုပ်လဲ။

အဲဒီလို ကိုယ့်ကို်ယ်ကိုအပေါ်လဲ ယုံကြည်မှုအားနဲ၊ ဘုရားအပေါ်မှာလဲ ယုံကြည်မှုအပြည့်အဝမထားနိုင်ကြတဲ့သူတွေကို သွားကြ ဘုရား၏အချစ်ကို

နေ့စဉ်ထိတွေ့ဆက်ဆံရတဲ့ လူတွေအကြားမှာ သက်သေခံကြပါ။ နာဇီအကျဉ်းစခန်းမှာ ဒုက္ခမျိုးစုံကို ကိုယ်တိုင်ခံခဲ့ရတဲ့ Viktor Frankl ကသူ့ရဲ့

လူတို့၏ဘဝအဓိပ္ပါယ်ကိုရှာဖွေခြင်း စာအုပ်မှာ အခုလိုရေးထားပါတယ်။သူ့ရဲ့ရှိသမျှလွတ်လပ်ခြင်းတွေ၊ ဆုံးရှုံးနေပါစေ။ လူတစ်ဦးဆီကနေ

ဘယ်သူကမျှယူမပစ်နိုင်တဲ့ Freedom လွတ်လပ်ခြင်းတစ်မျိုး အမြဲကျန်နေတယ်။အဲဒါကတော့ freedom to choose our attitude

ဘယ်လိုအခြေအနေမျိုးတွေပဲ ကြုံနေရပါစေ ကိုယ်ဘယ်လိုစိတ်ထားမျိုးထားမယ်ဆိုတဲ့ကိုယ့်စိတ်ထားကို ရွေးချယ်နိုင်တဲ့လွတ်လပ်ခြင်းဖြစ်တယ်။

အခက်အခဲတွေကြုံလာရတဲ့အချိန်မှာ သူများတွေကို အပြစ်တင်နေမဲ့အစား၊ ပိုဆိုးတာကငါ့ဘဝကိုက သနားစရာကောင်းပါတယ်။

ငါပဲဒုက္ခတွေခါးစီးခံနေရတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုသနားစိတ်တွေနဲ့ နေနေမဲ့အစား ကိုယ်တော်ရှင်ငါ့ကိုကူညီမစတော်မူမယ်။ ကိုယ်တော်ရှင်

ငါနဲ့အတူရှိနေတယ်ဆိုတဲ့ သမ္မာကျမ်းစာနဲ့ ကိုယ့်ကိုယ့်ကို ခွန်အားယူပြီးရှင်သန်တဲ့စိတ်ထားထားနိုင်ရအောင်ကြိုးစားဖို့လိုပါတယ်။ 
 

Add new comment

8 + 3 =