Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဖာသာရ် Petre ကြည်မောင် (မန္တလေး) သိကြားမင်း မီကာအဲလ်၊ ဂါဗြီအဲလ်နှင့်ရာဖာအဲလ်တို့ပွဲ့နေ သောကြာနေ့ ဩဝါဒ ၂၉၊ ၉၊ ၂၀၂၃
29 September 2023
ဓမ္မမိတ်ဆွေတို့ ဒီကနေ့မှာ သာသနာတော်က သကြားမင်း ကြီး သုံးပါးရဲ့ပွဲတော်နေ့ကို ကျင်းပပါတယ်၊။ သိကြားတမန်တော်တွေဟာ ဝိညာဉ်သက်သက်ဖြစ်တယ် ဒါကြောင့် လူသားတွေဟာသူတို့ကို မြင်နိုင်စွမ်းမရှိကြပါဘူး တချိန်ထဲမှာပဲ ထာဝရ ရှင်သန်ကြသူတွေဖြစ်တယ်။ ဘုရားရှင်ဟာ လူသားတွေချစ်မြတ်နိုးတဲ့အတွက်ကြောင် ကာကွယ်စောင်ရှောက်ပေးဖို့ သိကြားတမာန်တော်တွေကိုခံအပ်ပေးထားခြင်းဖြစ်တယ်။ သိကြားတမာန်တော်တွေရဲ့တာဝန်ကတော့ ဘုရားကို ရှိခိုးကိုကွယ်ဖို့၊ ဘုန်းဂုဏ်တော်ကို ဆင်ဆက်မပြတ်ချီးမွမ်းဖို့၊ ဘုရားရှင်ရဲ့သတင်းစကားကို သယ်ဆောင်ဖို့၊ ဘုရားရှင်ကဲ့အလိုတော်ကို လုပ်ဆောင်ဖို့နဲ့ ဖန်ဆင်ခံ လူသားတွေနဲ့ အရားအားလုံးကို ကာကွယ်စောင့်ရှောက်ပေးဖို့ဖြစ်တယ်။ ဒါကြောင့်လဲး ဆာလံကျန်း အခန်းကြီး ၉၁:၁ မှာ သင်သွားရာ လမ်းခရီးကို ကာကွယ်စောင်ရန်အလို့ငါ သူ၏သိကြားတမာန်တော်များကို အစောင့်အလျှောက်ခြထားပေးမယ် လို့ ဆိုထားတာဖြစ်တယ်။ ဒီကနေ့မှာသာသနာတော် က သိကြားမင်းအကြီးအမူများဖြစ်ကြတဲ့ မီကာအဲလ်၊ ဂါဗြီအဲလ် နဲ့ ရာဖာအဲလ် တို့ပွဲကို ဂုဏ်ပြုကျင်ပပေးနေခြင်းဖြစ်တယ်။ မီကာအဲလ်ဟာ လူစီဖာဦးဆောင်ပြီး ဘုရားကိူပုန်ကန်သူတွေကို ဘယ်သူဘုရားနှင် တူခြင်ရတာလဲ ဆိုပြီးကြွေးကြော် ခြေမုန်သူအဖြစ် လေလာခဲ့ကတယ်။ ဓမ္မဟောင်ကျမ်း ပရောဖက် ဒါနီအဲလ်း ရဲ့ကျမ်းမှာ သူကို အကြီးဆုံးမင်းသား၊ အီဇရာအဲလ် လူမျိုးကို ကာကွယ်စောင်ရှောသူ၊ ဗျာဒိတ်ကျမ်းစာမှာတော့ လူစီဖာနှင် ပုန်ကန်သူအပေါင်းအပါကိူထာဝရ ငကဲးသိုပိုဆောင်သူ ဘုန်းတခိုကြီးမားသော မင်းသားအဖြစ်ဖေါပြခဲ့ပါတယ်။ သူကို သာသနာကိုကာကွယ်စောင်ရှောက်ပေးသူ အဖြစ် သတ်မှတ်ပြီး သိကြာမင်း စိန်မိုင်ကယ် ထံ ပိုအပ်မေတ္တာ ကို ရဟန်းမင်းကြီး တဆယ်သုံးပါမြောက် လေအိုက ရေးစပ် ရွတ်ဆိုစေခဲ့ပါတယ်။ ဂါဗြီအဲလ်ကိုတော့ ဘုရားရှင်၏သတင်းစကားကို သယ်ဆောင်သူ ထာဝရဘုရားသည်ငါ၏ခွန်အားလို့ အဓိပ္ပါယ်ဖွင်ဆိုထားပါတယ်။ အကြီးဆုံပရောဖက် အဖြစ်သတ်မှတ်ခံထားရတဲ့ ယောဟန် ဘတ္တစ်စတားကို သူ၏မိခင်ဧလိဇဖက် ၏ဝမ်းကြာတိုက်မှာ ပဠိသန္ဒေစွဲယူမည့်အကြောင်း သူမ၏ခင်ပွန်ဖြစ်သူ ရဟန်းအကြီးအကဲ ဇာခရီ ဆီမှာ သတင်းစကာပြောကြာသူ၊ အမိမယ်တော်မာရီယားထံမှာ မက်ဆီးသခင် ခရစ်တော် ပဠိသန္ဒေစွဲယူမည့်အကြောင်း သတင်းစကာပြောကြာသူ၊ ခင်ပွန်းတော်ရှင်ဂျိုးဇက်ကို အမိမယ်တော်အား စောင့်ရှောက်ရန် အိမ်မက်ပေးသူ၊ သူငယ်တော်ကို ယေဇူးဟုမှည်ခေါ်ရံ သတင်းစကားပေးသူ၊ အရှေ့တိုင်းက မင်းကြီးသုံးပါကို ဟေရုတ်မင်းရန်မှလွတ်မြောက်ရန် သတင်ပေး လမ်းပြခဲ့သူ၊ သူငယ်တော်ကို သတ်ရန် ကြံစည်သူတွေ သေဆုံးကြပြီဖြစ်ကြောင်း ရှင်ဂျိုးဇက်ကို အိမ်မက်ပေး သူအဖြစ် သာသနာတော်က သွန်သင်ထားတာကို တွေ့ရပါတယ်။ ရာဖာအဲလ်ကိုတော့ ထာဝရဘုရားသည်ငါ၏ခွန်အားဟု အဓိပ္ပါယ် ဖွင့်ဆိုထားပြီး၊ တိုဘိ၏ဖခင်ကို မျက်စိအလင်ပြန်ရစေရန်ကုသပေးခဲ့သောကြောင့် ရောဂါဝေဒနာတွေကို ကုသပေးသူ၊ တိုဘိယ ၏လမ်းခရီးကိုစောင်ရှောက်ပေးခဲ့တဲ့အတွက် လမ်းခရီးမှာ ကာကွယ်စောင်ရှောက်ပေးသူ၊ တိုဘိယ၏ ဇနီးဖြစ်သူ ဆာရာ ကို နတ်ဆိုးရန်က ကာကွယ်ပေးခဲ့သူအဖြစ် သွန်သင်ထားပါတယ်။ သိကြားတမန်တော်တွေဟာ ကျွန်တော်ကိုအမြဲးကာကွယ်စောင်ရှောက်ပေးနေကြသူတွေ၊ ဘုရား အလိုတော်ကို လုပ်ဆောင်ရန် တိုက်တွန်းလမ်းပြပေးနေသူတွေဖြစ်တယ်။ ဒါကြောင့် ဒီကနေ့ သိကြားတမာန်တော်ကြီးများရဲ့ပွဲးတော်နေ့မှာ သူတိုကို ဂုဏ်ပြုကျေးဇူးတင်ကြပါစို့။
Add new comment