ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၁၁) ကြိမ်မြောက် တနင်္လာနေ့ သြဝါဒ ၁၃၊ ၆၊ ၂၀၂၂

စိန့်အန်ထော်နီက သမ္မာကျမ်းစာကို အရမ်းနှစ်သက်မြတ်နိုးပြီး နက်နက်ရှိုင်းရှိုင်းနားလည်သလို အဲဒီသူ့ရဲ့ သမ္မာကျမ်းစာကို

ပြင်းပြင်းထန်ထန်မြတ်နိုးခြင်းစိတ်နဲ့ စပ်ဆက်ပြီး တစ်ဖက်မှာ သူဟာ ဆင်းရဲသားတွေ အကူအညီလိုအပ်နေသူတွေကို အရမ်းချစ်

ခဲ့သူဖြစ်တယ်။ ပျောက်ဆုံးနေတဲ့ပစ္စည်းတွေပြန်ရဖို့ စိန့်အန်ထော်နီဆီမှာဆုတောင်းခြင်း အလေ့အထက သူကိုယ်တိုင် သူအရမ်း

နှစ်သက်မြတ်နိုးတန်ဖိုးထားတဲ့ ဆာလံကျမ်းစာ စာအုပ်လေးပျောက်သွားရာကနေ ပြန်ရရှိခြင်းဖြစ်ရပ်ကြောင့်ဖြစ်တယ်။

ရသေ့ကျောင်းကနေထွက်သွားတဲ့ ဝင်လိုသူတစ်ယောက်က စိန့်အန်ထော်နီရဲ့ အဲဒီဆာလံစာအုပ်ကိုယူသွားတယ်။ စိန့်အန်ထော်နီက

သူ့စာအုပ်ဘယ်လိုပျောက်သွားတယ်ဆိုတာမသိဘူး။ သူ စာအုပ်ပြန်ရဖို့ဆုတောင်းတယ်။ နောက်ပိုင်းမှာ ထွက်သွားတဲ့ တစ်ယောက်က

သူ့ကိုစာအုပ်ပြန်လာပေးခဲ့တယ်။ စိန့်အန်ထော်နီရဲ့ဆင်းတုမှာ ဖွင့်ထားတဲ့ကျမ်းစာအုပ်ကိုကိုင်ထားတယ် သူငယ်တော်ယေဇူးလေးကို

ချီထားတယ်။ Tuscany ဆိုတဲ့မြို့မှာ သူဋ္ဌေးကြီးတစ်ယောက်ရဲ့ စျာပနအခန်းအနားလှည့်လာတယ်။ သူဋ္ဌေးကြီးရဲ့ စျာပနဆိုတော့

ကြီးကျယ်ခန်းနားထည်ဝါနေတယ်။ ဒါကိုစိန့်အန်ထော်နီက မြင်တော့ ဒီလူဟာ ငွေကို ခုံမင်တပ်မက်တယ်၊ ဆင်းရဲသားတွေကို

ခေါင်းပုံဖြတ်အနိုင်ကျင့်တယ်။ ဒါကြောင့် သူ့ဟာ အခုလိုခန်းခန်းနားနားနဲ့ ဂုဏ်ပြုခြင်းကို မထိုက်တန်ဘူးလို့ပြောလိုက်တယ်။

ရှင်မာတေဦးကျမ်းမှာ ကိုယ်တော်ရှင်မိန့်ဆိုတော်မူခဲ့တဲ့ စကားကိုကိုးကားပြီးပြောလိုက်တယ်။ သင်၏ဘဏ္ဍရှိရာအရပ်၌ သင်၏

စိတ်နှလုံးလဲရှိ၏။ သူ့နှလုံးက အခုသူ့ခန္ဓာကိုယ်ထဲမှာ ပါမလာဘူး၊ သူ့ရဲ့ပိုက်ဆံသေတ္တာထဲမှာရှိနေတယ်လို့ စိန့်အန်ထော်နီကပြောတယ်။

သူဋ္ဌေးကြီးရဲ့မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက စိန်အန်ထော်နီအဲလိုပြောတာကို မကျေမနပ်ဖြစ်ကြတယ်။ သူပြောတာ မှားတယ်ဆိုပြီး

သက်သေပြဖို့လုပ်ကြတယ်။ ဒါနဲ့ ခွဲစိတ်ဆရာကို ခေါ်ပြီးသူဋ္ဌေးကြီးရဲ့ ရင်ကိုခွဲကြည့်ကြတယ်။ သူတို့အရမ်းအံ့သြသွားကြတယ်။ သူဋ္ဌေးကြီးရဲ့

ရင်ဖက်ထဲမှာ နှလုံးရှိမနေဘူး။ သူ့ရဲ့မိသားစုဝင်တွေက သူ့ရဲ့နှလုံးကို သူ့ရဲ့ပိုက်ဆံသေတ္တာထဲမှာရှိနေတာကို တွေ့ကြတယ်။ အဲဒီတော့ ရင်ဘတ်ထဲမှာ

နှလုံးသားရှိမနေပဲ ထာဝရကာလကြီးကို ရှင်သန်ရမယ်ဆိုတဲ့ ငရဲအခြေအနေကို တွေးကြည့်ပါ။ 
စိန့်အန်ထော်နီက အရမ်းကိုထူးခြားထက်မြက်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့တယ်။ သူ့ရဲ့ သမ္မာကျမ်းစာကို ကျွမ်းကျင်ပိုင်နိုင်မှု၊ ထက်မြက်တဲ့ဟောပြောနိုင်စွမ်

းတွေကြောင့် ခေါင်းမာစွာနဲ့ အယူဝါဒမှားနေသူတွေ အားလုံးကို ပြောင်းလဲလာစေခဲ့တယ်။ အသက်ရှင်စဉ်မှာကတည်းက တန်ခိုးတွေပြုခဲ့တယ်။

