ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၁၁) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ သြဝါဒ ၁၅၊ ၆၊ ၂၀၂၂

၁၅ ဇွန် ၂၀၂၂
၁၁ ကြိမ်မြောက်သာမန်သီတင်းပတ် ဗုဒ္ဓဟူးနေ့
                  ဆင်းရဲသားများနှင့် ထိတွေ့ခြင်းပြုဖို့ ဧဝံဂေလိတရားတော်၏ တောင်းဆိုခြင်းကို ရှင်သန်ဖို့ရုန်းကန်ရခြင်း
ဂရုဏာထားတယ်ဆိုတာ စိတ်ထားကောင်းခြင်းဖြစ်တယ်။ သို့သော် တရားမျှတခြင်းလို့ပြောတဲ့အခါ စိတ်ထားကောင်းရုံထက်အများကြီးပိုတယ်။

ကိုယ့်မှာဂရုဏာစိတ်ရှိရင် ကောင်းတယ်၊ ပါရမီတစ်ခုဖြစ်တယ်။ ဒါပေမဲ့ တစ်ချို့လူတွေအပေါ်မှာ မတရားစွာနဲ့ ဆင်းရဲဒုက္ခတွေရောက်နေစေပြီး၊

တစ်ချို့လူတွေက မတရားသဖြင့်အခွင့်အရေးတွေရနေစေတဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးစနစ်တွေကို ဂရုဏာစိတ်ရှိရုံဖြင့် မပြောင်းလဲနိုင်ဘူး

ဖြစ်တယ်။ မျှတတဲ့၊ ကောင်းတဲ့စိတ်နှလုံးသားတွေရှိရမှာဖြစ်သလို၊ မျှတတဲ့၊ ကောင်းတဲ့မူဝါဒပေါ်လစီတွေလဲရှိရမှာဖြစ်တယ်။ ဒါကြောင့် ဂရုဏာ

တရား နဲ့ တရားမျှတခြင်းကို လုံးဝခြားနားပြီးသိရမှာဖြစ်တယ်။ တစ်ဦးချင်းစီက စိတ်ကောင်းနှလုံးကောင်းရှိကြခြင်းနဲ့ လူမှုရေး၊ စီးပွားရေး၊

နိုင်ငံရေးစနစ်တွေက ကျွန်တော်တို့ဂရုဏာစိတ်ဖြင့် ကူညီဖို့ကြိုးစားနေကြတဲ့အရာတွေကိုဖြစ်လာနေစေတဲ့ အကြောင်းတရားတွေဖြစ်မနေစေဖို့

အဖွဲ့အစည်းအနေနဲ့ကြိုးစားခြင်း ဒီနှစ်ခု မတူညီပါဘူး။ ဆင်းရဲသားတွေကိုကျွန်တော်တို့တွေအကူအညီပေးရခြင်းအကြောင်းက သူတို့ကလိုအပ်

နေလို့မဟုတ်ပါဘူး။ သူတို့အကူအညီလိုနေတာမှန်တယ်။ သို့သော်ကျွန်တော်တို့သူတို့ကိုအကူအညီပေးရခြင်းက ကျွန်တော်တို့တွေက ကျန်းမာတဲ့

သူတွေဖြစ်ကြစေဖို့ရန်အတွက်ဖြစ်ပါတယ်။ ကျွန်တော်တို့တွေကိုယ်တိုင်က ကျန်းမာရေးကောင်းနေစေဖို့လိုအပ်တာကြောင့် ဆင်းရဲသားတွေကို

တစ်ခုခုအကူအညီပေးဖို့ရန် သမ္မာကျမ်းစာက အကြိမ်ကြိမ်သွန်သင်ထားပါတယ်။ 
     ဂရုဏာစိတ်ဖြင့်ကူညီခြင်းက ပါရမီဖြစ်တယ်၊ ဒါမဲ့ခရစ်ယာန်တစ်ယောက်အတွက်က ကူညီခြင်းက ပါရမီဖြစ်တာဖက် မဖြစ်မနေလုပ်ကိုလုပ်ရမဲ့

တာဝန်ဝတ္တရားပိုဖြစ်ပါတယ်။ ဆင်းရဲသားတွေကို ကူညီခြင်းက မဖြစ်မနေကိုလုပ်ရမဲ့တာဝန်ဖြစ်တယ်၊ လုပ်ချင်ရင်လုပ်မယ်၊ မလုပ်ချင်ရင်နေလို့ရတဲ့

ရွေးလို့ရတဲ့အရာမဟုတ်ပါဘူး။ ကျွန်တော်တို့ပိုင်တဲ့အရာမှန်သမျှက ဘုရားနဲ့သက်ဆိုင်တဲ့အရာတွေဖြစ်တယ်။ ကျွန်တော်တို့တစ်ကယ်ပိုင်ဆိုင်တဲ့အရာ

တွေမဟုတ်တဲ့အကြောင်း မိုးဇက်ရဲ့ဥပဒေမှာသွန်သင်ထားပါတယ်။ ဘုရားပေးတော်မူတဲ့အတိုင်းကျွန်တော်တို့အသုံးပြုလို့ရတယ်၊ ဒါမဲ့ကျွန်တော်တို့

အကြွင်းမဲ့ပိုင်ဆိုင်တဲ့အရာတွေမဟုတ်ပါဘူး။ (Leviticus 25:23)
        သို့သော်ကျွန်တော်တို့က ဆင်းရဲသားများကိုကူညီခြင်းကို တာဝန်ဝတ္တရားဖြစ်ခြင်းထက် ပါရမီတစ်ခုအဖြစ်မြင်နေတတ်ကြတယ်။ တရားမျှတခြင်း

