ဖာသာရ် Peter ကြည်မောင်(မန္တလေး) သာမန်ကာလစတုတ္ထသီတင်းပတ် တနင်္လာနေ့ သြဝါဒ ၃၀၊ ၁၊ ၂၀၂၃

သာမန်ကာလစတုတ္ထသီတင်းပတ်တနင်္လာနေ့ (ရှင်မာကု ၅း၁-၂၀)

 ဓမ္မမိတ်ဆွေတို့ ဒီကနေကြားနာခဲ့ရတဲ့ပထမကျမ်း ‌ဟီဗရူး လူမျိုးတို့ထံပေးစာမှာ ဓမ္မဟောင်းက  ဆမ်ဆုန်၊ ဒေးဗစ်၊

ဆယမြူအဲလ်း နဲ့ ပရောဖက်တွေဟာ၊ သူတိုရဲ့ဘုရားအပေါ်မှာထားတဲ့ယုံကြည်ခြင်းကြောင့်၊ တိုင်နိုင်ငံတွေကိုအောင်မြင်

ခဲ့သလို၊ သူတို့ရဲ့ မှန်ကန်တဲ့လုပ်ရပ်ကြောင့် ဘုရားကတိတော်ကိုခံစားခဲ့ကြရတယ် ဆိုတာကိုကြားနာခဲ့ရတယ်။
ပထမကျမ်းစာရဲ့အဓိကနှစ်ချက်က ယုံကြည်ခြင်းနဲ့မှန်ကန်တဲ့လုပ်ရပ် ဒီနှစ်ချက် က ကျွန်တော်တို့နေ့စဉ်အသက်တာ

မှာ ခရစ်ယာန်ပီသစွာ အသက်ရှင်နိုင်ဖို့အခြေခံကြတဲ့ အချက်တွေပဲ။ ဘုရားအပေါ်မှာ ပြည့်ဝတဲ့ယုံကြည်ခြင်းရှိသလို၊

ဘုရားသွန်သင်ပေးထားတဲ့တရားကို၊ မှန်ကန်စွာ လိုက်နာလုပ်ဆောင်ခြင်းအားဖြင့် အသက်ရှင်ရမယ်။ ဥပမာဆုလည်း

တောင်းတယ်။ လက်တွေကြတဲ့အနစ်နာခံမူ့လည်းပါတယ်။ အလှုအတန်းလဲးလုပ်သလို့၊ လက်တွေ့မှာ နိမ့်ချရိုးသားစွာ

နေထိုင်သူလဲးဖြစ်နေရမယ်။ ဘုရားစီမှာ ဆုလည်းတောင်းသလိုလူခွန်အားနဲ့ စိုက်ထုတ်ကျင်ကြံရမည့်အရာတွေအားလုံးကို

ကျင်ကြံနေထိုင်နိုာင်ရမယ် လိုဆိုလိုခြင်းဖြစ်တယ်။ 

 ဧဝံဂေဘိကျမ်းမှာတော့ နတ်ဆိုးပေါင်းမြောက်များစွာ ဝင်ပူးခံထားရပြီးဘယ်အရာကမှ မထိမ်းချုပ်နိုင်ပဲ၊ တွေ့သမျှသူ

တိုင်းကိုရန်ပြုနေတဲ့ အန္တာရာယ်ရှိတဲ့နတ်ဆိုးစီးခံနေရသူကိုကယ်တင်ပေးခဲ့သလို၊ ထိုလူရဲ့ရန်ကနေ ဘေးပတ်ဝန်ကျင်က

လူတွေကို ဘေးရန်ကင်းအောင်နတ်ဆိုနှင်ထုတ်ပေးခဲ့ပေးခဲ့တယ်၊ သို့သော်လဲး နတ်ဆိုးပေါင်းများစွာကို ဝက်တွေထဲးဝင်ဖို့

ခွင်ပြုပေးခဲ့တယ်၊ ဝက်တွေထဲးဝင်သွားကြတဲ့နတ်ဆိုးတွေကြောင့် ဝက်တွေဟာ ချောက်ကမ်းပါကနေခုန်ချသေဆုံးကုန်ကြ

တဲ့အတွက် သူတို့စီးပွားရေးထိခိုက်နစ်နာသွားကြတဲ့ရွာသားတွေက ၊နတ်ဆိုးနှင်ထုတ်ပေးပြီး ဘေးအန္တာရယ်ကင်းအောင်

လုပ်ပေးခဲ့တာကို မေ့‌လျှော့သွားကြပြီး သူတို့အကျိူးစီးပွားထိခိုက်ပျက်စီးတာကို သာ အဓိကထားခဲ့ကြတဲ့သူတွေက

သခင်ခရစ်တော်ကို သူတို့စီကနေ ထွက်ခွားသွားဖို့ တောင်းဆိုခဲ့ကြတယ်၊ တခါတလေမှာ ဘုရားက ကိုယ်ကောင်းကြိုး

အတွက် လုပ်ပေးတဲ့နေရာမှာ ကိုယ့်ဖက်က ပေးဆပ်မှု့ ဆုံးရုံးမှုဆိုတာ ကြုံရတပ်မယ်၊ ကိုယ့်အတွက် အန္တရယ်ဖြစ်မည့်အရာ

တွေ ဘုရားက ဖယ်ရှားပေးတဲ့အခါ ကို့မှာ ဆုံးရုံးမှု့ရှိလာရင် ကျေးဇူးမတင်ပဲး ဘုရားကို စွန်ပြစ်ကြတဲ့ရွာသားတွေလိုနေ

ထိုင်ကျင်ကျန်ကြသူတွေအများကြီးပါပဲ။ ပထမကျမ်းစားထဲးကလို ဘုရားအပေါ် ကြီးမားတဲ့ယုံကြည်ခြင်နဲ့၊ မိမိဘဝ

မှန်ကန်တဲ့လုပ်ရပ်ကြောင့် ဘုရားပေးထားတဲ့ကတိတော်တွေခံစားရသူတွေဖြစ်နိုင်ဖို့၊ ကိုယ့်ကောင်းကြိုးအတွက် ဘုရား

လုပ်ပေးတဲ့နေရာမှာ ပေးဆပ်အနစနာခံရမှုတွေကိူ ရက်ရောစွာပေးကမ်းနိုင်သးတွေဖြစ်ဖို့ကြိုးစားသွားကြပါစို့။

Add new comment

10 + 0 =