ဒါမဲ့ သူ ၁၂၃၁ ခုနှစ် ဂျွန်လ ၁၃ ရက်နေ့ အသက် ၃၅ နှစ်အရွယ်မှာ သေဆုံးသွားခဲ့တယ်။ ၃၅ နှစ်ဆိုတာအရမ်းကို ငယ်ပါတယ်။ လူ့အမြင်နဲ့ ကြည့်ရင်

အရမ်းနှမြောစရာဖြစ်ပါတယ်။ အဲဒီလို ထက်မြက်တဲ့ သူတစ်ယောက် သူ့လောကမှာ အသက်ရှည်ရှည်ဆက်ရှိနေရင် သူဟာ လူသားတွေရဲ့ကောင်းကျိုး

 အထူးသဖြင့် အတိဒုက္ခရောက်နေသူအတွက် ဒီထက်ပိုပြီး အလုပ်လုပ်နိုင်မှာမဟုတ်ဘူးလား။ သူသာ ဒီထက်အသက်ပိုရှည်ရင် သာသနာတော်ကြီး

ဒီထက်ပိုပြီး အလုပ်လုပ်နိုင်မှာမဟုတ်ဘူးလား။ ကျွန်တော်တို့နားမလည်နိုင်ပါဘူး။ ကျွန်တော်တို့မှာအဖြေမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ သေချာ

အာမခံချက်အပြည့်နဲ့သိတာက ကိုယ်တော်ရှင် ရှင်မာတေဦးကျမ်း ၂၈း၂၀ မှာ မိန့်တော်မူခဲ့တာဖြစ်ပါတယ်။ ငါသည်ကား ကမ္ဘာကုန်သည့်တိုင်အောင်

သင်တို့နှင့်အတူ အစဉ်ရှိမည်။ ကြုံတွေ့နေရတဲ့ အခြေအနေတွေက၊ နောက်ခံစားနေရတဲ့ဝေဒနာတွေက ဘုရားရှင် ကိုယ်နဲ့ အစဉ်ရှိနေတယ်ဆိုတာကို

ယုံကြည်ဖို့ခက်ချင်ခက်နေလိမ့်မယ်။ ဒါမဲ့ အဲလိုအခြေအနေမျိုးမှာကိုက ကိုယ်တော်ရှင်ငါ့နဲ့အတူရှိနေတော်မူတယ်။ အပြစ်တင်ဖို့မဟုတ်ဘူး။

အခက်အခဲတွေ၊ ဝေဒနာတွေကြားကနေ ဆက်ပြီးလျှောက်နိုင်စေဖို့ ဖြစ်တယ်။ ဒုက္ခတွေဘာကြောင့်ရှိနေရလဲဆိုတာ အဖြေမသိဘူး။

ဒါမဲ့ အခက်အခဲတွေက လူ့ရဲ့စိတ်ကိုခိုင်မာလာစေတယ်၊ လူ့ရဲ့စိတ်ဝိညာဉ်ကို ရင့်ကျက်လာစေတာတော့အမှန်ဖြစ်တယ်။ 
စိန့်အန်ထော်နီပေါင်မုန့်ဝေကြတယ်။ မိခင်တစ်ယောက်က သူ့ရဲ့တစ်နှစ်နဲ့ရှစ်လအရွယ် သားလေးတော်မီကို မီးဖိုထဲမှာ တစ်ယောက်ထဲထားခဲ့မိတယ်။

သူ့ရဲ့အိမ်က စိန့်အန်ထော်နီဘွဲ့ခံ ဘုရားရှိခိုးကျောင်းတော်ကြီးနားမှာဖြစ်တယ်။ မီးဖိုပေါ်မှာ ရေနွေးအိုးကြီးတည်ထားတယ်။ ကလေးက ခုံပေါ်တက်ပြီး

ရေနွေးအိုးထဲချောင်းကြည့်တယ်။ ရေပေါ်မှာပေါ်နေတဲ့ သူ့ရဲ့အရိပ်ကိုလှမ်းထိရာကနေ ရေနွေးအိုးထဲဇောက်ထိုးကျသွားတယ်။ သူ့အမေ မီးဖိုထဲပြန်ဝင်လာပြီး

 ကလေးကိုဆွဲထုတ်လိုက်တော့ ကလေးကအသက်မရှိတော့ဘူး။ အမေရဲ့ ငိုသံကြားလို့ အိမ်နီးနားချင်းတွေနဲ့ ရသေ့တွေ ရောက်လာကြတယ်။ ရသေ့တွေကို

တွေ့တော့ မိခင်က စိန့်အန်ထော်နီဆီ ဆုတောင်းတယ်။ သူ့ရဲ့သားလေး အသက်ပြန်ရှင်အောင်လုပ်ပေးပါ။ သူ့သားရဲ့ ကိုယ်အလေးချိန်နဲ့ညီမျှတဲ့ ပေါင်မုန့်တွေကို

ဆင်းရဲသားတွေကို လှူပါမယ်လို့ ကတိပြုတယ်။ ဆုတောင်းနေစဉ်မှာ ကလေးက အိပ်ပျော်ရာကနေ ပြန်နိုးလာသလိုမျိုးပြန်ရှင်လာတယ်။ ဒီဖြစ်ရပ်ကနေစပြီတော့

စိန်အန်ထော်နီဆီမှာ တောင်းခံရရှိတဲ့ ဆုကျေးဇူးတော်တွေအတွက် ပွဲနေ့မှာ ဆင်းရဲသားတွေကို ပေါင်မုန့်ဝေတဲ့ ဓလေ့ရှိလာတာဖြစ်တယ်။
 

Add new comment

1 + 0 =