ဖြစ်တာကိုထက် ဂရုဏာအလုပ်အဖြစ်ပဲမြင်နေတတ်တကြတယ်။ ဆင်းရဲသားတွေက အကူအညီလိုအပ်နေတာကြောင့် ကျွန်တော်တို့က အကူအညီပေးဖို့

လိုအပ်တာမှန်တယ်။ သို့သော် ကျွန်တော်တို့က သူတို့ကိုမကူညီရင် ကျန်းမာတဲ့သူတွေမဖြစ်နိုင်တာကြောင့် ကျွန်တော်တို့အကူအညီပေးဖို့လိုအပ်ခြင်းဖြစ်တယ်။ 
ဘုရားက ဆင်းရဲသားတွေအပေါ်မှာ မျက်နှာသာပေးအချစ်ပိုတာတင်မကပဲ ဘုရားကဆင်းရဲသားများ၌ ရှိနေတဲ့အကြောင်းကို ရှင်မာတေဦး ၂၅ မှာ ခရစ်တော်

သွန်သင်ထားတယ်။ ဆင်းရဲသားတွေအပေါ် ကိုယ်ပြုသမျှက ဘုရားအပေါ်ပြမူနေခြင်းဖြစ်တယ်။ ဆင်းရဲသားများအပေါ် ဘယ်လိုပြုမူတယ်ဆိုတာက ဘုရား

အပေါ်ပြုမူနေခြင်းဖြစ်တယ်။ ဒါကို မသိလိုက်ပါဘူးလို့ တရားစီရင်တဲ့နေ့မှာ ဆင်ခြေပေးလို့မရနိုင်ပါဘူး။ ဆင်းရဲသားတွေဆီကနေ ထောက်ခံချက်စာမပါပဲ

ဘယ်သူတစ်ဦးတစ်ယောက်မျှကောင်းကင်ကိုမရောက်နိုင်ပါဘူး။ ဘုရားအရှေ့မှာ မတ်တပ်ရပ်ပြီး တရားစီရင်ခြင်းကိုခံရတဲ့အချိန်မှာ စံနှုန်းက တစ်ခုပဲရှိပါတယ်။

အဲဒါက သင်ဆင်းရဲသားတွေကို ဘာပေးခဲ့သလဲ။ ဆာလောင်နေတဲ့သူကို ကျွေးမွေးခဲ့သလား၊ ရေငတ်နေတဲ့သူကိုရေပေးခဲ့သလား။ အဝတ်မရှိတဲ့သူကို အဝတ်ပေးခဲ့သလား။ 
ဆင်းရဲသားတွေကိုကူညီခြင်းက ကိုယ်ရေးကိုယ်တာ ပါရမီတစ်ခု၊ ကိုယ့်ရဲ့ရက်ရောခြင်းလေးတင်မဟုတ်ပဲ၊ တရားမျှတခြင်းကိုယ်၌က တောင်းဆိုတဲ့ အရာဖြစ်တဲ့အကြောင်း

အသင်းတော်ရဲ့ လူမှုသွန်သင်ချက် နံပါတ် ၅ မှာဖေါ်ပြထားပါတယ်။ ဘုရားကဆင်းရဲသားတွေအပေါ် ပိုတဲ့အချစ်နဲ့ မျက်နှာသာပေးချစ်တော်မူတယ်။

        ဒါကြောင့် ကျွန်တော်တို့တွေက ဆင်းရဲသားတွေအပေါ် ဘယ်လိုပြုမူသလဲဆိုတာနဲ့ တရားစီရင်မဲ့အကြောင်းကို ပရောဖက်ကြီးတွေက သွန်သင်ခဲ့ကြတယ်။

မိဘမဲ့တွေ၊ မုဆိုးမတွေ၊ သူစိမ်းတွေက ဘယ်ခေတ်ကာလမှာမဆို လူ့အသိုင်းအဝိုင်းထဲမှာ ဒုက္ခအရောက်ရဆုံး လူတန်းစား ၃ ရပ်ဖြစ်တဲ့အကြောင်း သမ္မာကျမ်းစာက

code လုပ်ပြီးဖေါ်ပြတယ်။ ပရောဖက်တွေဟောတာကို လူတွေက အလွယ်တကူလက်မခံခဲ့ကြပါဘူး။ ကိုယ်ကျင့်တရားကို ဘယ်လောက်ပြင်းပြင်းထန်ထန်ကျင့်သလဲ၊

ဘာသာရေးထုံးတမ်းတွေကို ဘယ်လောက်လိုက်နာသလဲအပေါ် မူတည်ပြီး ဆုံးဖြတ်ခြင်းခံရမယ်လို့ အခိုင်အမာယုံကြည်ထားကြတဲ့ အဲဒီခောတ်က ကိုယ့်ကိုယ်ကို

ဘုရားတရားရှိသူများအဖြစ်ခံယူထားကြတဲ့သူတွေရဲ့ဆန့်ကျင်တိုက်ခိုက်ခြင်းကိုခံခဲ့ကြရတယ်။ ဒါမဲ့ ခရစ်တော်က ဟေဗြူးပရောဖက်တွေဟောပြောခဲ့သလို ဘုရားက

ဆင်းရဲသားများအပေါ် အချစ်ပိုတဲ့အပြင်၊ ဘုရားကဆင်းရဲသားများထဲ၌ရှိတဲ့အကြောင်းကို ရှင်မာတေဦး ၂၅ မှာ အခိုင်အမာသွန်သင်ထားတာဖြစ်ပါတယ်။ 

Add new comment

2 + 7 =